Pages

Tuesday, December 18, 2012

မူးယစ်မှောင်ခိုအကြမ်းဖက်မှုများကို နှိမ်နင်းမည်ဟု မက္ကစီကိုသမ္မတသစ် ကတိပြု

(မက္ကစီကိုသမ္မတသစ် အန်ရီကေး ပီနာ နီတို)

မက္ကစီကိုနိုင်ငံ သမ္မတသစ်သည် နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ဆက်နွယ်သော ဒုစရိုက် အကြမ်းဖက်မှုများကို နှိမ်နင်းသွားမည်ဟု ကတိပြု ပြောဆိုလိုက်သည်။

အီရတ်သမ္မတ တာလာဘနီ လေဖြတ်သွား

အီရတ်သမ္မတ တာလာဘနီ လေဖြတ်သွား

အီရတ်သမ္မတ ဂျလာလ် တာလာဘနီ လေဖြတ်သွားကြောင်း အီရတ်ဝန်ကြီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ပြောကြားသည်။ သမ္မတ၏ ဆေးအဖွဲ့က ၎င်း၏အခြေအနေ တည်ငြိမ်လာအောင် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က AFP သို့ ပြောကြားသည်။

ဂီတလောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင် ဘရစ်တနီစပီးယား

Photo: ဂီတလောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင် ဘရစ်တနီစပီးယား

Tuesday, 18 December 2012
ဂီတ လောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တေးသံရှင်မှာ ပေါ့ပ်တေးသံရှင် ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကြေညာခဲ့သည်။

ဘရစ်တနီသည် ပြီးခဲ့သည့် နှစ်က သူမ၏ တေးအယ်လ်ဘမ်၊ ရေမွှေးနှင့် ကြော်ငြာများမှ ခန့်မှန်းခြေ အားဖြင့် အမေရိ ကန် ဒေါ်လာ ၅၈ သန်း ဝင်ငွေ ရရှိ ခဲ့ပြီးနောက် နံပါတ်တစ် နေရာကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ကန်ထရီး-ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်က ဝင်ငွေ ၅၇ သန်းဖြင့် ဒုတိယ နေရာ ရရှိခဲ့ပြီး R & B အဆိုတော် ရီဟန်းနားက ဝင်ငွေ ၅၃ သန်းဖြင့် တတိ ယ နေရာ ရရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ဝင်ငွေ အကောင်းဆုံး နံပါတ် တစ်နေရာကို ရရှိခဲ့သော ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါသည် ယခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၂ သန်းဖြင့် နံပါတ်လေး နေရာကိုသာ ရရှိ ခဲ့သည်ဟု သိရသည်။

မြ၀တီ
ဂီတ လောကတွင်ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တေးသံ ရှင်မှာ ပေါ့ပ်တေးသံရှင် ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်

Tuesday, 18 December 2012
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ ပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့  ပြည်သူ့ ဥယျာဉ်၌ ပြုလုပ် ဦးမည် ဖြစ်ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်ဟုသိရသည်။

Mizzima
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ ပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်၌ ပြုလုပ် ဦးမည် ဖြစ်ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်ဟုသိရသည်။

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ်ငယ်သည့် ၂၇  နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖရန့်စကာ ပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထား အလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါ အထီးကျန်သည့် ဝေဒနာကို မခံစား ရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ ကလေးငါးဦး၏ ဖခင် ဘာလူစ ကိုနီက ပြောကြားခဲ့သည်။ 

ထို့ပြင် သူမသည် မိမိသမီးဖြစ်သူ မာရီနာနှင့်လည်း ရင်းနှီး ချစ်ခင်ကြောင်း၊ မိမိအနေဖြင့် သူမအား လေးစား ချစ်ခင်သည့်အပြင် မိမိ၏သားသမီး များနှင့်လည်း အဆင်ပြေသည့်အတွက် သူမအား ကျေးဇူးတင်မိကြောင်း အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ် သည့် ဘာလူစကိုနီက အီတလီ ရုပ်သံတစ်ခု၏ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရ သည်။  

http://www.myawady.net.mm/allnews/global/item/2140-2012-12-18-10-10-39
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ် ငယ်သည့် ၂၇ နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

"၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီဗန်းကိုင်စာရင်း ထွက်ရှိ"

"၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီဗန်းကိုင်စာရင်း ထွက်ရှိ"
( Popular Academy )

၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီဗန်းကိုင်အဖြစ်လျှောက်ထားသူ ၁၁၁ ယောက်ထဲမှ ၈ ယောက်ကို ရွေးချယ်ခဲ့ရာ

၁။ မြနှင်းရည်လွင်
၂။ ဆန်းသစ်လ
၃။ ဟေမာန်သော်တာညိမ်း
၎။ ဆုမြတ်နိုးဦး
၅။ ကြယ်စင်ဆောင်း
၆။ ဖူးပွင့်သခင်
၇။ ရွှေပိုးအိမ်
၈။ သွန်းဆက်

တို့ကို ရွေးချယ်ခဲ့ကြောင်း ဒီဇင်ဘာလ (၁၈)ရက်နေ့ ညနေ ၄ နာရီ က မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာဂျာနယ်သို့ အသိပေးပြော ကြားခဲ့သည်။

https://www.facebook.com/PopularAcademy?ref=ts&fref=ts

၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီဗန်းကိုင်အဖြစ်လျှောက်ထားသူ ၁၁၁ ယောက်ထဲမှ ၈ ယောက် ကို ရွေး ချယ်ခဲ့ရာ

ကန် ဒေါ်လာ ၄၈၅ သန်းတန် ဇိမ်ခံ လေယာဉ်ကြီးကို ဆော်ဒီမင်းသား ဝယ်ယူ

ကြွယ်ဝ ချမ်းသာသည့် ဆော်ဒီမင်းသား အယ်ဝါလိထ် ဘင်တာလာ သည် အမေရိကန် ဒေါ်လာ ၄၈၅ သန်းတန်ဖိုးရှိ ကမ္ဘာ့တန်ဖိုး အကြီးဆုံး နန်းတော်ပျံကြီးဟု တင်စားခြင်းခံရသည့် Airbus-A380 ဇိမ်ခံ လေ ယာဉ်ကြီးတစ်စင်းကိုဝယ်ယူခဲ့ကြောင်း Arabian Business သတင်း ဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။

ကမ္ဘာ တစ်ပတ် ခရီး နှင်ခဲ့သော ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော

ကမ္ဘာ တစ်ပတ် ခရီး နှင်ခဲ့သော ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော

Written by  သုတ
 
နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ ဒီခရီး စဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်း
သတ်မှတ် ခံခဲ့ရ ပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိတဲ့ နေရောင်ခြည် စွမ်းအင် ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။

ဒီသင်္ဘောကို အလွန် ပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက် ထားပြီး ဒီဇိုင်းကိုလည်း ရေခွဲအား အကောင်းဆုံး ဖြစ်အောင် ဖန်တီး ထားပါ တယ်။ မြင်းကောင်ရေ ၂၆ ကောင်အား ရှိတဲ့ လျှပ်စစ် မော်တာ ၄ လုံး တပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်း မောင်းနှင် နိုင်ပါတယ်။ အရှည် ၁၁၅ ပေ ရှိပြီး အရှည်ဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော စာရင်းဝင်လည်း ဖြစ်ပါတယ်။ ယခု ကမ္ဘာတစ်ပတ် ခရီးစဉ် အတွက် အချိန် ၅၈၅ ရက်ကြာ ခရီးနှင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ MS Turanor PlanetSolar သင်္ဘောကို သုတေသန လုပ်ငန်း တွေမှာ အသုံးပြုမှာ ဖြစ်သလို ဈေးကောင်းပေး ၀ယ်ယူ မယ့်သူ ပေါ်လာရင်လည်း ပြန်လည် ရောင်းချ နိုင်တယ်လို့ ဆိုပါတယ်။

Ref : Techspacejournal

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

နရောင်ခြည် စွမ်းအင်သုံး သင်္ဘောMS Turanor Planet Solarဟာမိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်
ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ဒီခရီးစဉ်ဟာ နေရောင်ခြည်စွမ်းအင်သုံး သင်္ဘော
တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်းသတ်မှတ် ခံခဲ့ရ ပါတယ်။

သမ္မတ ဦးသိန်းစိန် အိန္ဒိယ ခရီးစဉ်မတိုင်မီ နယူးဒေလီမှာ ထိုင်သပိတ် စတင်

လက်ပံတောင်း သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းနှင့် ကချင်ပြည်နယ်တွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက သမ္မတ ဦးသိန်းစိန် အိန္ဒိယ ခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ခဲ့သည့် ငါးရက်ကြာ ထိုင်သပိတ်ကို ဆက်လက် ဆင်နွှဲလျက်ရှိကြသည်။

သီရိမင်္ဂလာဈေးဆိုင်ရှင်များ လင်းပြောင်စနစ်ဆိုင်များကြောင့် အခက်တွေ့နေ

သီရိမင်္ဂလာဈေးဆိုင်ရှင်များ လင်းပြောင်စနစ်ဆိုင်များကြောင့် အခက်တွေ့နေ

December 18, 2012Home, သတင်း 

ရန်ကုန်မြို့သီရိမင်္ဂလာကုန် စိမ်းဈေးကြီးမှ ဆိုင်ခန်းရှင်များ သည် ဈေးကြီးထိပ်တွင်ပိတ်ကာ  ရောင်းချနေသော လင်းပြောင် စနစ်ဈေးသည်များကြောင့် အခက်  တွေ့နေရသဖြင့် လင်းပြောင်ဈေး  တန်းကို သတ်မှတ်နေရာသို့ အမြန်ပြောင်းပေးစေလိုကြောင်း   ဒီဇင်ဘာ ၁၈ရက်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်နှင့် တွေ့ဆုံရင်ဖွင့်ပြီး စာဖြင့်  တင်ပြခဲ့ကြသည်။
လင်းပြောင်ဈေးသည်များ  ကြောင့် ဆိုင်ခန်းရှင်များကြုံတွေ့ နေရသော အခက်အခဲများမှာ ဈေးအတွင်း အ၀င်အထွက်လမ်း   ယာဉ်ကြောပိတ်ဆို့ခြင်း၊တရားဝင် ဆိုင်ခန်းပေါင်း၂၁၅၃ခန်းမှာ ဈေး ရောင်းဈေးဝယ်မကောင်းခြင်း၊လင်း ပြောင်ဈေးသည်များကြောင့် ခိုး၊ ဆိုး၊နှိုက်နှင့်လိင်လုပ်သားများ  ကြီးစိုးလာခြင်း၊ကုန်စည်စီးဆင်း မှုယိုယွင်းပျက်စီးခြင်းတို့ဖြစ်ကြောင်း  ဆိုင်ခန်းရှင်းများက တင်ပြခဲ့ကြ သည်။
““လင်းပြောင်ဈေးဆိုင် ၅၅၅  ဆိုင်က ကျွန်မတို့ရုံတွေထိပ်က ပိတ်ရောင်းနေတော့ ကျွန်မတို့ရုံ ထဲကို လူမ၀င်ဘူး။ကျွန်မတို့ဈေး ကညဘက်ပဲအဓိကထားရောင်းရ တာ လင်းပြောင်ဆိုင်တွေကလည်း  ညဖက်မှပဲရောင်းတာဆိုတော့ ပိတ်ဆို့တာပေါ့၊အခုခေတ်ဈေး   ၀ယ်သူဆိုတာ ခလုတ်တိုက်မှဝယ် တာလေ၊နီးစပ်ရာပဲဝယ်ပြီးပြန်တာ၊ ဒီကိစ်္စကိုဈေးတာဝန်ခံရော၊စည် ပင်ရောနောက်ဆုံး သမ်္မတကြီးဆီ  ကို အကြိမ်ကြိမ်တင်ခဲ့ပေမယ့် ယနေ့ထိ အဆင်မပြေသေးပါဘူး”” ဟု ဆိုင်ခန်းရှင်များအရေး ဦး ဆောင်ဆောင်ရွက်ပေးနေသူ ကုန်  စိမ်းအရောင်းအ၀ယ် သက်တမ်း နှစ် ၃၀ခန့်ရှိသော ဒေါ်မိုးမိုးကံသအ နြတျ သို့ပြောသည်။
လင်းပြောင်ဈေးသည်များ အတွက် မူလဈေးရုံကြီးဘေးတွင်  နေရာသတ်မှတ်ထားပေးပြီးဖြစ် သော်လည်း အကြောင်းအမျိုးမျိုး    ပြကာ လင်းပြောင်ဈေးသည်များ   က သတ်မှတ်နေရာသို့ဝင်ရောက် ရောင်းချခြင်းမပြုဘဲ ဈေးထိပ်တွင်  သာ ရောင်းချမြဲရောင်းချနေ ကြောင်း ဆိုင်ခန်းရှင်တို့ကပြော သည်။
““တရားဝင်ဆိုင်တွေတောင်   ၅ပေx၈ပေပဲရှိတာ။သူတို့ကို ၄ပေ  ပတ်လည်ပေးတာ ၅ပေပတ်လည် တိုးတောင်းတယ်။သတ်မှတ်ပေးတဲ့ နေရာမှာ သူတို့အတူတူနေရာမရ ပဲ တကွဲတပြားဖြစ်နေတယ်ဆိုလို့   ကြားခံဖြစ်နေတဲ့အခိုင်အမာ ငွေ ကုန်ခံဆောက်ထားတဲ့ သန့်စင်ခန်း ကိုတောင်ဖျက်ပြီး ပြောင်းပေးလိုက်  တယ်။ဒါလဲ ၀င်မရောင်းကြဘူး။ ဒီဇင်ဘာ(၆)ရက်က သူတို့ကို မဲနှိုက်နေရာချဖို့လုပ်တယ်။သူတို့ က မဲလာမနှိုက်ကြဘူး””ဟု ဆိုင် ခန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါ ကိစ်္စကို ဈေးတာဝန် ခံရုံးသို့ သွားရောက်မေးမြန်းရာ တာဝန်ရှိသူက ““ဒီ ၅၅၅ပျံကျဈေး   သည်တွေဖြစ်လာအောင်လည်း ဒီဆိုင်ခန်းရှင်တွေပဲ မွေးထုတ်ခဲ့   တာပါ။သူတို့ချင်းပြေလည်တုန်း ကတော့ ဘာသံမှအထွက်ပဲ မ ပြေလည်တဲ့အခါကျမှ ဖြေရှင်းပေး  ဟုဆိုပြီးပြောတယ်။ဒီလ ၂၃ရက်  မှာ မဲနှိုက်နေရာချမယ်။ကျွန်တော် တို့အနေနဲ့ဈေးသည်တွေ ပြေ လည်အောင်၊အဆင်ပြေအောင်   ဆောင်ရွက်ပေးမှာပါ””ဟုပြော ကြားခဲ့သည်။
လင်းပြောင်ဈေးသည် ၅၅၅  ဦးကို တစ်ညလျှင်ငွေကျပ် ၂၀၀ ဈေးကောက်ကောက်ပြီး အဆိုပါ   ၅၅၅ဦးမှတစ်ဆင့် ဆင့်ပွားဖြစ် ပေါ်လာသော ဈေးသည်များမှာ ၁၅၀၀ခန့်ရှိကြောင်း ဆိုင်ခန်းရှင်   တို့က ပြောသည်။
ယခုလ ၂၃ရက်တွင် လင်း ပြောင်ဈေးသည်များကို သတ်မှတ်  နေရာသို့ မဲနှိုက်နေရာချပေးမည် ဖြစ်သော်လည်း ယခင်က ထိုကဲ့ သို့ စီစဉ်ပြီးမှ ပျက်ပြယ်ခဲ့သည့် အကြောင်းများကို ထောက်ချင့် ကာ ယခု အစီအစဉ်အပေါ်တွင် လည်း ယုံကြည်အားကိုးမှုလျော့  ရဲနေကြောင်း ဆိုင်ခန်းရှင်တို့က  ပြောသည်။

 

ညီညီအောင်


အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News

December 18, 2012Home, သတင်း

ရန်ကုန်မြို့သီရိမင်္ဂလာကုန် စိမ်းဈေးကြီးမှ ဆိုင်ခန်းရှင်များ သည် ဈေးကြီးထိပ်တွင်ပိတ်ကာ ရောင်းချနေ
သာ လင်းပြောင် စနစ်ဈေးသည်များကြောင့် အခက် တွေ့နေရသဖြင့် လင်းပြောင်ဈေး တန်းကိုသတ်မှတ်
နရာသို့ အမြန်ပြောင်းပေးစေလိုကြောင်း ဒီဇင်ဘာ ၁၈ရက်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း
ညွန့်နှင့် တွေ့ဆုံရင်ဖွင့်ပြီး စာဖြင့် တင်ပြခဲ့ကြသည်။

မိုဘို်င်းဖုန်းအသစ်ကိုသာရောင်းချမည့် ၀က်ဘ်ဆိုက်လွှင့်တင်

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသစ်စက်စက် များအား အွန်လိုင်းမှ ၀ယ်ယူနိုင်မည့်ဝက်ဘ်ဆိုက်တစ်ခုအား ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ၀က်ဘ်ဆိုက်တွင်အရည်အသွေးမြင့် မိုဘိုင်းဖုန်းအသစ်များကို သာရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"

"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"

ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။

“ဇန်နဝါရီ ၁၂ ရက် နေ့မှာ လုပ်မှာပါ။ လုပ်ချင် တာကတော့ သုဝဏ္ဏ မှာ လုပ်ချင်တယ်။ ရ၊ မရ တော့ မသိသေးဘူး။ တင်တော့ တင်ထားတယ်။ တကယ်လို့ မရရင်တော့ ပြည်သူ့ ရင်ပြင်မှာ ပဲလုပ်ဖြစ်မယ်။ အခုပါမယ့် အဆိုတော်တွေ စပြီး ညှိနေပြီ။ သီချင်းတိုက်ဖို့ ရက်လည်း ရွေးပြီးပြီ။ လူကြီးလူငယ် အရွယ်စုံပါမှာပါ” ဟု အဆိုပါ ပွဲကို စီစဉ်သူ ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုစန်းက ပြောသည်။
 တေးသံရှင်ကြီး မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပဖြစ်ပုံနဲ့ ပါတ်သက်ပြီး လည်း ကိုဘိုစန်းက..
“ကျွန်တော်တို့  ငယ်ငယ်က တည်းက လေးစားခဲ့၊  ကြိုက်နှစ်သက်တဲ့သူ ဆိုတော့ အရင်ကတည်းက ပွဲလုပ်ချင်တာပါ။ ဘာပဲပြောပြော သူ့ကို ကမ်းလှမ်းတဲ့ သူတွေ အများကြီး ထဲက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့ အတွက် အန်တီမာမာအေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကျင်းပ ခွင့်ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါ တယ်” ဟု ကိုဘိုစန်းက ပြော ပြီး ဒေါ်မာမာအေး ပြန်မည့်ရက်ကိုတော့ အတိအကျ မသိသေးကြောင်းလည်း ပြောသည်။

ရဲရဲ

‎ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရှင်ကြီး
မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။

ဘီဘီစီ၏ ရုပ်သံလိုင်းသုံးလိုင်းမြန်မာနိုင်ငံတွင် ပြသမည်

ဘီဘီစီ၏ ရုပ်သံလိုင်းသုံးလိုင်းမြန်မာနိုင်ငံတွင် ပြသမည်

ဗြိတိန်၊ဒီဇင်ဘာ - ၁၈

ဗြိတိသျှအသံလွှင့်ဌာန(ဘီဘီစီ)၏ အခပေးရုပ်သံလိုင်းသုံးလိုင်းအားဇန်န၀ါရီလ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်စတင်ပြသတော့မည်ဖြစ်ကြောင်း ဘီဘီစီကကြေညာလိုက်သည်။

ကလေးငယ်များအတွက်In the Night Garden, Teletubbies နှင့်Mister Maker အစရှိသော ဇာတ်လမ်းများကို Cbeebies ရုပ်သံ လိုင်းမှလည်းကောင်း၊DoctorWho နှင့်The Graham Norton Show စသော အစီအစဉ်များကို BBC Entertainment မှလည်းကောင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် ၂၄ နာရီ ကမ္ဘာ့သတင်းများတင်ဆက်သည့်BBC World Newsကိုလည်း သီးသန့်လိုင်းတစ်လိုင်းမှ ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းအပြင် အင်္ဂလိပ်ဘာသာဖြင့်ပင်BBC World Service in Asia အစီအစဉ်အားဇန်န၀ါရီလ၁ ရက်မှစ၍ ForeverGroup အခပေးရုပ်သံလိုင်းနှင့်ပူးပေါင်း၍ ပြသသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအားကမ္ဘာကြီးသို့ဖွင့်ပေးရာတွင် ဘီဘီစီ ပါဝင်နိုင်ခြင်းအတွက်များစွာဂုဏ်ယူမိကြောင်း ဘီဘီစီကမ္ဘာ့သတင်းများဌာန ဒါရိုက်တာ ပီတာဟိုးရော့စ်က ပြောကြားသည်။

Ref : The Guardian,7Days News

အေးချမ်းမွန်မှ  Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun

ဗြိတိန်၊ဒီဇင်ဘာ - ၁၈

ဗြိတိသျှအသံလွှင့်ဌာန(ဘီဘီစီ)၏ အခပေးရုပ်သံလိုင်းသုံးလိုင်းအားဇန်န၀ါရီလ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ
တွင်စတင်ပြသတော့မည်ဖြစ်ကြောင်း ဘီဘီစီကကြေညာလိုက်သည်။

နာမည်ကျော် ဟောလီးဝုဒ် မင်းသမီးစကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ  Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိရသည်။

 (၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာအတွင်း ထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူ ပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခုအခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြု ကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက် စွဲချက်တင်ခံခဲ့ရသည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး Emailနှင့် ဖုန်းအကောင့်များကိုပါ ခိုးယူခဲ့ပြီး အလားတူ ပစ်မှတ်မျိုးကို မီလာ ကူနစ်နှင့် ခရစ္စတီးနား အဂွီလာရာတို့ကဲ့သို့ Celebrityများထံပါ ဦးတည်ခဲ့ဖူးသည်။

လော့စ်အန်ဂျလိစ် တရားရုံး တစ်ခုက ယင်းအမှုအခင်းများနှင့် ပတ်သက်ပြီး ချန်နေးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်တစ်ရပ်ကို ဒီဇင်ဘာလ (၁၇)ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

 တရားသူကြီး ဂျိမ်းစ် အိုတီရိုက စကားလက်၏ မျက်ရည်လည်ရွဲ လျှောက်လှဲထားသည့် ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ယခုပြစ်ဒဏ်ကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

 ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး ဖိုင်များကို မွှေနှောက်ကာ ကိုယ်ပိုင် ဓာတ်ပုံများကို ရယူခဲ့ခြင်း ဖြစ်သည်။

စကားလက်နှင့် ခင်ပွန်းဟောင်း ရိုင်ယန်ရေးနိုးလ်တို့၏ ဗလာကျင်း ဓာတ်ပုံများကိုလည်း ၎င်းက အင်တာနက်မှတစ်ဆင့် ဖြန့်ဝေခဲ့သေးသည်။



အေးချမ်းမွန်မှ  Planet News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet News

စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်
ချမှတ်လိုက်ပြီဟု သိရှိရသည်။

ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

တကယ်ပဲ လူစင်စစ် မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့်သွင်း ခဲ့ပါတယ်။ 

Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီး Sexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံ အင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေး ပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး ပါတယ်။ သို့ပေမယ့် တစ်လမကြာပဲ အမှန်တရားကို ပြန်လည်ကြေညာပေး ခဲ့ပါတယ်။ 

ယင်းအဖွဲ့ဝင်သစ် Aimi Eguchi ဟာ တကယ့်လူအစစ်မဟုတ်ပဲ ကွန်ပြူတာ နည်းပညာဖြင့် ဖန်တီးသော CGI ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့  အသံ၊ မျက်နှာ၊ မျက်လုံး၊ ဆံပင်၊ ဘော်ဒီ အားလုံးကို အဖွဲ့ဝင် အဆိုတော် ၆ ဦးလောက်ကနေ ယူပြီး ပေါင်းစပ်ပေးထား တာ ဖြစ်ပါတယ်။ တကယ်တန်း ကြေညာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက လာတဲ့ ၁၆ နှစ်သမီးလေး အဆိုတော် လတ်လတ်ဆတ်ဆတ် လို့ ကြေညာပါတယ်။ 

AKB48 ဟာ အဖွဲ့ဝင် ၉၁ ဦး ဝန်းကျင်ရှိတဲ့ ကမ္ဘာကျော် ဝင်ငွေ စံချိန်တင် ဂီတ အဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ အေ၊ ဘီ၊ စီ အစရှိသဖြင့် ခွဲလို့ ရှိုးပွဲတွေရော၊ အယ်လ်ဘမ်တွေရော ဆက်တိုက်ထုတ်ပါတယ်။ ယနေ့တိုင် လူကြိုက် များနေဆဲ ဖြစ်ပါတယ်။ 

သို့ပေမယ့် တကယ် ရုပ်ရှင်ထဲကလိုပဲ အပြင်မှာ မရှိတဲ့ လူတစ်ယောက်ကို အဆိုတော် အသစ်အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ AKB48 ရဲ့  လုပ်ရပ်က ယနေ့တိုင် ငိုရမလို၊ ရယ်ရမလို အကြောင်းအရာလေး တစ်ခုအဖြစ် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ 
-----
Ref: wiki

http://www.innewsmyanmar.com/2012/12/akb48-aimi-eguchi.html

-----

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar

တကယ်ပဲ လူစင်စစ် မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့်သွင်း ခဲ့ပါတယ်။

ယနေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။