Pages

Wednesday, December 4, 2013

ဆီးရီးယား ပဋိပက္ခအတွင်း သေဆုံးသူ စုစုပေါင်း ၁၂၆,ဝဝဝ နီးပါးရှိလာ

Photo: ဆီးရီးယား ပဋိပက္ခအတွင်း သေဆုံးသူ စုစုပေါင်း ၁၂၆,ဝဝဝ နီးပါးရှိလာ
Wednesday, December 4, 2013

ဆီးရီးယား ပဋိပက္ခအတွင်း အနည်းဆုံး ၁၂၅,၈၃၅ ဦးသေဆုံးခဲ့ ပြီး သေဆုံးသူများ အနက် ၃ ပုံ ၁ ပုံ မှာ ဆီးရီးယား ပြည်သူများ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က APA သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ပဋိပက္ခသည် ဆယ်စုနှစ် ၄ စုကြာ ဆီးရီးယား နိုင်ငံကို အုပ်ချုပ်ခဲ့သော အာဆတ် မိသားစုကို ငြိမ်းချမ်းစွာ ဆန္ဒပြရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အပြင်းအထန် နှိမ်နင်းမှုကြောင့် လက်နက်ကိုင် သောင်းကျန်းမှု အသွင်သို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား ပဋိပက္ခ အတွင်း ပြည်ပ တိုက်ခိုက်ရေး သမားများ သို့မဟုတ် အမည်မသိ တိုက်ပွဲဝင် စစ်သည်များကဲ့သို့ အမျိုးအမည် မခွဲခြားနိုင်သော တိုက်ခိုက်ရေးသမား ၆ဝဝဝ ကျော် အပါအဝင် အာဆတ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် သူပုန် အနည်းဆုံး ၂၇,၇၄၆ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင် များနှင့် အာဆတ် အစိုးရအား ထောက်ခံသော ဒေသတွင်းစစ် သွေးကြွများ စုစုပေါင်း ၅ဝ,၄၃ဝ ဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူ အရေအတွက်သည် ပို၍ တိုးမြင့် လာနိုင်ကြောင်း စောင့်ကြည့် လေ့ လာရေး အဖွဲ့အကြီးအကဲ Rami Abdelrahman ကပြောကြားခဲ့ သည်ဟု သိရသည်။

မြ၀တီ

RangonNewsDaily:: December . 4 .2013
ဆီးရီးယား ပဋိပက္ခအတွင်း အနည်းဆုံး ၁၂၅,၈၃၅ ဦးသေဆုံးခဲ့ ပြီး သေဆုံးသူများ အနက် ၃ ပုံ ၁ ပုံ မှာ ဆီး
ရီးယား ပြည်သူများ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်
ကြည့် လေ့လာရေးအဖွဲ့ကAPAသတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက် အင်တာနက် သတင်း
တစ်ရပ် အရ သိရသည်။ အဆိုပါ ပဋိပက္ခသည်ဆယ်စုနှစ်၎ စုကြာဆီးရီးယား နိုင်ငံကိုအုပ်ချုပ်ခဲ့သောအာဆတ် မိသားစုကို ငြိမ်းချမ်း
စွာ ဆန္ဒပြရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အပြင်းအထန် နှိမ်နင်းမှုကြောင့် လက်နက်
ကိုင် သောင်းကျန်းမှု အသွင်သို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ 
 
ဆီးရီးယားပဋိပက္ခ အတွင်း ပြည်ပတိုက်ခိုက်ရေးသမားများသို့မဟုတ် အမည်မသိ တိုက်ပွဲဝင် စစ်သည်များ
ကဲ့သို့ အမျိုးအမည် မခွဲခြားနိုင်သော တိုက်ခိုက်ရေးသမား ၆ဝဝဝ ကျော် အပါအဝင် အာဆတ်အစိုးရကို ဆန့်
ကျင် တိုက်ခိုက်နေသည့် သူပုန် အနည်းဆုံး ၂၇,၇၄၆ ဦးခန့် သေဆုံးခဲ့ကြောင်း၊ 
 
ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင် များနှင့် အာဆတ် အစိုးရအား ထောက်ခံသော ဒေသတွင်းစစ် သွေးကြွ
များစုစုပေါင်း ၅ဝ,၄၃ဝဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူအရေအတွက်သည်ပို၍တိုးမြင့်လာနိုင်ကြောင်း
 စောင့်ကြည့် လေ့ လာရေး အဖွဲ့အကြီးအကဲ Rami Abdelrahman ကပြောကြားခဲ့ သည်ဟု သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment