RangonNewsDaily:: December . 4 .2013
နည်းပညာတက္ကသိုလ်များတွင် AGTI နှင့် B Tech အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုခွင့်
နည်းပညာတက္ကသိုလ်များတွင် AGTI နှင့် B Tech အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုခွင့်
ရရန် သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနသို့  မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ စုပေါင်းလတ်
မှတ်ရေးထိုးတောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က အမျိုသားဒီမိုကရေစီပါတီ ရုံးခန်းတွင် ပြုလုပ်
သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ လက်ရှိတွင် AGTI နှင့် B Tech သင်ယူပြီးသည့် ကျောင်းသားကျောင်းသူမျာအား ကျောင်းဆက်လက်တက်
ရောက်ရန်ဝင်ခွင့်ပြန်လည်ဖြေဆိုခွင့်ပေးထားသော်လည်းသင်ခန်းစာနှင့်အချိန်ကာလညီမျှမူမရှိခြင်း ကြောင့်
ကျောင်းပြန်လည်တက်ရောက်နိုင်သူရှားပါးပြိး အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲတက်နေရကြောင်း သန်
လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။
" ကျွန်တော်တို့ မှာ အများကြီးနစ်နာမူတွေရှိနေပါတယ်။ ကျောင်းဆက်တက်ခွင့်အတွက် ၀င်ခွင့်ဖြေဆိုချိန်က တစ်လပဲရှိတယ်။ရိုးရိုးအောင်သွားပြီဆိုရင် အဝေးသင်တက္ကသိုလ်တွေအဖြစ်ပဲဆက်တက်ရတယ်။ ပညာရေး
" ကျွန်တော်တို့ မှာ အများကြီးနစ်နာမူတွေရှိနေပါတယ်။ ကျောင်းဆက်တက်ခွင့်အတွက် ၀င်ခွင့်ဖြေဆိုချိန်က တစ်လပဲရှိတယ်။ရိုးရိုးအောင်သွားပြီဆိုရင် အဝေးသင်တက္ကသိုလ်တွေအဖြစ်ပဲဆက်တက်ရတယ်။ ပညာရေး
စနစ်တွေပြုပြင်ပြောင်းလဲတယ်ဆိုရင်လက်တွေ့ ပြောင်းလဲသင့်ပါတယ်" ဟု သန်လျင်နည်းပညာတက္ကသိုလ်
မှ ကိုတင်ကိုကိုကပြောသည်။
ထိုသို့ ကျောင်းတက်ခွင့် ပြန်လည်ရရန်အတွက် မြန်မာနိုင်ငံအသီးသီးမှ နည်းပညာတက္ကသိုလ်ကျောင်းသား
ထိုသို့ ကျောင်းတက်ခွင့် ပြန်လည်ရရန်အတွက် မြန်မာနိုင်ငံအသီးသီးမှ နည်းပညာတက္ကသိုလ်ကျောင်းသား
များဧ။် လတ်မှတ်များစုပေါင်းကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်ပြီးသယန်းကျွန်း
မြိုနယ် လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန်မှ ကျောင်းပြန်လည်တက်ခွင့်နှင့် ပတ်သတ်၍ လွတ်တော်တွင်း
မေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်းသိရသည်။
"ကျောင်းသားလူငယ်တွေဖြစ်နေတဲ့ပြသနာကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး လာမယ့်လွတ်တော်
"ကျောင်းသားလူငယ်တွေဖြစ်နေတဲ့ပြသနာကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး လာမယ့်လွတ်တော်
မှာ မေးခွန်းမေးပေးသွားပါမယ်။ သူတို့ ဆီမှာလဲ
မတူညီတဲံ့အခက်ခဲတွေအများကြီးရှိကြတယ်။ တင်ပြလာ
တဲ့အချက်တွေပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန်
ကဆိုသည်။
လက်ရှိတွင် B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆို
လက်ရှိတွင် B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆို
ရန် ကျောင်းသား ၁၀၀၀ကျော်ခန်
့လတ်မှတ်ရေးထိုးပြီးဖြစ်ကြောင်းသိရသည်။
ပန်မိုးဝါ (ရိုးရာလေး) , kolatt(PBDN)
RangonNewsDaily
ပန်မိုးဝါ (ရိုးရာလေး) , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment