Pages

Wednesday, December 4, 2013

နယူးယော့ခ် ရထားတိမ်းမှောက်မှုတွင် အင်ဂျင်နီယာကို အဓိကစစ်ဆေးနေ

Photo: နယူးယော့ခ် ရထားတိမ်းမှောက်မှုတွင် အင်ဂျင်နီယာကို အဓိကစစ်ဆေးနေ
Wednesday, December 4, 2013

လူ(၄)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ရထားမောင်းသူ အနေဖြင့် အရက်သေစာ သောက်စားထားကြောင်း သတင်းများကို ရဲတပ်ဖွဲ့က ပယ်ချခဲ့သလို ရထား၏ ဘရိတ်စနစ်တွင် ချွတ်ယွင်းချက် မရှိခဲ့ဟုလည်း ဆိုသည်

နယူးယော့ခ် ရထားတိမ်းမှောက်မှုတွင် အင်ဂျင်နီယာကို အဓိကစစ်ဆေးနေ
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သည့် ရထားလမ်းချော် တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး အင်ဂျင်နီယာ၏ လုပ်ဆောင်ပုံများကို အဓိကထား စစ်ဆေးနေကြောင်း သိရှိရသည်။ လူ(၄)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ရထားမောင်းသူ အနေဖြင့် အရက်သေစာ သောက်စားထားကြောင်း သတင်းများကို ရဲတပ်ဖွဲ့က ပယ်ချခဲ့သလို ရထား၏ ဘရိတ်စနစ်တွင် ချွတ်ယွင်းချက် မရှိခဲ့ဟုလည်း ဆိုသည်။ အဆိုပါ အခြေအနေများကြောင့် ရထား၏ အင်ဂျင်နီယာ အနေဖြင့် မည်သို့ ချဉ်းကပ်ကိုင်တွယ်ခဲ့သည်ကို ဇောက်ချ စစ်ဆေးနေခြင်း ဖြစ်သည်။

တွေ့ရှိထားသည့် သဲလွန်စများက ရထားတိမ်းမှောက်သွားမှုတွင် လူသားများ၏ ဆုံးဖြတ်ချက် အမှားများ ပါဝင်နေသည်ဟု ယူဆစေရန် ညွှန်ပြလျှက်ရှိသည်။ လက်ရှိစမ်းသပ်ထားမှုများအရ အင်ဂျင်နီယာ ဝီလီရော့ခ်ဖယ်လာရော၊ ၎င်း၏ လက်ထောက်(၃)ဦးလုံးပါ တာဝန်ချိန်တွင် အရက်သောက်ထားခြင်း မရှိဟု အတည်ပြုချက် ရရှိထားကြောင်း အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့မှ အားလ်ဝီနာက ပြောကြားခဲ့သည်။ သို့သော်လည်း ရော့ခ်ဖယ်လာကို သီးခြား စစ်ဆေးနေမှု အချက်အလက်များကို မီဒီယာများထံ ထုတ်ပြန်ပြောဆိုရန်မူ ၎င်းက ငြင်းဆိုထားသည်။

သို့သော်လည်း အခြား တာဝန်ရှိသူ တစ်ဦးက ရော့ခ်ဖယ်လာ အနေဖြင့် ရထားတိမ်းမှောက်မှု မဖြစ်မီတွင် မိမိအနေဖြင့် သတိလက်လွတ် အခြေအနေ ရှိခဲ့သည်ကို ဝန်ခံထားကြောင်းမူ ပြောဆိုခဲ့သည်။ ရထားသည် လမ်းကြောင်းချော် တိမ်းမှောက်သည့် နေရာတွင် တစ်နာရီ မိုင်(၃၀)မျှနှုန်းဖြင့် ခုတ်မောင်းသင့်သော်လည်း တစ်နာရီ (၈၂)မိုင်နှုန်းထိ မောင်းနှင်နေခဲ့ကြောင်း စစ်ဆေးမှု ရလဒ်များက ဖော်ပြခဲ့သည်။ အဆိုပါနေရာအတွက် အမြင့်ဆုံးနှုန်း သတ်မှတ်ချက်မှာ တစ်နာရီ မိုင်(၇၀)သာဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: December . 4 .2013
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သည့် ရထားလမ်းချော် တိမ်းမှောက်မှုနှင့် ပတ်
သက်ပြီး အင်ဂျင်နီယာ၏ လုပ်ဆောင်ပုံများကို အဓိကထား စစ်ဆေးနေကြောင်း သိရှိရသည်။ လူ(၄)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ရထားမောင်းသူ အနေဖြင့် အရက်သေစာ သောက်စားထားကြောင်း သတင်းများကို ရဲတပ်ဖွဲ့က ပယ်ချခဲ့သလို ရထား၏ ဘရိတ်စနစ်တွင် ချွတ်ယွင်းချက် မရှိခဲ့ဟုလည်း ဆိုသည်။ အဆိုပါ အခြေအနေများကြောင့် ရထား၏ အင်ဂျင်နီယာ အနေဖြင့် မည်သို့ ချဉ်းကပ်ကိုင်တွယ်ခဲ့သည်ကို
ဇောက်ချ စစ်ဆေးနေခြင်း ဖြစ်သည်။

တွေ့ရှိထားသည့် သဲလွန်စများက ရထားတိမ်းမှောက်သွားမှုတွင် လူသားများ၏ ဆုံးဖြတ်ချက် အမှားများ ပါ
ဝင်နေသည်ဟု ယူဆစေရန် ညွှန်ပြလျှက်ရှိသည်။ 
 
လက်ရှိစမ်းသပ်ထားမှုများအရ အင်ဂျင်နီယာ ဝီလီရော့ခ်ဖယ်လာရော၊ ၎င်း၏ လက်ထောက်(၃)ဦးလုံးပါ တာ
ဝန်ချိန်တွင် အရက်သောက်ထားခြင်း မရှိဟု အတည်ပြုချက် ရရှိထားကြောင်း အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့မှ အားလ်ဝီနာက ပြောကြားခဲ့သည်။ 
 
သို့သော်လည်း ရော့ခ်ဖယ်လာကို သီးခြား စစ်ဆေးနေမှု အချက်အလက်များကို မီဒီယာများထံ ထုတ်ပြန်ပြော
ဆိုရန်မူ ၎င်းက ငြင်းဆိုထားသည်။

သို့သော်လည်း အခြား တာဝန်ရှိသူ တစ်ဦးက ရော့ခ်ဖယ်လာ အနေဖြင့် ရထားတိမ်းမှောက်မှု မဖြစ်မီတွင် မိမိအနေဖြင့် သတိလက်လွတ် အခြေအနေ ရှိခဲ့သည်ကို ဝန်ခံထားကြောင်းမူ ပြောဆိုခဲ့သည်။ 
 
ရထားသည် လမ်းကြောင်းချော် တိမ်းမှောက်သည့် နေရာတွင် တစ်နာရီ မိုင်(၃၀)မျှနှုန်းဖြင့် ခုတ်မောင်းသင့်
သော်လည်း တစ်နာရီ (၈၂)မိုင်နှုန်းထိ မောင်းနှင်နေခဲ့ကြောင်း စစ်ဆေးမှု ရလဒ်များက ဖော်ပြခဲ့သည်။ 
 
အဆိုပါနေရာအတွက် အမြင့်ဆုံးနှုန်း သတ်မှတ်ချက်မှာ တစ်နာရီ မိုင်(၇၀)သာဖြစ်ကြောင်းလည်း သိရှိရ
သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment