Pages

Wednesday, December 5, 2012

မီးလောင် ဒဏ်ရာရ သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း

မီးလောင် ဒဏ်ရာရ သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း -

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 4 Dec, 2012

 လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။

မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ ဒုက္ခခံစားနေရသည်မှာ မိမိတို့လူမျိုးများဖြစ်နေ သကဲ့သို့ခံစားရကြောင်း အစ္စလာမ်ဘာသာဝင်များ စုပေါင်း၍ သံဃာတော်များအား အလှူငွေ ပေးအပ်ပွဲတွင်  ဦးသန်းညွန့်က ပြောကြားလိုက်သည်။

 မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းပေါ်ရှိ ဂဠုန်နီဆရာတော် ဦးကာဝိယ၏ ငွေငါးကျောင်း တိုက်တွင် ပြုလုပ်သော အလှူငွေပေးအပ်ပွဲတွင် ယခုကဲသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

``သံဃာတွေခုလိုမျိုးဒုက္ခတွေဖြစ်နေတော့ ၊ အစ္စလာမ်ဘာသာဝင်တွေက ကိုယ်ဖြစ်သလိုပဲ ခံစား ရပါတယ် ´´ ဟု ဦးသန်းညွန့်က ပြောသည်။

 ဆေးကုသမှုခံယူသေူသံဃာတော်များအား ဦးဆောင်ကူညီနေသူ ငွေငါးကျောင်းတိုက်မှ ဂဠုန်နီ ဆရာ တော် ဦးကာဝိရက ယခုကဲ့သို့ ဆိုသည်။

 `` တကယ်လိုအပ်တဲ့လူကိုပဲ တကယ်ကူညီမယ် မလိုအပ်သေးဘူးဆိုရင်တော့ ဦးဇင်းတို့ စောင့် ကြည့်မယ် ´´ ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သံဃာ (၉၈)ပါးနှင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၅)ဦးတက် ရောက်ကုသလျှက်ရှိသည်။

အဆိုပါငွေလှူဒါန်းမှုကို မန္တလေးမြို့ရှိ ဦးကာဝိရ ၊ ဦးဝိသုတ ၊ ဦးဇင်းဂျောင်းဂျောင်းနှင့် အခြား ဆရာတော် တစ်ပါး တက်ရောက်ခဲ့ပြီး မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ၊ လူမှုကူညီရေးအဖွဲ့များ တက်ရောက်ခဲ့သည်။

လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ
အတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။
မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ ဒုက္ခခံစားနေရသည်မှာ မိမိတို့လူမျိုးများဖြစ်နေ သကဲ့သို့ခံ
စားရကြောင်း အစ္စလာမ်ဘာသာဝင်များ စုပေါင်း၍ သံဃာတော်များအား အလှူငွေ ပေးအပ်ပွဲတွင် ဦးသန်းညွန့်
က ပြောကြားလိုက်သည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းပေါ်ရှိ ဂဠုန်နီဆရာတော် ဦးကာဝိယ၏ ငွေငါးကျောင်း တိုက်တွင် ပြု
လုပ်သော အလှူငွေပေးအပ်ပွဲတွင် ယခုကဲသို့ပြောကြားလိုက်ခြင်းဖြစ်သည်။သံဃာတွေခုလိုမျိုးဒုက္ခတွေဖြစ်နေ
aတာ့ ၊ အစ္စလာမ်ဘာသာဝင်တွေက ကိုယ်ဖြစ်သလိုပဲ ခံစား ရပါတယ် ´´ ဟု ဦးသန်းညွန့်က ပြောသည်။

ဆေးကုသမှုခံယူသေူသံဃာတော်များအား ဦးဆောင်ကူညီနေသူ ငွေငါးကျောင်းတိုက်မှ ဂဠုန်နီ ဆရာ တော် ဦး
ကာဝိရက ယခုကဲ့သို့ ဆိုသည်။တကယ်လိုအပ်တဲ့လူကိုပဲ တကယ်ကူညီမယ်မလိုအပ်သေးဘူးဆိုရင်တော့ ဦးဇင်း
တို့ စောင့် ကြည့်မယ် ´´ ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သံဃာ (၉၈)ပါးနှင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၅)ဦးတက် ရောက်ကုသ
လျှက်ရှိသည်။

အဆိုပါငွေလှူဒါန်းမှုကို မန္တလေးမြို့ရှိ ဦးကာဝိရ ၊ ဦးဝိသုတ ၊ ဦးဇင်းဂျောင်းဂျောင်းနှင့် အခြား ဆရာတော် တစ်ပါး တက်ရောက်ခဲ့ပြီး မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ၊ လူမှုကူညီရေးအဖွဲ့များ တက်ရောက်ခဲ့သည်။
 

မင်းမင်းလတ်-
မန္တလေး(မြစ်မခ)

0 comments:

Post a Comment