Pages

Friday, March 22, 2013

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ ပန်ဘဲတန်း၊ ကျောက်တံတား၊ လသာမြို့နယ်များတွင် ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့်လှုံ့ဆော်စာများဖြန့်ဝေနေ

လှိုင်သာယာတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် လှုံ့ဆော်စာများ ဖြန့်ဝေလျက်ရှိ မတ်လ ၂၁၊
၂၀၁၃ M-Media သတင်း-၀ါးပင်လေး လှိုင်သာယာမြို့နယ်၊အမှတ်(၃)ရပ်ကွက်လုံးဆိုင်ရာ ကျောင်းတိုက်
(၂၀)မှ ကျောင်းထိုင်/ ကျောင်းပိုင် ပဓာန နာယကဆရာတော်မျာဦးဆောင်၍ အမျိုးဘာသာသာသနာတော်
ကို စောင့်ရှောက်ထိန်းသိမ်းရန် သံဃသာမဂ္ဂိအဖွဲ့ကို မတ်လ(၁)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး လှုံဆော်စာ
များအား ယမန်နေ့ညနေ ၆နာရီခန့်လောက်က စတင်ဝေနေကြောင်း သတင်းရရှိသည်။
အဆိုပါ သံဃသာမဂ္ဂိအဖွဲ့၏ လုပ်ဆောင်ချက်နှင့် ဦးတည်ချက်(၅)ရပ်မှာ 
(၁) လှိုင်သာယာ တစ်မြို့နယ်လုံး ဗလီအဆောက်အဦး လုံးဝ မဖြစ်ပေါ်ရေး။ 
 (၂) ဗုဒ္ဒဘာသာဝင် အမျိုးကောင်းသမီးများအား ဘာသာမတူ အ
ယူမတူသော ပုဂ္ဂိုလ်များနှင့် ထိမ်းမြားခြင်းမှ ကာကွယ်စောင့်ရှောက်ရေး။ 
(၃) ဘာသာခြားဆိုင်များ၌ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရေး။ 
(၄) အိမ်ခြံမြေများ အရောင်းအ၀ယ်ပြုလုပ်ရာ ဘာသာခြားများအား ရောင်းဝယ်ခြင်းမှ တားဆီးရေး တို့ဖြစ်ကြောင်း လိုက်လံဝေဌာနေသော စာရွက် စာတမ်းများအရ သိရှိရသည်။

M-Media,Rangonnewsdaily
RND:  :22.3.2013

0 comments:

Post a Comment