Pages

Friday, March 22, 2013

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်ရှိ မဒ် မူဒီယာ ဘာသာရေးကျောင်းမှ အသက် ၁၂အရွယ် နှင့် ၁၄နှစ် အရွယ် ယောကျာ်းလေးနှစ်ဦး ထပ်မံအသက်ဆုံးရှုံးသွားကြောင်းအတည်ပြု

အစွန်းရောက်ဒုက္ခဘာသာဝင်များရဲ့ အကြမ်းဖက်မှုကြောင့် ရှဟိဒ်ဖြစ်ခဲ့ရသော အပြစ်မဲ့ကျောင်းသားလေးများနှင့် ဆရာများစာရင်း


Zawwin Myint
အစွန်းရောက် အကြမ်းဖက်မှုကြောင့် ရှဟိဒ်ဖြစ်ခဲ့ရသော အပြစ်မဲ့ကျောင်းသားလေးများနှင့်
ဆရာများစာရင်း
မိတ္ထီလာနဲ့ဖုန်း အဆက်အသွယ်ရလာပါပြီ၊ သိရိမင်္ဂလာ ရပ်ကွက်ရှိ မဒ် မူဒီယာ ဘာသာရေးကျောင်းမှ အသက် ၁၂အရွယ် နှင့် ၁၄နှစ် အရွယ် ယောကျာ်းလေးနှစ်ဦး ဖိတ်စင်သည့်သတင်းကို အတည်ပြုလိုက်ရပါပြီ၊ နောက်တဦးကတော့ ပျောက်ဆုံးနေပြီး ရှာဖွေဖို့ ကြိုးစားနေပါတယ်။ စာသင် ကျောင်းသား ၁၅ယောက်နှင့် ကျောင်းသူ ၆၀ ယောက် လွတ်မြောက်ပြီး လောလောဆယ်တော့ ဘေးကင်းလုံခြုံသည့်နေရာကို ရောက်ရှိသွားပြီဖြစ်ပါသည်။

မိတ္ထီလာ အောင်ဇေယျရပ်ကွက်မှ လွတ်မြောက်လာသူ ရမသွလ္လာဟ် (ခ) ကိုမိုးဝင်း နှင့်ဆက်သွယ်မေးမြန်းချက်

ကိုမင်းကိုနိုင်တို့က လူထုကိုတရားဟောနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ လူအုပ်ထဲကနေကားမောင်းပြီး မနေ့ကမနက် (၉း၃၀)နာရီလောက်က မိတ္ထီလာကနေ ကျွန်တော်တို့ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ကို လိုက်ပို့ ပေးတာက ဗုဒ္ဓဘာသာဝင်ကားသမားတဦးပါ။ လမ်းမှာတော့ ဘုန်းကြီးတွေနဲ့ အရပ်သားတွေက တုတ်တွေ၊ ဓားတွေနဲ့ရှိနေတော့ ကားမောင်းပို့ပေးတဲ့သူက ရုပ်ထွက်ပြလိုက်၊ ကားမောင်းလိုက်နဲ့ ထွက်လာခဲ့ရတာပါ။ ကားနဲ့လာရင်း လမ်းမှာ ဆိုင်ကယ်တွေ၊ အိမ်တွေ၊ ပစ္စည်းဆိုင်တွေ၊ ပစ္စည်းတွေ မီးရှို့ထားတာကို တွေ့ခဲ့ရတယ်။

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိကရုဏ်းဖြစ်ရာဒေသနဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်းက ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

သတင်းသမားများအချင်းချင်းတွေ့ဆုံနိုင်ရန် အချက်အလက်များအပြန်အလှန် ဖလှယ်နိုင်ရန် Myanmar Press Club ဖွဲ့စည်းသွားမည်

ရန်ကုန်၊ မတ် ၂၂။

မြန်မာပြည်တွင်းရှိ သတင်းသမားများနှင့် ပြည်ပသတင်းသမားများ တွေ့ဆုံနိုင်ရေး၊ သတင်း အချက်အလက်များအပြန်အလှန် ဖလှယ်နိုင်ရေးနှင့် သတင်းသမားများနှင့်နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တွေ့ဆုံနိုင်ရန် ရည်ရွယ်၍Myanmar Press Clup ကို ဖွဲ့စည်းသွားရန် ရှိကြောင်းသိရသည်။

မိတ္တိလာမြို့အကြမ်းဖက်သမားတို့ဖျက်ဆီးသွားခဲ့တဲ့မြင့်ကွင်းများ (သတင်းဓာတ်ပုံ)

"သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်"

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များ ကို ဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့်အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

RFA
"သမ္မတ အမိန့်ထမ်းဆောင်ရန် ရောက်ရှိလာကြသောတပ်မတော် သားများ"
ယနေ့မိတ္တိလာမြို့မှ အကြမ်းဖက်သမားတို့ရဲ့ လက်ချက်ဖြင့် သေကြေပျက်စီးဆုံးရှုံးမှုများကိုတင်ပြပေး လိုက်ပါတယ်။

ဝါးခယ်မမြို့ ရွှေလောင်းရွာမှ ၉၆၉ အဖွဲ့၏ အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်မှုအား ဆက်သွယ် မေးမြန်းချက်

မတ်လ ၂၂ရက်၊၂၀၁၃
ဧရာဝတီတိုင်း မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦးအား M-Media မှ ၉၆၉လှုပ်ရှားမူ စတင် ဖြစ်ပေါ် နေသည့်အပေါ် ယနေ့ နေ့ခင်း ၂နာရီ ၌ဆက်သွယ်မေးမြန်းရာ အောက်ပါ
အတိုင်း ပြန်လည် ဖြေကြားခဲ့ပါသည်။“ကျွန်တော်တို့ ရွှေလောင်းမှာလည်း လွန်ခဲ့တဲ့၁၅ရက်လောက်တုန်းက အခြားနေရာက ဘုန်းကြီးတွေရောက်လာပြီး ရွာမှာရှိတဲ့ လူတစ်ချို့ကို စည်းရုံးသိမ်းသွင်းပြီး ၉၆၉အဖွဲ့ကို တည်ထောင်လိုက်ပါတယ်။

Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိ က ရှာဖွေရန်ရည်ရွယ်

Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ် 
Friday, March 22, 2013

မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းက အရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ်ဆိုရင်
မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြောသည်။

ထို့ပြင် ဂူးဂဲလ်မှ အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေးရှင်း စတိုးအား အွန်လိုင်း၌ တရားဝင် ဖွင့်လှစ်ပေးနိုင်ချေရှိပြီး ပြည်တွင်းမှ မိုဘိုင်း အယ် ပလီကေးရှင်းရေးဆွဲသူ များအတွက် အလားအလာကောင်းများ ရှိလာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်လူငယ်များက ဆိုသည်။

ဂူးဂဲလ် အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာ ကဏ္ဍ၌သာမက ပညာရေး ကဏ္ဍပိုင်း၌ပါ ကူညီပေးလိုပြီး မြန်မာနိုင်ငံအစိုးရနှင့်
တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ရာ၌လည်း ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နိုင်မည့် ကဏ္ဍအပိုင်းများ ပိုမိုဖြစ်ထွန်း လာစေရေးကို
ဦးစားပေး ပြောကြားသွားမည် ဖြစ်ကြောင်း ဂူးဂဲလ် အမှုဆောင်
အရာရှိချုပ်Mr. Eric Schmidt ကဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဂူးဂဲလ် အမှုဆောင်
အရာရှိချုပ်နှ င့် ဆွေးနွေးပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း၊ ယင်းအတွက် အသင်းချုပ်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်
သွားမည်ကိုမူ ပြောကြားနိုင်သေးမည် မဟုတ်ကြောင်း
အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

Google အမှုဆောင် အရာရှိချုပ်Mr. Eric Schmidt မှာ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် လာရောက်ခဲ့ပြီး MICT Park အစည်းအဝေး ခန်းမ၌ မြန်မာ့အနာဂတ် လူငယ်ခေါင်းဆောင်များ၊ နည်းပညာ စိတ်ဝင်စားသူလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စကားဝိုင်းပုံစံ ဆွေးနွေးပွဲ တစ်ခုအား ၂ နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။

သုတလင်း
Popular Myanmar News Journal

Friday, March 22, 2013

မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃)တွင် ဖော်ပြထားသည်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။

မိတ္တိလာ အကြမ်းဖက်မှုမှတဆင့် ၀မ်းတွင်းမြို့နှင့် သဲတောမြို့မှ ဗလီများဖျက်ဆီးခံရ

မတ်လ ၂၂၊ ၂၀၁၂

ဝမ်းတွင်း ။ ။ ၀မ်းတွင်းနှင့် သဲတောမြို့ရှိ ဗလီများအား ၂၁.၃.၂၀၁၃ ကြာသပတေး ည ၁၂-နာရီဝန်းကျင်က အကြမ်းဖက်လူတစ်စုမှ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိပါသည်။ ယင်းသတင်းအား တိကျခိုင်မာစေရန် M-Media မှ ဆက်သွယ်နေခဲ့ရာ ဖုန်းလိုင်းများမကောင်း၍ ယခု ဆက်သွယ်ရချိန်တွင် အတည်ပြု နိုင်ခဲ့ပါသည်။ ယမန်နေ့ ၂၁-ရက် ည ၁၂-နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်သမားတစ်စု ရောက်ရှိလာပြီး ၀မ်းတွင်းမြို့ရှိဗလီအား ၀ိုင်းဝန်းဖျက်ဆီးလိုက်ကြကြောင်း၊ ယင်းနောက် သဲတောမြို့ရှိ ဗလီအားလည်း ဖျက်ဆီးသွားကြောင်း၊ ယင်းဖျက်ဆီးမှုကြောင့် ဗလီများသည် ရစရာမရှိအောင် ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

အပစ်ရပ်ရန် ညှိနှိုင်းနေစဉ် TNLF စခန်းအား အစိုးရတပ်မှ ၀င်ရောက်တိုက်ခိုက်

အပစ်ရပ်ရန် ညှိနှိုင်းနေစဉ် TNLF စခန်းအား တိုက်ခိုက်
ရွှေဟင်္သာသတင်းဌာန

အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ကွတ်ခိုင် အခြေစိုက် တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) နှင့် K.I.A တပ်ရင်း(၈) ပူးပေါင်း တပ်ဖွဲ့စခန်းကို ယမာန်နေ့ ညနေ (၅) နာရီတွင် ၀င်ရောက် တိုက်ခိုက် ခဲ့သည့်ဟု TNLA တပ်မှူး တဦးက ဆိုပါသည်။

“ ဒီလိုပါ ပထမတော့ ဒီနေရာ ကနေ ဖယ်ပေးဖို့ သူတို့စစ်ကြောင်းမှူးက ရွားသားတွေ လွတ်ပြီး ကျနော်တို့ကို လာပြော တယ်။ ဒီနမ့်လိတ်တောင်ကို သူတို့ မလာလို့မရဘူးပေါ့လို့ ပြောတယ်။ အဲဒီလိုဘဲ ပြီးခဲ့တဲ့ သုံးရက် လောက်တုန်းကလည်း ပန်းကန်ဖက်မှာ နေရာ ဖယ်ပေးပါလို့ ပြောခဲ့တယ်။ အဲဒီဖက်မှာကျတော့ ကျနော်တို့က ဖယ်ပေး ခဲ့တယ်။ အခု ဒီနမ့်လိတ်တောင်ကိုလည်း ထပ်ဖယ်ခိုင်း ပြန်တယ်ဆိုတော့ ကျနော်တို့ သံသယဖြစ်လာတယ်။ ဒါနဲ့ မဖယ်ဘူး ဆိုပြီး အကြောင်းပြန်လိုက်တယ်။ မကြာပါဘူး သူတို့ တက်လာတယ်˝ ဟု တအာင်းတပ်မှူး တဦးက ပြောပါသည်။

တိုက်ပွဲသည် တနာရီကျော်ကြာပြီး၊ အစိုးရဖက်မှ ထိခိုက်မှုများသည်ဟု ဆိုပါသည်။ ပေါ်တာများ၏ အဆိုအရ အနည်း ဆုံး (၁၀) ဦးခန့် သေဆုံးပြီး (၅) ဦး ထက်မနဲ ဒါဏ်ရာ ရသည်ဟု ဆိုပါသည်။ တိုက်ပွဲသည် ည (၆) နာရီကျော် အထိ ပြင်းထန်စွာ ပစ်ခတ် ခဲ့ကြသဖြင့် အနီးအနားရှိ ပန်ညှိုးရွာသားများ ရှောင်တိန်း ခဲ့ကြကြောင်း ဆိုပါသည်။

နမ့်လိတ်တောင်၌ တိုက်ပွဲဖြစ်နေစဉ် နမ့်ဖက်ကာ ကျေးရွာ ဖက်မှ အင်အား (၁၀၀) ခန့်ရှိသော ခလရ ၁၂၃ အစိုးရ စစ်ကြောင်း တကြောင်း ထပ်မံ ချီတက်လာပြီး နမ့်လိတ်တောင် အနီး သာပန်းကုန်း တောင်ကြောတွင် နေရာယူထား သည်ဟု နမ့်ဖက်ကာ ဒေသခံများ ထံမှ သိရကြောင်း ပလောင် တပ်မှူးက ဆိုပါသည်။

ယခု တိုက်ပွဲ ဖြစ်ပွား ခဲ့သော နမ့်လိတ် တောင်ကျောသည် စစ်ဗျူဟာ အရ အရေကြီးသော ကုန်းဖြစ်သလို အစိုးရ သည် အပစ်အခတ် ရပ်စဲထားသော KIA အား ၂၀၁၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စတင် တိုက်ခိုက် လိုက်သဖြင့် အပစ်အခတ် ရပ်စဲရေး စတင် ပျက်ပျယ် သွားသော နေရာလည်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် SSPP တပ်ဖွဲ့နှင့် KIA ပူးပေါင်း တပ်မှ ပြန်လည် တိုက်ခိုက်ခဲ့ပြီး အစိုးရဖက်မှ ရာနဲ့ချီ ကျဆုံးခဲ့သော နေရာဖြစ်သည်ဟု ဆိုပါသည်။

TNLF နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရန် ပလောင်ဒေသ လွှတ်တော် အမတ်များက ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေ ချိန်လည်း ဖြစ်ပါသည်။ ဤလို ကာလမျိုးတွင် နမ့်လိတ်တောင်ကို စစ်ဆင်လာခြင်းသည်၊ ၄င်းတို့၏ ငြိမ်းချမ်းရေး အစီစဉ် အတွက် ဖိအားပေးခြင်း ဖြစ်နိုင်သလို သဘောတူချက် လက်မှတ် မထိုးမှီ စပ်ကြား နယ်မြေ စိုးမိုးရေး အတွက် နေရယူခြင်းလည်း ဖြစ်နိုင်ကြောင်း ပလောင်ဖက်မှ သုံးသပ် ခဲ့ပါသည်။

အစိုးရသည် TNLF နှင့် အပစ်အခတ် ရပ်စဲရေး လိုလားပါက ၄င်းတို့၏ စစ်ရေး လှုပ်ရှားမှုများကို လျှော့သင့်ကြောင်း ပ လောင်ဖက်က ဆိုပါသည်။ နမ့်လိတ်တောင်ကြောသည် TNLA နှင့် KIA တို့၏ အခြေခံ စခန်းလည်း ဖြစ်သဖြင့် ဆုတ် ပေးရန် မဖြစ်နိုင်ကြောင်း ဆိုနေပါသည်။

TNLF နှင့် KIA တို့သည် သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ပါ သည်။ အစိုးရသည် UNFC အဖွဲ့ဝင်များ အပေါ် တဖွဲ့ချင်း ဆွေးနွေးမှု စနစ်ဖြင့် သဘော တူညီချက် ယူပြီး အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ဤအထဲတွင် KIA၊ TNLF၊ ကယန်းပြည်သစ်ပါတီ၊ WNU (၀) နှင့် LNDP (လားဟူ) အဖွဲ့မျိုးများကိုမူ မ ဆွေးနွေးဘဲ ထားခဲ့ပါသည်။

သို့သော်လည်း အစိုးရသည် KIA အဖွဲ့ကိုမူ စစ်ရေးအရ အင်အား တောင့်တင်း နေသဖြင့် တမင်ချိုးနှိမ်ထားရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ခု နှစ်ကတည်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ကွတ်ခိုင် အခြေစိုက် တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) နှင့် K.I.A တပ်ရင်း(၈) ပူးပေါင်း တပ်ဖွဲ့စခန်းကို ယမန်နေ့ ညနေ (၅) နာရီတွင် ၀င်ရောက် တိုက်ခိုက် ခဲ့သည့်ဟု TNLA တပ်မှူး တဦးက ဆိုပါသည်။

"မိတ္ထီလာမှာ တုတ်၊ဓားကိုင်သူတွေကို စတင်အရေးယူ"

မိတ္ထီလာမြို့ကို မတ်လ ၂၂ ရက်နေ့ မြင်တွေ့ရစဉ်

Photo : RFA/ Kyaw Zaw Win

မိတ္ထီလာခရိုင်အတွင်းက အဓိကရုဏ်းဖြစ်ပွားနေတဲ့ မိတ္ထီလာ၊ဝမ်းတွင်း၊သာစည်နဲ့ မလှိုင်မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ မိတ္ထီလာမြို့တွင်းမှာ တုတ်၊ ဓားကိုင်ပြီးသွားလာနေသူတွေကို စတင် အရေးယူနေပြီလို့ မိတ္ထီလာမြို့နယ်ရဲစခန်းက RFA ကိုပြောပါတယ်။

မိတ္ထီလာမြို့တွင် ဆှုပှုအကြမ်းဖက်မှုများအပြင် နေအိမ်ဖောက်ထွင်းလုယက်မှုများပါ အဆက်မပြတ်ဖြစ်ပွားနေ

AFP
မိတ္ထီလာနောက်ဆုံးအခြေအနေ နေ့လည်၁း၀၀နာရီpm.
 ငြိမ်းချမ်းရေးလိုလားတဲ့ပြည်သူတွေက ရဲတပ်ဖွဲဝင်တွေကိုကူညီနေပါတယ်။ ရေသန့်များတိုက်ကျွေးနေပါ
တယ်။ မြင်ရတဲ့မြင်ကွင်းတွေကကြည်နူးစရာပါ။ သူခိုးတွေအများအပြားဖမ်းဆီးရမိနေ။ ထူးခြားမှုတစ်ခုက မီးလောင်အိမ်တွေကခိုးလာတာလို့ပြောတဲ့ဆာလာအိတ်တစ်လုံးနဲ့အပြည့်၅၀၀၀တန်တွေနဲ့လူနှစ်ယောက်
ကိုမိပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်စိန်မှ မိတ္ထီလာမြို့ကို အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း

ဆေးရုံ ထဲမှာ တော့ မူစလင်မကြီး  ရယ် ဘုန်းကြီး ရယ် မရှိ တော့ ပါဘူး၊  မေတ္တာ နဲ့ ကုပေးသူ ရယ်၊ မေတ္တာ နဲ့ အား ပေး သူ ရယ်၊ မေတ္တာ ခံယူနေ ရ ရှာ တဲ့ လူနာ ရယ် ဆိုတဲ့ လူသားတွေ ပဲ ပေါ့။ ဘာလို့အဲဒီ ဝါဒဟာလွန်မှရောက်လာတာလဲဗျာ????
ဆေးရုံတွင်ရောက်ရှိနေသော ဒဏ်ရာရလူုနာများ
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ
-မိတ္ထီလာမြို့နယ်
-ဝမ်းတွင်းမြို့နယ်
-မလှိုင်မြို့နယ် နှင့်
-သာစည်မြို့နယ်များအတွင်း

ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Friday, March 22, 2013

NLD တွင် အနှစ် ၂၀ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာ မရခဲ့သူများ အတွက် စိတ်မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

" NLD မှာ အနှစ် ၂၀ လောက်လုပ်လာပြီး နေရာမရလိုက်တဲ့သူတွေအတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သစ္စာရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။ သူတို့က အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မကျွမ်းကျင်လို့ပါ။ သူတို့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဓာတ်ပုံ - NLD Congress
Messenger News Journal

Friday, March 22, 2013

NLD တွင် အနှစ် ၂၀ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာ မရခဲ့သူများ အတွက် စိတ်မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်စေရန် နီးစပ်ရာစာစစ်ဌာနများတွင်ပြောင်းလဲဖြေဆိုခွင့်ပြုခဲ့

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်စေရန် နီးစပ်ရာစာစစ်ဌာနများတွင်ပြောင်းလဲဖြေဆိုခွင့်ပြုခဲ့
Friday, March 22, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများ အနှောင့်အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မတ်လ၂၀ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အဆောက်အအုံနှင့် ဈေးဆိုင်ခန်း အချို့နှင့် မိတ္ထီလာမြို့နယ်ပညာရေးမှူးရုံး မီးရှို့ဖျက်စီးခြင်း ခံခဲ့ရသော်လည်း
တက္ကသိုလ်ဝင် စာမေးပွဲစစ်ဆေးသည့် စာစစ်ဌာနများ ထိခိုက်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။သို့ရာတွင် အဆိုပါမြို့နယ်အတွင်း တက္ကသိုလ် ၀င်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများ အနှောင့်အယှက် မဖြစ်စေရေး၊ သွားလာရေး လွယ်ကူစေရေးတို့အတွက် စာမေးပွဲဖြေဆိုသူများအား နီးစပ်ရာစာစစ်ဌာနများတွင် ယနေ့(မတ်လ ၂၂ ရက်နေ့) စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့် ဘောဂဗေဒ ဘာသာရပ်ဖြေဆို 
သည့်နေ့တွင် ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

''မနေ့ကတော့ မိတ္ထီလာမြို့မှာ ပထ၀ီဘာသာရပ် ဖြေဆိုမယ့် သူမရှိပါဘူး။ဒီနေ့ ဘောဂဗေဒဘာသာရပ် ဖြေဆိုတဲ့နေ့မှာတော့
ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့သည်။

မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိထားပြီး ဘောဂဗေဒ ဘာသာရပ် ဖြေဆို သည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၃၃၃၉)ဦး ရှိသော်လည်း(၂၉၆၄)ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။

''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာ ပါသွားလို့ စာမေးပွဲ သွားမဖြေကြတဲ့သူတွေလည်း ရှိပါတယ်။စာစစ်ဌာနတွေကတော့ ဘာမှမဖြစ်ပါဘူး။ကျောင်းသားတွေကို နီးစပ်ရာ စာစစ်ဌာနတွေမှာ 
ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ
ဒေသခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - မိတ္ထီလာမြို့ရှိ အမှတ် ၂ အခြေပညာအထက်တန်းကျောင်းတွင် မတ်လ ၂၂ ရက်နေ့(ယနေ့) နံနက်ပိုင်းက ဆယ်တန်း စာမေးပွဲဖြေရန် ဖွင့်လှစ်ထားစဉ်

Eleven Media Group

Friday, March 22, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများ အနှောင့်အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

သံဃာတော်များ၊အစ္စလမ်ဘာသာရေး ခေါင်းဆောင်အချို့နှင့် ပြည်သူများပါဝင်သော မိတ္ထီလာလူမှုကယ်ဆယ်ရေးအဖွဲ့ဖွဲ့စည်း

ရန်ကုန်၊ မတ် ၂၂

မန္တလေးမြို့တော်အခြေစိုက် သံဃာတော်များ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်အချို့၊ နိုင်ငံရေးအဖွဲ့အစည်း များ၊ ကျောင်းသားဟောင်းများ၊ ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင် ပြည်သူများ ပါဝင်သော မိတ္ထီလာလူမှုကယ် ဆယ်ရေးအဖွဲ့ကို မန္တလေးတွင်ဖွဲ့စည်းလိုက်ပြီး ဒုက္ခရောက်နေသော ပြည်သူများကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ က ဆိုသည်။