မိတ္ထီလာမြို့မှာဆူပှုအကြမ်းဖက်သောင်းကျန်းနေတဲ့သူများကိုတွေ့ရစဉ်
မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ
ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ
ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က
အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။ "သူတို့ကို ဖမ်းလို့မရဘူး၊ပစ်ခတ်လို့မရဘူး။ဘယ်သူမှ ပစ်ခတ်ဖို့ အမိန့်မပေးဘူး။တိတိကျကျ အမိန့်မပေးဘူး"ဟု အဆိုပါရဲအရာရှိက ပြောပါတယ်။
ယမန်နေ့က မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့
လူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး
ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တာရာယ်ပြုတဲ့ အတွက်
ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။
ဒီကနေ့ မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။
အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ မင်္ဂလာဇေယျုံနယ်မြေထဲက
နေအိမ်၊အဆောက်အဦးတွေ မီးလောင်ကုန်တဲ့အတွက်အဲဒီဒေသမှာနေထိုင်တဲ့အစ္စလာမ်ဘာသာဝင်တွေကို အမှတ်(၁)ရဲစခန်းနဲ့မိတ္ထီ လာခရိုင်အားကစားကွင်းမှာ ယာယီနေရာချထားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
ဒီကနေ့မနက်ကမိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့်
ဒေသခံလေးဦးသေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက
ပြောပါတယ်။
"ကျွန်တော်တို့က ဆေးရုံက တရားဝင်ရတဲ့ စာရင်းကိုသာ
အမှန်အတည်ပြုရတာပါ၊လမ်းပေါ်က စာရင်းကို အတည်ပြုလို့ မရပါဘူး"ဟု ယင်းရဲအရာရှိ
တစ်ဦးက ပြောပါတယ်။
မိတ္ထီလာမြို့မှာသုံးရက်ကြာဖြစ်ပွားခဲ့တဲ့
ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့
မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။
RFA (Burmese),Rangonnewsdaily
RND: :22.3.2013
![]() |
|

ယမန်နေ့က မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တာရာယ်ပြုတဲ့ အတွက် ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။
ဒီကနေ့ မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တေ
အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ မင်္ဂလာဇေယျုံနယ်မြေထဲက နေအိမ်၊အဆောက်အဦးတွေ မီးလောင်ကုန်တဲ့အတွက်အဲဒီဒေသမှာနေထိုင်တဲ့အစ္စလာမ်ဘာသာဝင်တွေကို အမှတ်(၁)ရဲစခန်းနဲ့မိတ္ထီ
ဒီကနေ့မနက်ကမိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ဒေသခံလေးဦးသေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့က ဆေးရုံက တရားဝင်ရတဲ့ စာရင်းကိုသာ အမှန်အတည်ပြုရတာပါ၊လမ်းပေါ်က စာရင်းကို အတည်ပြုလို့ မရပါဘူး"ဟု ယင်းရဲအရာရှိ တစ်ဦးက ပြောပါတယ်။
မိတ္ထီလာမြို့မှာသုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။
RFA (Burmese),Rangonnewsdaily
RND: :22.3.2013
![]() |
တမြို့လုံးအနှံမီးလောင်ပြင်ဖြစ်နေ |
![]() |
တမြို့လုံးအနှံမီးလောင်ပြင်ဖြစ်နေ |
![]() |
0 comments:
Post a Comment