Pages

Wednesday, December 5, 2012

"ထိုးကြိတ်ခံရသော စိတ်မနှံ့သူ သေဆုံးမှုဖြင့် တပ်မတော်သား နှစ်ဦးအား အရေးယူ"

ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)၊ (၁၇) ရပ်ကွက်၌ တပ်မတော်သားနှစ်ဦးက စိတ်မနှံ့သူတစ်ဦးအား ဝိုင်းဝန်းထိုးကြိတ် ၍ သေဆုံးခဲ့သည်ဟုဆိုကာ ရပ်ကွက်အတွင်း နေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး ဒဂုံတောင်ရဲစခန်း၌ အမှုဖွင့် ထားကြောင်း သိရသည်။ဖြစ်စဉ်မှာ ၄င်းနေ့ ည ၁၁ နာရီမိနစ် ၄ဝ အချိန်၌ ဒဂုံတောင် (၁၇) ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် စိန်ပန်းမြိုင် လမ်းထိပ်ရှိ စက်ဘီးပြင် ဆိုင်အတွင်း လူတစ်ဦး ဒဏ်ရာများနှင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိ ရသည့်အတွက် ပတ်ဝန်းကျင်သို့ စုံစမ်းမေးမြန်းခဲ့ရာ သေဆုံးသူမှာ အသက် ၅ဝ နှစ်ခန့်အရွယ်ရှိ စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး ၄င်းအား ထိုးကြိတ်ခဲ့သည်ဟု ယူဆရသူ နှစ်ဦးမှာ ထွက်ပြေးသွားသည်ဟု သိရှိခဲ့ရကြောင်း၊ ထို့နောက် အနီးပတ်ဝန်းကျင်တွင် နေထိုင် သူများက ၄င်းတို့နှစ်ဦးအား ဝိုင်းဝန်း ဖမ်းဆီးကာ ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဆန်းဌေးက ပြောသည်။

''သေသွားတဲ့သူက စိတ်မနှံ့ ဘူး။ ဒီရပ်ကွက်မှာ ရောက်နေတာ တော့ ကြာပြီ။ သူ့ရဲ့ နာမည်ကို လည်း မသိဘူး။ အသက်ကတော့ ၅ဝ လောက် ရှိတယ်။ အဲဒီညမှာ သူက လမ်းဘေး စက်ဘီးပြင်ဆိုင် ထဲမှာရှိနေတုန်း စက်ဘီးပျောက်လို့ လိုက်ရှာတဲ့ လူနှစ်ယောက်နဲ့ တွေ့ပြီး စကားများရာကနေ သူကို ဝိုင်းထိုးကြတာပဲ။ အဲဒီ လူနှစ်ယောက်က ထွက်ပြေးတဲ့ အချိန်မှာ ရပ်ကွက်ထဲမှာ ဘောလုံးပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်တွေက ဝိုင်းဖမ်း လို့မိတာ'' ဟု ၄င်းက ပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ ဒဂုံတောင်ရဲစခန်းမှ (ပ) ၁၂၈၁/ ၁၂၊ ပုဒ်မ (၃ဝ၂) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၄င်းက ထပ်မံပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အဆိုပါ လူသတ် မှုနှင့် ပတ်သက် ၍ ပြစ်မှုကျူးလွန်သူဟု ယူဆရ သည့် စစ်သည်နှစ်ဦးအား လတ်တလော ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ၄င်းတို့မှာ တပ်ပြေးများ ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းလျက် ရှိကြောင်းသိရသည်။
ထိုသို့ စစ်ဆေး မေးမြန်းမှုများ ပြီးစီးသွားပါက ၄င်းတို့အား တပ်မတော်သို့ ပြန်လည်အပ်နှံ၍ စစ် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ထို့နောက်မှသာ ၄င်းတို့အား တရားရုံးသို့ တင်ပို့ကာ အရပ်ဘက်ဆိုင်ရာ ဥပဒေအရ ထပ်မံအရေးယူသွား မည်ဖြစ်ကြောင်း ရှင်းပြသည်။

သူရထွန်း၊ ရန်နိုင်
Popular Myanmar News:

0 comments:

Post a Comment