Pages

Friday, March 22, 2013

ဝါးခယ်မမြို့ ရွှေလောင်းရွာမှ ၉၆၉ အဖွဲ့၏ အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်မှုအား ဆက်သွယ် မေးမြန်းချက်

မတ်လ ၂၂ရက်၊၂၀၁၃
ဧရာဝတီတိုင်း မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦးအား M-Media မှ ၉၆၉လှုပ်ရှားမူ စတင် ဖြစ်ပေါ် နေသည့်အပေါ် ယနေ့ နေ့ခင်း ၂နာရီ ၌ဆက်သွယ်မေးမြန်းရာ အောက်ပါ
အတိုင်း ပြန်လည် ဖြေကြားခဲ့ပါသည်။“ကျွန်တော်တို့ ရွှေလောင်းမှာလည်း လွန်ခဲ့တဲ့၁၅ရက်လောက်တုန်းက အခြားနေရာက ဘုန်းကြီးတွေရောက်လာပြီး ရွာမှာရှိတဲ့ လူတစ်ချို့ကို စည်းရုံးသိမ်းသွင်းပြီး ၉၆၉အဖွဲ့ကို တည်ထောင်လိုက်ပါတယ်။
အစ္စလာမ်ဆန့်ကျင်ရေး စာတွေကို အဲ့ဒီ၉၆၉ အမည်ခံအဖွဲ့က လိုက်လံဝေငှ ပါတယ်။ပေါ်ပေါ်ထင်ထင် ဝေ
တာတော့ မဟုတ်ပါဘူး။ ယခုလ ၁၈ရက်နေ့က ၉၆၉အမည်ခံ လှိုင်ထွန်းဆိုတဲ့သူက ရွာထဲပတ်ပြီး မွတ်စလင်
အိမ်ရှိတဲ့နားမှာ ရပ်ရပ်ပြီး“ မင်းတို့ကုလားတွေကို-----ီးပဲထင်တယ်” လို့ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပါတယ်။

ဆည်မြောင်းနားမှာ နေတဲ့ လူတစ်ယောက်က ၉၆၉ နာမည်ကိုင်ဆောင်ပြီး အိမ်နီးချင်းမွတ်စလင်တွေကိုရန်
စ ဆဲဆို ပါတယ်။ ဟိုတစ်နေ့ကလည်း ရွှေလောင်းတံတားနားမှာ မူးပြီး အစ္စလာမ်ဘာသာဝင်တွေကို ဆဲဆို
နေလို့ ရဲအုပ် ဦးမြင့်ဆွေ ရောက်လာပြီး ပြောလိုက်လို့ ဆဲနေတာကိုရပ်ပြီးတော့ ပြန်သွားတယ်။ 

၉၆၉ကိုလက်ခံတဲ့ ရွှေလောင်းကျေးရွာထဲက ဘုန်းတော်ကြီး ကျောင်းက ပညာတံခွန်ကျောင်း လို့သိရပါ
တယ်။ဒီနေ့ သောကြာနေ့မို့ ကျွန်တော်တို့ ဘုရားဝတ်ပြုဖို့ သွားတဲ့အချိန်မှာ တရားဟောဆရာတွေက ကျွန်
တော်တို့ အားလုံးကိုပြသနာမဖြစ်အောင် နေကြဖို့သည်းခံခွင့်လွှတ်ကြဖို့ တရားရေအေး တိုက်ကျွေးခဲ့ပါ
တယ်”ဟု M-Media သို့ပြောကြားခဲ့ပါသည်။

အဆိုပါ မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ တွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်ရာမြို့ဖြစ်
ပြီး ၎င်းကျေးရွာတွင် စုစုပေါင်း လူဦးရေ ၁၂၀၀ ကျော် ခန့် မှီတင်းနေထိုင်ကြကာ အစ္စလာမ်ဘာသာဝင် ဦး
ရေ ၁၀၀ကျော် တို့ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။

M-Media
သတင်း- ၀ါးပင်လေး

Rangonnewsdaily
RND:  :22.3.2013
 

0 comments:

Post a Comment