Pages

Wednesday, December 4, 2013

သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင် နိုင်ငံသို့ ယနေ့ သွားရောက်မည်

RangonNewsDaily:: December . 4 .2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (ဒီဇင်ဘာ ၄ ရက်)တွင် ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်မည်ဖြစ်

ကြောင်း နိုင်ငံတော်သမ္မတရုံးမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ
မစ္စတာ ဘီနင်နိုဘတ်စ်အကွီနို (၃) ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်အထိ သုံး
ရက်ကြာမြင့်မည်ဖြစ်ကာ ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်
ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး ကိစ္စများ၊ လယ်ယာစိုက်ပျိုးရေး ကိစ
္စများ၊ စွမ်းအင်၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်
၍ ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားထားသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးရယူမည့် ကိစ္စရပ် အပါအ၀င် ဒေသတွင်း ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင် သမ္မတတို့သည် ဇွန် ၇ ရက်က နေပြည်တော်တွင်ကျင်းပသည့်ကမ္ဘာ့စီး
ပွား

ရေး ဖိုရမ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင် နိုင်ငံတို့သည်သံတမန်ရေးရာ ဆက်ဆံမှုကို ၁၉၅၆ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်

တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀)ပြည့်မြောက်မည် ဖြစ်သည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment