Pages

Wednesday, December 5, 2012

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး post by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ   အင်ဒီအေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် ကချင်ပြည်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၅) ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ် စစ်ကြောင်းများကို ကေအိုင်အေ များထင်မှတ်ကာ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များဖြင့် မှားယွင်းပစ်ခတ်ခဲ့ကြောင်း၊ ဤသို့ မှားယွင်းပစ်ခတ်မှုကြောင့် ဗမာအစိုးရ စစ်တပ်မှ စစ်ဗိုလ်တစ်ဦးနှင့် စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိကြောင်း ဆက်လက် သတင်းရရှိပါသည်။

 ဗမာအစိုးရစစ်တပ်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်အင်းအား အများအပြား ပို့ဆောင်ထားမှုကြောင့် မကြာခဏ အချင်းချင်းမှားယွင်း ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များအား ရည်ရွယ်ကာ လာရောက်ပစ်ခတ်ခြင်းဖြစ်သော်လည်း အချင်းချင်းပစ်ခတ်သွားပြီး ကေအိုင်အေမျိုးချစ်ရဲဘော်များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသောကြောင့် ကေအိုင်အေမျိုးချစ်ရဲဘော်များမှ ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းလျက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ အင်ဒီ
အေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် ကချင်ပြည်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၅) ဘက်သို့ ထိုးစစ်ဆင်
လာသော ဗမာအစိုးရစစ်တပ်စစ်ကြောင်းများကို ကေအိုင်အေ များထင်မှတ်ကာ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်
နက်များဖြင့် မှားယွင်းပစ်ခတ်ခဲ့ကြောင်း၊ ဤသို့ မှားယွင်းပစ်ခတ်မှုကြောင့် ဗမာအစိုးရ စစ်တပ်မှ စစ်ဗိုလ်တစ်ဦးနှင့် စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိကြောင်း ဆက်လက် သတင်းရရှိပါသည်။

ဗမာအစိုးရစစ်တပ်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်အင်းအား အများအပြား ပို့ဆောင်ထားမှုကြောင့် မကြာခဏ အချင်းချင်းမှားယွင်း ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။
 
 ကေအိုင်အေ မျိုးချစ်ရဲဘော်များအား ရည်ရွယ်ကာ လာရောက်ပစ်ခတ်ခြင်းဖြစ်သော်လည်း အချင်းချင်းပစ်ခတ်
သွားပြီး ကေအိုင်အေမျိုးချစ်ရဲဘော်များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသောကြောင့် ကေအိုင်အေ
မျိုးချစ်ရဲဘော်များမှ ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းလျက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။
 
 
ကချင်နေ့စဉ်

0 comments:

Post a Comment