Pages

Friday, March 22, 2013

မိတ္ထီလာ ပဋိပက္ခအရေး ကုလသမဂ္ဂ ကြေညာချက် ထုတ်ပြန်


Friday, March 22, 2013

မိတ္ထီလာမြို့တွင် မတည်မငြိမ် ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စား
လှယ် မစ္စတာ အာရွှတ် နီဂမ်က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။မတ်လ၂၁ရက်
နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်း
ဖက်မှုများ၊ အသက် အိုးအိမ်စည်းစိမ် ပျက်ဆီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကုလ သမဂ္ဂ၏ ဌာနေ ကိုယ်စား
လှယ်အနေဖြင့် စိုးရိမ်ပူပန်ကြောင်း ပါဝင်သည်။
ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တာဝန်ရှိသူများ အနေဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ရေး ကြိုး
စား လုပ်ဆောင်ပေးကြပါရန်နှင့် လူ့အဖွဲ့အစည်း အသီးသီးအနေဖြင့် အပြန်အလှန် နားလည်မှု၊ သည်းခံမှု တို
့ဖြင့် ၄င်းဖြစ်ရပ်များ ရပ်တန့်သွားရေး ထိန်းသိမ်း ကာကွယ်မှုများ ဦးစားပေး လုပ်ဆောင်သွားရန် တိုက်တွန်း
ထားသည်။

ဧရာဝတီ,Rangonnewsdaily
RND:  :22.3.2013

0 comments:

Post a Comment