Pages

Wednesday, December 4, 2013

ဆီးရီးယား ပဋိပက္ခအတွင်း သေဆုံးသူ စုစုပေါင်း ၁၂၆,ဝဝဝ နီးပါးရှိလာ

Photo: ဆီးရီးယား ပဋိပက္ခအတွင်း သေဆုံးသူ စုစုပေါင်း ၁၂၆,ဝဝဝ နီးပါးရှိလာ
Wednesday, December 4, 2013

ဆီးရီးယား ပဋိပက္ခအတွင်း အနည်းဆုံး ၁၂၅,၈၃၅ ဦးသေဆုံးခဲ့ ပြီး သေဆုံးသူများ အနက် ၃ ပုံ ၁ ပုံ မှာ ဆီးရီးယား ပြည်သူများ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က APA သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ပဋိပက္ခသည် ဆယ်စုနှစ် ၄ စုကြာ ဆီးရီးယား နိုင်ငံကို အုပ်ချုပ်ခဲ့သော အာဆတ် မိသားစုကို ငြိမ်းချမ်းစွာ ဆန္ဒပြရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အပြင်းအထန် နှိမ်နင်းမှုကြောင့် လက်နက်ကိုင် သောင်းကျန်းမှု အသွင်သို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား ပဋိပက္ခ အတွင်း ပြည်ပ တိုက်ခိုက်ရေး သမားများ သို့မဟုတ် အမည်မသိ တိုက်ပွဲဝင် စစ်သည်များကဲ့သို့ အမျိုးအမည် မခွဲခြားနိုင်သော တိုက်ခိုက်ရေးသမား ၆ဝဝဝ ကျော် အပါအဝင် အာဆတ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် သူပုန် အနည်းဆုံး ၂၇,၇၄၆ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင် များနှင့် အာဆတ် အစိုးရအား ထောက်ခံသော ဒေသတွင်းစစ် သွေးကြွများ စုစုပေါင်း ၅ဝ,၄၃ဝ ဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူ အရေအတွက်သည် ပို၍ တိုးမြင့် လာနိုင်ကြောင်း စောင့်ကြည့် လေ့ လာရေး အဖွဲ့အကြီးအကဲ Rami Abdelrahman ကပြောကြားခဲ့ သည်ဟု သိရသည်။

မြ၀တီ

RangonNewsDaily:: December . 4 .2013
ဆီးရီးယား ပဋိပက္ခအတွင်း အနည်းဆုံး ၁၂၅,၈၃၅ ဦးသေဆုံးခဲ့ ပြီး သေဆုံးသူများ အနက် ၃ ပုံ ၁ ပုံ မှာ ဆီး
ရီးယား ပြည်သူများ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်
ကြည့် လေ့လာရေးအဖွဲ့ကAPAသတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက် အင်တာနက် သတင်း
တစ်ရပ် အရ သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် သူ့ဦးလေးကို ရာထူးကဖယ်ရှား

Photo: မြောက်ကိုရီးယားခေါင်းဆောင် သူ့ဦးလေးကို ရာထူးကဖယ်ရှား
Wednesday, December 04, 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ကော်မရှင်ထဲက အရှိန်အ၀ါကြီးတဲ့ သူ့ဦးလေးကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့ အတူ ကွန်မြူနစ် နိုင်ငံထဲမှာ အာဏာလွန်ဆွဲပွဲတွေ ပေါ်ပေါက်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ကော်မရှင်ဒုဥက္ကဋ္ဌ ဂျန်ဆောင်တိတ် (Jang Song Thaek ဟာ ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ ယောက်ဖ ဖြစ်တာကြောင့် ကင်ဂျုံအန်းရဲ့ ဦးလေးတော်စပ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ကင်ဂျုံအီ ကွယ်လွန်သွားတဲ့အခါမှာ ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးတဲ့ ကင်ဂျုံအန်းကို ရာထူးဆက်ခံနိုင်ဖို့ စီစဉ်ခဲ့သူအဖြစ်လည်း သတ်မှတ်ကြပါတယ်။

“တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က အစီရင်ခံတဲ့အတိုင်းဆိုရင် ဂျန်ဆောင်တိတ်ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီ” လို့ တောင်ကိုရီးယား အဆင့်မြင့်အရာရှိလည်း ဖြစ်တဲ့ လွှတ်တော်အမတ် ဂျုံချွန်ရေးက ဆိုးလ်လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဂျန်ဆောင်တိတ်ရဲ့ လက်ထောက် ၂ ယောက်ကို အဂတိလိုက်စားမှုနဲ့ ကွပ်မျက်လိုက်ပြီးတဲ့နောက်မှာ ဂျန်ဆောင်တိတ်လည်း လူမြင်ကွင်းကနေ ပျောက်နေတယ်”လို့ ဂျုံချွန်ရေးက ဆက်ပြောပါတယ်။

“မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူတယောက်ရဲ့ ခန့်မှန်းချက်အရ ဆိုရင် မြောက်ကိုရီးယားစစ်တပ်မှာ နိုင်ငံရေးဌာန အကြီးအကဲ ချိုရိုင်ဟေးနဲ့ အာဏာလွန်ဆွဲပွဲမှာ ရှုံးနိမ့်သွားပုံရတယ်” လို့လည်း ဂျုံချွန်ရေးက ပြောပါတယ်။

အင်အား ၁ သန်း ၂ သောင်းတဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့ နိုင်ငံရေးဌာနကို ကိုင်ထားတဲ့ ချိုရိုင်ဟေးနဲ့ ကင်ဂျုံအန်းတို့ကို လူမြင်ကွင်းမှာ တွေ့ရတာ များပါတယ်။

မြောက်ကိုရီးယားပိုင် ကေစီအန်အေသတင်းဌာနကတော့ ဂျန်ဆောင်တိတ်ရဲ့ သတင်းကို မထုတ်လွှင့်သေးပါဘူး။

စီးပွားရေးပြုပြင်ပြောင်းပြောင်းရေးကို လိုလားသူအဖြစ်လည်း သတ်မှတ်ခံရတဲ့ ဂျန်ဆောင်တိတ်ဟာ ကင်ဂျုံအီလက်ထက် ၂၀၀၄ ခုနှစ်မှာလည်း အာဏာလွန်ဆွဲပွဲအတွင်းမှာ ရှုံးနိမ့်ပြီး ရာထူးကနေ ၂ နှစ်ကြာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

မြောက်ကိုရီးယားအရေးကို ကျွမ်းကျင်သူတွေကတော့ ဂျန်ဆောင်တိတ်ကို ရာထူးကနေ ဖယ်ရှားဖို့ဆိုရင် ကင်ဂျုံအန်းရဲ့ အတည်ပြုချက်မလိုဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

ဦးလေးတော်သူကို ရာထူးကနေ ဖယ်ရှားလိုက်တာကို ကြည့်ရင် ကင်ဂျုံအန်းဟာ သူ့အာဏာကို တည်ဆောက်တဲ့နေရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်တဲ့ လက္ခဏာအဖြစ် မြောက်ကိုရီးယားအရေး  ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

DVB TV News

RangonNewsDaily:: December . 4 .2013
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ကော်မရှင်ထဲက အရှိန်အ၀ါကြီးတဲ့ သူ့ဦးလေးကို ရာထူး
ကနေ ဖယ်ရှားလိုက်တဲ့သတင်းတွေထွက်ပေါ်လာတာနဲ့အတူ ကွန်မြူနစ် နိုင်ငံထဲမှာ အာဏာလွန်ဆွဲပွဲတွေ
 ပေါ်ပေါက်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ကျောင်းသားခေါင်းဆောင် စည်သူမောင် ကျောင်းတက်ခွင့် ပြန်ရပြီ

Photo: ကျောင်းသားခေါင်းဆောင် စည်သူမောင် ကျောင်းတက်ခွင့် ပြန်ရပြီ
Wednesday, December 04, 2013 

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုစည်သူမောင်ကို အစိုးရက ကျောင်းပြန်တက်ခွင့်ပြုလိုက်သည်။ 

“ကျွန်တော် စီးပွားရေးတက္ကသိုလ်ရောက်တော့ မော်ကွန်းထိန်းနဲ့ ၀င်တွေ့ရတယ်။ ၀င်တွေ့ပြီးမှ မော်ကွန်းထိန်းက ကျောင်းသားရေးရာကို သွားပြီး ကျောင်းအပ်နိုင်ပြီလို့ ပြောတယ်။ 
ကျွန်တော် အခု ကျောင်းအပ်ဖို့ ဖောင်ဖြည့်နေပါပြီ” ဟု ကိုစည်သူမောင်က ပြောသည်။ 

ကျောင်းပြန်တက်ခွင့်ရသည့်အကြောင်းကို  သမ္မတရုံး ၀န်ကြီးဦးအောင်မင်း၏ ရုံးမှတဆင့် သိရှိခဲ့ရခြင်းဖြစ်သည်ဟု   ကိုစည်သူမောင်က ပြောသည်။ 

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုစည်သူမောင်သည်  အထိန်းသိမ်းမခံရစဉ်က စာရင်းအင်းပညာသင်ယူနေသည့် တတိယနှစ်ကျောင်းသားတဦးဖြစ်သည်။

၂၀၀၇   ရွှေဝါရောင်တော်လှန်ရေးကာလတွင် အထိန်းသိမ်းခံရပြီး  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ 

ကိုစည်သူမောင်နည်းတူ နိုင်ငံရေးလှုပ်ရှားမှုနှင့် ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကိုဇင်လင်းအောင်တို့မှာ ပြီးခဲ့သည့် သြဂုတ်လက ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

The Irrawaddy (Burmese Version)

RangonNewsDaily:: December . 4 .2013
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကို
စည်သူမောင်ကို အစိုးရက ကျောင်းပြန်တက်ခွင့်ပြုလိုက်သည်။

တပ်မတော်သည် “ပြည်ထောင်စု တပ်မတော်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို

Photo: တပ်မတော်သည် “ပြည်ထောင်စု တပ်မတော်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို
Wednesday, December 4, 2013

လက်ရှိ “တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံးပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်” ဖြစ်ကြောင်း ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုကြောင်း ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ယခုရက်ပိုင်း သွားရောက်နေသည့် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည် များကို ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်သည် တိုင်းရင်းသားများက ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး တောင်း ဆိုနေချိန်နှင့် တိုက်ဆိုင်နေသည်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် ကချင်လွတ်လပ်ရေး တပ်မတော် အပါအ၀င် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလက မြစ်ကြီးနားမြို့မှာ ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာကတည်းက တောင်းဆိုနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း UNFC အတွင်းရေးမှူး နိုင်ဟံသာနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံခဲ့သည်။

ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးနှင့် ပတ်သက်၍  ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့်အတွက် အားလုံးပါဝင်သည့် တပ်မတော်ရှိရမည်ဖြစ်ကြောင်း၊ ထိုအတွက် တပ်မတော်တရပ်ဖြစ်လာရေး ၀ိုင်းဝန်းဆွေးနွေးရမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

“မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက သိပ်ကြီးပါတယ်၊ လွတ်လပ်ရေးကို စပြီး တိုက်ခိုက်တဲ့ အချိန်ကတည်းကပါခဲ့တဲ့ တပ်မတော် သမိုင်းကြောင်းကို ဖျောက်လို့မရပါဘူး၊ ပုံစံအနေနဲ့ ဖွဲ့စည်းပုံတွေ ကွဲပြားသွားပေမယ့် ဒီလက်ရှိ ရှိပြီးသား တပ်မတော်ကို ဖျက်ဆီးဖို့ မဟုတ်ပါဘူး၊ ဒီအပေါ်မှာ ဘယ်လို ပြုပြင်မလဲ၊ ဘယ်လိုပါဝင်မလဲဆိုတာကသာ အဓိကကျပါတယ် ”ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

တပ်မတော်တွင် ဘာသာကွဲ တိုင်းရင်းသားများကို အဆင့်မြင့်ရာထူးများ မပေးဘဲ ခွဲခြားကန့်သတ်မှုများရှိသည်ဟုလည်း တိုင်းရင်းသားများက ဝေဖန်နေကြသေးသည်။

လက်ရှိ အနေအထားအရ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ ၀ပြည်သွေးစည်းညီညွတ်ရေး(UWSA)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တို့သည် အဓိက လက်နက်ကိုင် အဖွဲ့များဖြစ်သည်။

သို့သော် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မည်သို့ မည်ပုံ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးတွင် ပူးပေါင်း ပါဝင်မည် ဆိုသည်အချက်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၇)၌ တပ်မတော်အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အပိုဒ် ၃၄၀ တွင် တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသဘောတူညီချက် ဖြင့်  နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ပြည်သူတရပ်  လုံးပါဝင်ရေး စီမံဆောင်ရွက်ခွင့်ရှိသည် ဟု ပါရှိသည်။

၂၀၁၂ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – Reuters)
ဧရာဝတီ
၂၀၁၂ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – Reuters)
RangonNewsDaily:: December . 4 .2013
လက်ရှိ “တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံးပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်
” ဖြစ်ကြောင်း ကာကွယ် ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုကြောင်းယမန်နေ့ထုတ်အစိုး
ရသတင်းစာများတွင် ဖော်ပြထားသည်။

ဆီးဂိမ်း ရိုးရာခြင်းလုံး(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအမျိုးသား ခြင်းလုံးအသင်း ဗိုလ်စွဲ

Photo: ဆီးဂိမ်း ရိုးရာခြင်းလုံး(အမျိုးသား) ပြိုင်ပွဲတွင်
မြန်မာအမျိုးသား ခြင်းလုံးအသင်း ဗိုလ်စွဲ
Wednesday, December 4, 2013

ယနေ့နေပြည်တော်တွင်ကျင်းပနေသော ရိုးရာခြင်းလုံး(အမျိုးသား) ပြိုင်ပွဲတွင်
မြန်မာအမျိုးသား ခြင်းလုံးအသင်းသည် ရမှတ် ၆၆၀ မှတ်ဖြင့် ရွှေတံဆိပ်ရရှိဗိုလ်စွဲသွားပြီဖြစ်သည်။
ထိုင်းအမျိုးသားခြင်းလုံးအသင်းမှာ၄၀၄ မှတ်ရရှိသည်။
အမျိုးသားခြင်းလုံးပြိုင်ပွဲ ပထမအကျော့ တွင်
မြန်မာ အသင်းက ၂၁၀ မှတ့်နှင့်
ထိုင်းအသင်းက ၁၃၄ မှတ်ရရှိထားသည်။
မြန်မာအမျိုးသား ခြင်းလုံးအသင်းသည်
ဒုတိယအကျော့( ၂၂၂)မှတ်၊ စုစုပေါင်းရမှတ် ( ၄၃၂)မှတ်
ထိုင်းအမျိုးသား ခြင်းလုံးအသင်းသည်
ဒုတိယအကျော့(၁၃၈)မှတ်၊ စုစုပေါင်းရမှတ် ( ၂၇၂) မှတ်ရရှိထားသည်။
ခြင်းလုံးခတ်ကစားချိန် ပွဲငယ်တစ်ပွဲလျင် ၁၀မိနစ်ဖြစ်သည်။

Popular Myanmar News Journal

RangonNewsDaily:: December . 4 .2013
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ရိုးရာခြင်းလုံး(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအမျိုးသား ခြင်းလုံးအ
သင်းသည် ရမှတ် ၆၆၀ မှတ်ဖြင့် ရွှေတံဆိပ်ရရှိဗိုလ်စွဲသွားပြီဖြစ်သည်။ထိုင်းအမျိုးသားခြင်းလုံးအသင်းမှာ
၄၀၄ မှတ်ရရှိသည်။

ဆီးဂိမ်းပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကျပ်ငွေ ၂ ဘီလီယံခွဲ သုံးမည်

Photo: ဆီးဂိမ်းပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကျပ်ငွေ ၂ ဘီလီယံခွဲ သုံးမည်
Tuesday, December 03, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆီးဂိမ်းပြိုင်ပွဲ အဆင့်ဆင့်အတွက် ကျပ်ငွေ သန်း ၁၇၀၀ နီးပါး သုံးစွဲခဲ့ပြီး ဆီးဂိမ်း ပြီးတဲ့အထိ စုစုပေါင်း ကျပ်ငွေ နှစ်ဘီလီယံခွဲ အသုံးပြုမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအထဲမှာ အမျိုးသားအသင်းအတွက် ကျပ်ငွေ သန်း ၈၀၀၊ အမျိုးသမီးအသင်းအတွက် ကျပ်ငွေ သန်း ၈၄၀၊ ဖူဆယ်ဘောလုံးအသင်းအတွက် ကျပ်ငွေ သန်း ၂၀၀ လောက် သုံးထားပြီးဖြစ်တယ်လို့ သူက ပြောပြပါတယ်။

ဒီငွေတွေဟာ ဘောလုံးအသင်းတွေအနေနဲ့ အဝေးကွင်း သွားကန်တာ၊ အိမ်ကွင်းမှာလက်ခံ ကျင်းပတာတွေ အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၃ ခုနှစ် ဘတ်ဂျက်နှစ်မှာ ငွေကျပ် ၃ ဘီလီယံကျော်
အကုန်အကျခံ သုံးစွဲခဲ့ပြီး ဖြစ်တယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

DVB TV News

RangonNewsDaily:: December . 4 .2013
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆီးဂိမ်းပြိုင်ပွဲ အဆင့်ဆင့်အတွက် ကျပ်ငွေ သန်း ၁၇၀၀ နီးပါး သုံးစွဲခဲ့ပြီး ဆီးဂိမ်း ပြီးတဲ့အထိ စုစုပေါင်း ကျပ်ငွေ နှစ်ဘီလီယံခွဲ အသုံးပြုမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၁၂၀၀ ကျော်မှ ဆိုင်ကယ်စီးရေ ၃၁၀၊ မီးတန်းယာဉ် ၇၂ စီးတို့ဖြင့် လမ်းကြောင်း ရှင်းလင်းရေးနှင့် ဧည့်ကြိုပို့ရေး လုပ်ဆောင်မည်

Photo: ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၁၂၀၀ ကျော်မှ ဆိုင်ကယ်စီးရေ ၃၁၀၊ မီးတန်းယာဉ် ၇၂ စီးတို့ဖြင့် လမ်းကြောင်း ရှင်းလင်းရေးနှင့် ဧည့်ကြိုပို့ရေး လုပ်ဆောင်မည်
Tuesday, December 03, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အား ၁၂၀၀ ကျော်မှ မော်တော်ဆိုင်ကယ် အစီးရေ ၃၁၀ စီး၊ မီးတန်းယာဉ် ၇၂ စီးတို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် လမ်းကြောင်းရှင်းလင်းရေး၊ ဧည်ကြိုပို့ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်ဇုန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၅၀၀ နီးပါး၊ မော်တော်ဆိုင်ကယ် ၂၀၀ ကျော်နှင့် မီးတန်းယာဉ် ၄၀ ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်ဇုန်တွင် တပ်ဖွဲ့ဝင် ၃၀၀ ကျော်၊ မော်တော်ဆိုင်ကယ် ၄၈ စီးနှင့် မီးတန်းယာဉ် ၂၀ စီး၊ မန္တလေးဇုန်တွင် တပ်ဖွဲ့ဝင် ၂၇၀ ကျော် မော်တော်ဆိုင်ကယ် ၄၈ စီး၊ မီးတန်းယာဉ် ရှစ်စီးနှင့် ငွေဆောင်-ပုသိမ် ဇုန်တို့တွင် တပ်ဖွဲ့ဝင် ၅၄ ဦး၊ မီးတန်းယာဉ်လေးစီး၊ မော်တော်ဆိုင်ကယ် ၁၄ စီးတို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးထံမှ သိရသည်။

''ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားမှာ လမ်းကြောင်း ရှင်းလင်းမယ်။ နိုင်ငံခြားဧည့်သည်တွေကို ကြိုပို့မယ်။ ကစားသမားတွေပြိုင်ပွဲ ယှဉ်ပြိုင်မယ့် နေရာတွေကို သွားတဲ့အခါမှာ ပို့/ကြို လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။ ဒီမှာအသုံးပြုတဲ့ တပ်ဖွဲ့ဝင်တွေကလည်း ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် သီးသန့်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ ဇုန်လေး ဇုန်မှာလည်း မူလလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေကို ပုံမှန်အတိုင်း ထားရှိထားပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အသုံးပြုသွားမည့် မော်တော်ဆိုင်ကယ် အစီး ၁၀၀ ကို ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ပြီး အစီး ၁၅၀ ကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ၀ယ်ယူထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven Media Group

RangonNewsDaily:: December . 4 .2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့
ဝင် အင်အား ၁၂၀၀ ကျော်မှ မော်တော်ဆိုင်ကယ် အစီးရေ ၃၁၀ စီး၊ မီးတန်းယာဉ် ၇၂ စီးတို့ကို အသုံးပြု
သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်
ထွေးက ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

SEA Games အတွက် ကန်ဒေါ်လာ ၃၆ သန်းကျော် တရုတ်ထောက်ပံ့ထား ဟုဆို

Photo: SEA Games အတွက် ကန်ဒေါ်လာ ၃၆ သန်းကျော် တရုတ်ထောက်ပံ့ထား ဟုဆို
Wednesday, December 4, 2013

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ် ၂၂၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄၄ သန်း ကျော်) အကုန်အကျခံကာ ထောက်ပံ့ပေး ထားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Yang Houlan က ပြောကြားသည်။

တရုတ်အစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့ကြား (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် ပူးပေါင်းကူညီ ဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၁၂ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SEA Games ပြိုင်ပွဲအတွက် အပိုင်းလေးပိုင်းကို အဓိက ကူညီဆောင်ရွက် ခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

ယင်းအပိုင်းလေးပိုင်းမှာ SEA Games ဖွင့်ပွဲပိတ်ပွဲ ပြင်ဆင်မှု၊ စီမံခန့်ခွဲမှု နည်းပညာဆိုင်ရာ ပူးပေါင်း ကူညီမှု၊ မြန်မာနိုင်ငံမှ ကစားသမားများကို ဖိတ်ခေါ်၍ ပူးတွဲလေ့ကျင့်မှု၊ နည်းပြများကို မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းနှင့် အားကစားပစ္စည်း အသုံးအဆောင်များ ထောက်ပံ့ပေးထားမှု ဟူသည့် အပိုင်းလေးပိုင်းကို အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ ထောက်ပံ့ကူညီမှုမှာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ထောက်ပံ့မှုတစ်ခု ဖြစ်ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြားဆက်ဆံရေး ညွန်ကြားရေးမှူးချုပ် မစ္စတာဝမ်စစ်ဝမ်က ရှင်းလင်း ပြောကြားသည်။

တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုတွင် SEA Games ပြိုင်ပွဲပြသမည့် LED ဘုတ်များ၊ ဖွင့်ပွဲပိတ်ပွဲ အတွက် မီးစနစ်နှင့် အသံစနစ်၊ ပရိုဂျက်တာများ မီးရှူးမီးပန်း များတွင် အဓိကထား သုံးစွဲခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ပြောသည်။

SEA Games ပြိုင်ပွဲအတွက် အထောက်အကူ ဖြစ်စေရန် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ၊ နည်းပြ၊ အင်ဂျင်နီယာအကူ၊ အလုပ်သမား စုစုပေါင်း ၇၀၀ ခန့်ကို စေလွှတ်ပေးထားကြောင်း၊ ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြားဆက်ဆံရေး ညွန်ကြားရေးမှူးချုပ် မစ်စတာဝမ်စီဝမ်က ဖြည့်စွက် ပြောကြားသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ခြင်းမှာ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မြဲလာစေရေးနှင့် အခြားကဏ္ဍ များတွင်လည်း ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

The Voice Weekly

RangonNewsDaily:: December . 4 .2013
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ် ၂၂၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄၄ သန်း ကျော်) အကုန်အကျခံကာ ထောက်ပံ့ပေး ထားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Yang Houlan က ပြောကြားသည်။

အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် မက်ဆီ

Photo: အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် မက်ဆီ
Wednesday, December 4, 2013

အာဂျင်တီးနား လက်ရွေးစင် အနေဖြင့် ယခုနှစ်ကုန်ပိုင်းထိ ဘောလုံးကစားနိုင်ဖွယ် မရှိသေးဟု စပိန်လာလီဂါ ချန်ပီယံ အသင်းကြီးက ဝန်ခံထားခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်သွားကာ ဆေးဝါးကုသမှု ခံယူနေရ

အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် မက်ဆီ
ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီသည် ပေါင်ဒဏ်ရာမှ သက်သာလာပြီးနောက် အာဂျင်တီးနားတွင် အပေါ့စား လေ့ကျင့်မှုများ ပြန်လည် စတင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အာဂျင်တီးနား လက်ရွေးစင် အနေဖြင့် ယခုနှစ်ကုန်ပိုင်းထိ ဘောလုံးကစားနိုင်ဖွယ် မရှိသေးဟု စပိန်လာလီဂါ ချန်ပီယံ အသင်းကြီးက ဝန်ခံထားခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်သွားကာ ဆေးဝါးကုသမှု ခံယူနေရသည်။ လတ်တလောတွင်မူ မက်ဆီ၏ ဒဏ်ရာအခြေအနေ တစ်စထက်တစ်စ သက်သာ တိုးတက်လာသည့်အတွက် ဗျူနိုအေးရီးစ်မြို့ရှိ အာဂျင်တီးနား လက်ရွေးစင် အသင်း၏ လေ့ကျင့်ရေးကွင်းတွင် စတင်လေ့ကျင့်နေခြင်း ဖြစ်သည်။ မက်ဆီသည် ရီးယဲလ်ဘီတစ်ကို (၄-၁)ဖြင့် အနိုင်ရသည့် နိုဝင်ဘာလ (၁၀)ရက်နေ့၊ လာလီဂါ ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာက မက်ဆီအနေဖြင့် ဇန်နဝါရီလထိ ပြန်ကစားနိုင်ဖွယ် မရှိသေးဟု ခန့်မှန်းထားသည်။ လက်ရှိတွင်မူ မက်ဆီသည် ဒဏ်ရာ အကင်းသေစ ပြုလာသည့်နောက် ဒုတိယအဆင့် တက်လှမ်းမှုအဖြစ် အပေါ့စား လေ့ကျင့်မှုများကို စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။ ၎င်းသည် အပြေးလေ့ကျင့်ခန်းအချို့ အပါအဝင် သီးခြားစီစဉ် သတ်မှတ်ထားသည့် လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။ မက်ဆီအနေဖြင့်မူ အပြည့်အဝ ပြန်လည်ကြံ့ခိုင်မှုကို မြန်နိုင်သမျှမြန်မြန် တည်ဆောက်နိုင်ရန် မျှော်လင့်နေသည်။ ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်က အာဂျင်တီးနားတွင် ဆေးဝါးကုသမှု ခံယူနေသည့် မက်ဆီ၏ အခြေအနေ တိုးတက်မှုသည် မျှော်မှန်းသည်ထက် ကောင်းမွန်နေကြောင်း ပရိသတ်များအား အသိပေး ကြေညာခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: December . 4 .2013
အာဂျင်တီးနားတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့်မက်ဆီဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်လ်မက်
ဆီသည် ပေါင်ဒဏ်ရာမှ သက်သာလာပြီးနောက် အာဂျင်တီးနားတွင် အပေါ့စား လေ့ကျင့်မှုများ ပြန်လည် စ
တင်လာနိုင်ခဲ့ပြီ ဖြစ်သည်။

နယူးယော့ခ် ရထားတိမ်းမှောက်မှုတွင် အင်ဂျင်နီယာကို အဓိကစစ်ဆေးနေ

Photo: နယူးယော့ခ် ရထားတိမ်းမှောက်မှုတွင် အင်ဂျင်နီယာကို အဓိကစစ်ဆေးနေ
Wednesday, December 4, 2013

လူ(၄)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ရထားမောင်းသူ အနေဖြင့် အရက်သေစာ သောက်စားထားကြောင်း သတင်းများကို ရဲတပ်ဖွဲ့က ပယ်ချခဲ့သလို ရထား၏ ဘရိတ်စနစ်တွင် ချွတ်ယွင်းချက် မရှိခဲ့ဟုလည်း ဆိုသည်

နယူးယော့ခ် ရထားတိမ်းမှောက်မှုတွင် အင်ဂျင်နီယာကို အဓိကစစ်ဆေးနေ
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သည့် ရထားလမ်းချော် တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး အင်ဂျင်နီယာ၏ လုပ်ဆောင်ပုံများကို အဓိကထား စစ်ဆေးနေကြောင်း သိရှိရသည်။ လူ(၄)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ရထားမောင်းသူ အနေဖြင့် အရက်သေစာ သောက်စားထားကြောင်း သတင်းများကို ရဲတပ်ဖွဲ့က ပယ်ချခဲ့သလို ရထား၏ ဘရိတ်စနစ်တွင် ချွတ်ယွင်းချက် မရှိခဲ့ဟုလည်း ဆိုသည်။ အဆိုပါ အခြေအနေများကြောင့် ရထား၏ အင်ဂျင်နီယာ အနေဖြင့် မည်သို့ ချဉ်းကပ်ကိုင်တွယ်ခဲ့သည်ကို ဇောက်ချ စစ်ဆေးနေခြင်း ဖြစ်သည်။

တွေ့ရှိထားသည့် သဲလွန်စများက ရထားတိမ်းမှောက်သွားမှုတွင် လူသားများ၏ ဆုံးဖြတ်ချက် အမှားများ ပါဝင်နေသည်ဟု ယူဆစေရန် ညွှန်ပြလျှက်ရှိသည်။ လက်ရှိစမ်းသပ်ထားမှုများအရ အင်ဂျင်နီယာ ဝီလီရော့ခ်ဖယ်လာရော၊ ၎င်း၏ လက်ထောက်(၃)ဦးလုံးပါ တာဝန်ချိန်တွင် အရက်သောက်ထားခြင်း မရှိဟု အတည်ပြုချက် ရရှိထားကြောင်း အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့မှ အားလ်ဝီနာက ပြောကြားခဲ့သည်။ သို့သော်လည်း ရော့ခ်ဖယ်လာကို သီးခြား စစ်ဆေးနေမှု အချက်အလက်များကို မီဒီယာများထံ ထုတ်ပြန်ပြောဆိုရန်မူ ၎င်းက ငြင်းဆိုထားသည်။

သို့သော်လည်း အခြား တာဝန်ရှိသူ တစ်ဦးက ရော့ခ်ဖယ်လာ အနေဖြင့် ရထားတိမ်းမှောက်မှု မဖြစ်မီတွင် မိမိအနေဖြင့် သတိလက်လွတ် အခြေအနေ ရှိခဲ့သည်ကို ဝန်ခံထားကြောင်းမူ ပြောဆိုခဲ့သည်။ ရထားသည် လမ်းကြောင်းချော် တိမ်းမှောက်သည့် နေရာတွင် တစ်နာရီ မိုင်(၃၀)မျှနှုန်းဖြင့် ခုတ်မောင်းသင့်သော်လည်း တစ်နာရီ (၈၂)မိုင်နှုန်းထိ မောင်းနှင်နေခဲ့ကြောင်း စစ်ဆေးမှု ရလဒ်များက ဖော်ပြခဲ့သည်။ အဆိုပါနေရာအတွက် အမြင့်ဆုံးနှုန်း သတ်မှတ်ချက်မှာ တစ်နာရီ မိုင်(၇၀)သာဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: December . 4 .2013
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သည့် ရထားလမ်းချော် တိမ်းမှောက်မှုနှင့် ပတ်