Pages

Wednesday, December 5, 2012

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 5 Dec, 2012

 လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင်  သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်၊ (၄) ရက်နေ့၌ တာမွေဗလီအနီးတွင် လူဦးရေ(၄)ယောက်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား ခဲ့ပြီး၊ ရေကျော်၌ ကိုတိုးကျော်လှိုင်က ဆိုက်ကားပေါ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တာမွေဆန္ဒထုတ်ဖော်သူများတွင် ကိုထင်ကျော်နှင့်ကိုငြိမ်းချမ်းအပါအ၀င် (၅)ဦး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့ကလည်း ကြေးနီစီမံကိန်း ရပ်တန့်ရန် ပြည်သူများ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး ၎င်းဆန္ဒထုတ်ဖော် သူထဲမှ (၆) ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထို့သို့ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနေခဲ့သော်လည်း ပြည်သူများက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံမှာတော့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဟာ မိမိရဲ့ မကျေနပ်မှုကို မကျေနပ်ဘူးဆိုတာကို ပြောဆိုပိုင်ခွင့်ရှိတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချ တာပဲ။”ဟု နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူမှုနှင့် သံဃာတော်များအား ဆေးဝါးများလုံလောက်စွာ မကုသပေးခြင်းများကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရသည်။

“ဒီလိုဖမ်းဆီးမှုတွေက မကောင်းပါဘူး။ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လက်ရှိသံဃာတော်တွေကို လုံလောက်စွာ ဆေးကုသမှု မပေးသေးဘူး။ ဒါတွေကိုကျွန်တော်ပြောချင်ပါတယ်။ ဒါတွေကိုတာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်းပေးပါ လို့ပြောချင်ပါတယ်။”ဟု ကိုငြိမ်းချမ်းက ဆက်ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖြစ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးမျိုး ဖြစ်လျှင် လက်ခံနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း  ကိုငြိမ်းချမ်းက ဆိုသည်။

လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်
ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။ အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်
ဘာလ (၁) ရက်နေ့များတွင် သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်
၊ (၄) ရက်နေ့၌ တာမွေဗလီအနီးတွင် လူဦးရေ(၄)ယောက်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား ခဲ့ပြီး၊ ရေကျော်၌ ကိုတိုးကျော်လှိုင်က ဆိုက်ကားပေါ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တာမွေဆန္ဒထုတ်ဖော်သူများတွင် ကိုထင်ကျော်နှင့်ကိုငြိမ်းချမ်းအပါအ၀င် (၅)ဦး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့ကလည်း ကြေးနီစီမံကိန်း ရပ်တန့်ရန် ပြည်သူများ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး ၎င်းဆန္ဒထုတ်ဖော် သူထဲမှ (၆) ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ ဒီဇင်ဘာလ(၂) ရက်နေ့တွင်ကိုမိုးသွေးနှင့်ကိုအောင်
စိုးတို့ကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထို့သို့ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနေခဲ့သော်လည်း ပြည်သူများက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံမှာတော့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဟာ မိမိရဲ့ မကျေနပ်မှုကို မကျေ
နပ်ဘူးဆိုတာကို ပြောဆိုပိုင်ခွင့်ရှိတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချ တာပဲ။”ဟု နိုင်ငံရေးအကျဉ်း သား
ဟောင်းတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများအားဖမ်းဆီးအရေးယူမှုနှင့်သံဃာတော်များအား ဆေးဝါးများလုံလောက်စွာမကုသပေးခြင်း
များကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရသည်။

“ဒီလိုဖမ်းဆီးမှုတွေက မကောင်းပါဘူး။ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လက်ရှိသံဃာတော်တွေကို လုံလောက်
စွာ ဆေးကုသမှု မပေးသေးဘူး။ ဒါတွေကိုကျွန်တော်ပြောချင်ပါတယ်။ ဒါတွေကိုတာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်း
ပေးပါ လို့ပြောချင်ပါတယ်။”ဟု ကိုငြိမ်းချမ်းက ဆက်ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖြစ်သင့်
ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးမျိုး ဖြစ်လျှင် လက်ခံနိုင်မည်
မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်းက ဆိုသည်။
 
 
 

ထက်အောင်ခန့်
 
 (မြစ်မခ)

0 comments:

Post a Comment