Pages

Tuesday, December 18, 2012

အီရတ်သမ္မတ တာလာဘနီ လေဖြတ်သွား

အီရတ်သမ္မတ တာလာဘနီ လေဖြတ်သွား

အီရတ်သမ္မတ ဂျလာလ် တာလာဘနီ လေဖြတ်သွားကြောင်း အီရတ်ဝန်ကြီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ပြောကြားသည်။ သမ္မတ၏ ဆေးအဖွဲ့က ၎င်း၏အခြေအနေ တည်ငြိမ်လာအောင် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က AFP သို့ ပြောကြားသည်။
သမ္မတ တာလာဘာနီ ဆေးကုသမှုခံယူနေရသော ဘဂ္ဂဒက်မြို့ရှိ ဆေးရုံသို့ အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ် မာလီခီ လာရောက်သွားကြောင်း သိရသည်။

ဆရာဝန်များအနေဖြင့် သမ္မတ တာလာဘာနီအား ဘဂ္ဂဒက်၌ပင် ဆေးကုသမှု ဆက်လက်ပြုလုပ်မည် သို့မဟုတ် အခြား နိုင်ငံတစ်နိုင်ငံသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ရမည်ဆိုခြင်းကို မဆုံးဖြတ်နိုင်သေးချေ။


Planet Myanmar Network:

0 comments:

Post a Comment