Pages

Tuesday, December 18, 2012

ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ


Photo: ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ
Monday, 17 December 2012

နတ်တော်ညချမ်းတစ်ခုမှ ချမ်းအေးမှုအောက်တွင် နံ့သာစုံတို့၏ ရနံ့သင်းထုန်စွာဖြင့် ခြိမ့်ခြိမ့်သဲ ဆိုင်းသံဗုံသံများကြား ယိမ်းထိုးလှုပ်ရှားနေသော ခန္တာတစ်ခု။

အမျိုးအမည်ပင် မသိသည့် အမှတ်ရုပ်ထုများ တည်ရှိနေရာ စင်မြင့်အဆင့်ဆင့်တွင် အစီအရီ ထွန်းညှိထားသော အမွှေးတိုင် မီးခိုးငွေ့များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော ရိုးရာ ၀တ်စုံမှပုဝါပါးပါးက စည်းချက်ညီညီလွှင့်မျောနေသည်။

နှစ်တစ်နှစ်၏ နတ်တော်လဆန်းတိုင်းတွင် ပြုလုပ်နေကြ ရိုးရာကန္နားပွဲများကို `ဒေါ်မိုးမိုး´ အပါအ၀င် နိုင်ငံတစ်ဝှမ်းလုံးရှိ `ကန္နားစီး´ များ အားလုံး စီစဉ်ကျင်းပခဲ့သည်မှာ သားစဉ်မြေးဆက် ရှေးပဝေသဏီ ကတည်းကဟု ဆိုရမည်ပင်။

`ကျမ အိမ်ထောင်ပြုမယ်ဆိုတော့ အသက်(၂၀)ကတည်းက နတ်နဲ့လက်ဆက်ထားတဲ့အကြောင်း အိမ်ထောင်ဖက် အမျိုးသားကို အသိပေးလိုက်တုန်းက ပြဿနာတော်တော်တက်ခဲ့တယ်။ နောက် တော့မှ သူက နားလည်ပေးခဲ့တာ´ဟု ဒေါ်မိုးမိုးက ရင်ဖွင့်သည်။

အသားညိုညိုနှင့် အမြဲပြုံးရွှင်နေသည့် မျက်နာကို ပိုင်ဆိုင်
ထားသော ဒေါ်မိုးမိုးသည်  အသက် (၂၀)ကျော် ကတည်းက ကန္နားစီးတစ်ယောက်ဖြစ်ခဲ့ပြီး အခုဆိုရင်  အသက်(၅၅)နှစ်အရွယ်သို့ ချည်းနင်း ၀င်ရောက်နေပြီဖြစ်သော်လည်း ကခုန်နေဆဲ။

သူမ၏ အမျိုးသားက လွန်ခဲ့သည့်နှစ်အနည်းငယ်က ယာဉ်မတော်တဆ ထိခိုက်မှုနှင့်  ကွယ်လွန် သွားခဲ့သည်။ သူမှာတော့ သားသမီး
(၃)ယောက်နှင့်အတူ ကန္နားစီး ဘဝကို မက်မောနေဆဲ ။

သာမာန်အရပ်သားတစ်ယောက်လို လွတ်လပ်စွာ နေထိုင်ခွင့်နည်းပါးသော ကန္နားစီးတစ်ယောက်၏ ဘ၀ကို တော်ယုံလူရွေးချယ်နိုင်ဖို့ ခဲယဉ်းသလို ရွေးချယ်ထားသူများအတွက် ကြုံတွေ့ရသော အခက်အခဲများကလဲ များမှ…များ။

`သားသမီးတွေ ငယ်တုန်းကဆို ကျောင်းပြန်လာတိုင်း ငိုပြီးပြန်လာတယ်၊ နတ်ကတော် သား/သမီး ဆိုပြီး လူတွေက ၀ိုင်းစလို့…တဲ့၊ ကျမ စဉ်းစားကြည့်ဖူးတယ် နတ်ကတော်ဆိုတာ မကောင်းမှုကို လုပ်တဲ့သူမှ မဟုတ်တာ၊ ဘာလို့ အဲ့လို လှောင်ပြောင်စရာ တစ်ခု ဖြစ်နေရတာလဲ၊

..တစ်ချို့က စုန်းလိုလို ကဝေလိုလိုစွပ်စွဲပြီး ကဲ့ရဲတတ်ကြသလို အလကား နေရင်းရွံကြောက်ဖြစ်နေတဲ့ သူတွေ၊ မခေါ်နိုင်
မပြောနိုင်နဲ့ ရှောင်ဖယ်နေတဲ့သူတွေလဲရှိတယ်’ ဟု ဒေါ်မိုးမိုးက ပြောသည်။

သို့သော်`ရွှေ´တို့၏ တိုင်းပြည်အတွင်း ရိုးရာယဉ်ကျေးမှုအရ ယုံကြည်စွာကိုးကွယ်နေသူများ ရှိနေသရွေ့ တာဝန်ဝတ္တရားနှင့်စောင့် ထိန်းမှုများပြားလာသ၍ စည်းမျဉ်းဆောင်တာ ကျဉ်းကျပ်လှ သော `ကန္နားစီး´ (အရပ်အခေါ်-နတ်ကတော်) ဘ၀နှင့် ရှင်သန်သူ များကလဲ ရှိနေဆဲ။

စိတ်ရင်းစေတနာကောင်းလှပါသည် ဟု အရှေ့တောင်အာရှတွင် နာမည်ကြီးသော`ရွှေ´တို့၏ အသိုက်အ၀န်း၌ တိတ်တဆိတ်
တွယ်ကပ်ပါလာတတ်သော`လှောင်ပြောင် နှိမ့်ချခြင်း အတတ် ပညာ´မှာ တသီးတသန့် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း မရှိဖူးသော်လည်း လူမှုအသိုင်းအ၀န်း များ၌ ရှိနေဆဲ။

နတ်ကိုဗန်းပြကာ လိမ်ညာဂွင်ဆင်ရိုက်စားလုပ်တတ်သော မသမာ
သူများကြောင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော အစစ်အမှန် ကန္နားစီးများအဖို့ သိက္ခာကျခဲ့ရသည်မှာ အခါခါ။

ပြည်သူ့ကြေးမုံသဖွယ် အသိပညာဖြန့်ဝေပေးသော ဗွီဒီယိုဇာတ်ကားကဲ့သို့ မီဒီယာအချို့တွင်လည်း ကန္နားစီးတစ်ယောက်၏ သရုပ်ဆောင်ချက်သည် ဟာသတစ်ခု/လိမ်ညာဟန်ဆောင်သူ အဖြစ် သရုပ်ဖေါ် ခံခဲ့ရသေးသည်။
 
`နာမည်ကြီးမင်းသားကြီးတစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကန္နားစီးနေရာမှာသရုပ်ဆောင်ပြီး ပြောသွားတဲ့ စကားတစ်ခွန်း ရှိတယ် `ငါကဒီဘ၀ကို အနေချောင်လို့ နေနေတာ´တဲ့၊ အဲ့ဒီစကား တစ်ခွန်းရဲ့ ရိုက်ခတ်မှုက ကန္နားစီးအားလုံး ဟာ အဲ့လိုရည်ရွယ်ချက်နဲ့ဖြစ်နေရသလို သဘော သက်ရောက် စေတယ်လေ´ဟု ဒေါ်မိုးမိုးက ဆိုသည်။

မြန်မာသက္ကရာဇ်တိုင်း၏ နတ်တော်လ၊ တပေါင်းလနှင့် ၀ါခေါင်လများသည် ကန္နားစီးတို့အတွက် တစ်နှစ်စာဝင်ငွေရရှိနိုင်သော ပွဲတော်ကာလများဖြစ်ပြီး အခြားအချိန်များတွင် အရေးကိစ္စများအတွက် ကန်တော့ပွဲထိုးသူနှင့် နတ်မေးသူအချို့သာ ခပ်ကျဲကျဲရှိတတ်၍ ၀မ်းဝဖို့ မပူရသော်လည်း 
နောက်ခံ ထောက်ပံ့ပေးသူ မရှိက ခါးလှဖို့ တော့ မသေချာ။

ကိုးကွယ်သူ၊ ကန္နားပေးသူများအတွက်`ကန္နားစီး´ တစ်ယောက်သည် ဆရာတစ်ဆူဖြစ်နိုင်သော် လည်း စောင့်ထိန်းရမည့် ၀တ္တရားများနှင့်
ရှောင်ကျဉ်ရသည့်စည်းကမ်းချက်များက လူ့အသိုင်းအ၀ိုင်း မှာ ကဲ့ရဲ့စရာတစ်ခုအဖြစ် အလိုလိုဖြစ်တည် နေတုန်းပင်။

နတ်ကိုးကွယ်မှုနှင့် ကန္နားစီးတို့၏ ဘ၀ကို လက်ခံနားလည်ပေးနိုင်သူ
တွေရှိသလို ခေတ်ပညာနှင့် နှိုင်းယှဉ်ပြီး လက်မခံနိုင်စွမ်းရှိသူတွေလည်း ရှိနေဆဲ။

`ရိုးရာတော့ ရိုးရာကဏ္ဍတစ်ပိုင်းပေါ့။ မိန်းမတွေဖြစ်ပြီး အရက်သောက်တာ၊ ကခုန်တာ၊  နှုတ်ကြမ်း အာကြမ်းနှင့် ပြောတတ်ဆိုတတ်ကြတာတွေက လူ့အသိုင်းအ၀ိုင်းမှာ မသင့်တော်သလိုဖြစ်နေတယ်´ ဟု အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦးက မှတ်ချက်ချသည်။

လူသားတိုင်းအတွက် ကိုယ်ရှင်သန်ရာ ၀ါသနာနှင့်အသိုက်အ၀န်းဆိုသည်မှာ ပိုင်ဆိုင်ရာကံကြမ္မာနှင့် ဖန်တီးနိုင်မှု တစ်ဝက် ပါဝင်သော ဘ၀ပုံစံ
တစ်ခုဆိုလျှင် မှားမည်မထင်။

သို့သော်…….မိမိရွေးချယ်လိုက်သော ဘ၀တစ်ခုသည် အခြားလူသားများ
အတွက် လှောင်ပြောင်စရာ တစ်ခု ဖြစ်နေလျှင်တော့ မလွယ်ရေးချ…မလွယ်။

အထူးသဖြင့် သာမာန်ထက် ကွဲပြားခြားနားသော အခြေအနေများတွင်
လှောင်ပြောင်နှိမ့်ချခြင်းကိစ္စရပ် များက မဖြစ်မနေဖြစ်ရမည့် သဘာဝအလား စွဲမြဲစွာကျင့်သုံးနေကြသော်လည်း၊ ရွှေတို့၏ တိုင်းပြည် တွင် `တောင်ပြုံးပွဲတော်´ကဲ့သို့သော အထိမ်းအမှတ်ပွဲများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိနေခြင်း ကတော့ ကန္နားစီးတို့အတွက် အားတက်စရာတစ်ခုပင်။

ဒေါ်မိုးမိုးကတော့ `အနာဂတ်အတွက် စိတ်တိုင်းကျပုံသွင်း
ခွင့်မရနိုင်တဲ့သူမရဲ့မျိုးဆက်တာဝန်´ကို သားသမီးတွေအပေါ်
မလွှဲပြောင်းပေးတော့ကြောင်း ဆိုသည်။

`လွန်ခဲ့တဲ့နှစ်တွေတုန်းက ထက်စာရင်တော့ နားလည်မှုတွေများပြားလာတဲ့ ဒီခေတ်ကြီးမှာ ကန္နားစီး တစ်ယောက်ကို ခွဲခြားဆက်ဆံတာမျိုး
ရှောင်ဖယ်တာမျိုးတွေ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့်.. ဘာတွေဘယ်လိုပဲ တိုးတက်ပြောင်းလဲလာပါစေ။ ရိုးရာဆိုတာတော့ ဘယ်တော့မှပျောက်ပျက်
သွားမှာ မဟုတ်ဘူး။ ရိုးရာဓလေ့တွေ မပျောက်ပျက်သေးသရွေ့တော့ ကန္နားစီးတွေလဲရှိနေဦးမှာပါပဲ´ဟု ဒေါ်မိုးမိုးက လေသံအေးအေးဖြင့်
ပြောသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup
နတ်တော်ညချမ်းတစ်ခုမှချမ်းအေးမှုအောက်တွင်နံ့သာစုံတို့၏ရနံ့သင်းထုန်စွာဖြင့်ခြိမ့်ခြိမ့်သဲဆိုင်းသံဗုံသံများ
ကြား ယိမ်းထိုး လှုပ်ရှားနေသော ခန္တာတစ်ခု။ အမျိုးအမည်ပင်မသိသည့်အမှတ်ရုပ်ထုများတည်ရှိနေရာစင်မြင့်အဆင့်ဆင့်တွင်အစီအရီ ထွန်းညှိထားသော အမွှေးတိုင် မီးခိုးငွေ့ များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော ရိုးရာ ၀တ်စုံမှ ပုဝါပါးပါးက စည်းချက်ညီညီလွှင့်မျောနေသည်။

နှစ်တစ်နှစ်၏နတ်တော်လဆန်းတိုင်းတွင်ပုလုပ်နေကြရိုးရာကန္နားပွဲများကို`ဒေါ်မိုးမိုးအပါအ၀င် နိုင်ငံတစ်ဝှမ်း
လုံးရှိ `ကန္နားစီး´ များ အားလုံး စီစဉ်ကျင်းပခဲ့သည်မှာ သားစဉ်မြေးဆက် ရှေး ပဝေသဏီ ကတည်းကဟု ဆိုရမည်ပင်။

`ကျမအိမ်ထောင်ပြုမယ်ဆိုတော့အသက်(၂၀)ကတည်းကနတ်နဲ့လက်ဆက်ထားတဲ့အကြောင်း အိမ်ထောင်
ဖက်အမျိုးသားကိုအသိပေးလိုက်တုန်းကပြဿနာတော်တော်တက်ခဲ့တယ်။နောက်တော့မှသူက နားလည်
ပေးခဲ့တာ´ဟု ဒေါ်မိုးမိုးက ရင်ဖွင့်သည်။

အသားညိုညိုနှင့် အမြဲပြုံးရွှင်နေသည့် မျက်နာကို ပိုင်ဆိုင်ထားသော ဒေါ်မိုးမိုးသည် အသက် (၂၀)ကျော် ကတည်းကကန္နားစီးတစ်ယောက်ဖြစ်ခဲ့ပြီးအခုဆိုရင်အသက်(၅၅)နှစ်အရွယ်သို့ချည်းနင်း ၀င်ရောက်နေ
ပြီဖြစ်သော်လည်း ကခုန်နေဆဲ။

သူမ၏ အမျိုးသားက လွန်ခဲ့သည့်နှစ်အနည်းငယ်က ယာဉ်မတော်တဆ ထိခိုက်မှုနှင့် ကွယ်လွန် သွားခဲ့သည်။ သူမှာတော့ သားသမီး(၃)ယောက်နှင့်အတူ ကန္နားစီး ဘဝကို မက်မောနေဆဲ ။

သာမာန်အရပ်သားတစ်ယောက်လို လွတ်လပ်စွာ နေထိုင်ခွင့်နည်းပါးသော ကန္နားစီးတစ်ယောက်၏ ဘ၀ကို တော်ယုံလူရွေးချယ်နိုင်ဖို့ ခဲယဉ်းသလို ရွေးချယ်ထားသူများအတွက် ကြုံတွေ့ရသော အခက်အခဲများကလဲ များမှ…များ။

`သားသမီးတွေ ငယ်တုန်းကဆို ကျောင်းပြန်လာတိုင်း ငိုပြီးပြန်လာတယ်၊ နတ်ကတော် သား/သမီး ဆိုပြီး လူတွေက ၀ိုင်းစလို့…တဲ့၊ ကျမ စဉ်းစားကြည့်ဖူးတယ် နတ်ကတော်ဆိုတာ မကောင်းမှုကို လုပ်တဲ့သူမှ မဟုတ်တာ၊ ဘာလို့ အဲ့လို လှောင်ပြောင်စရာ တစ်ခု ဖြစ်နေရတာလဲ၊

..တစ်ချို့က စုန်းလိုလို ကဝေလိုလိုစွပ်စွဲပြီး ကဲ့ရဲတတ်ကြသလို အလကား နေရင်းရွံကြောက်ဖြစ်နေတဲ့ သူတွေ၊ မခေါ်နိုင်မပြောနိုင်နဲ့ ရှောင်ဖယ်နေတဲ့သူတွေလဲရှိတယ်’ ဟု ဒေါ်မိုးမိုးက ပြောသည်။

သို့သော်`ရွှေ´တို့၏ တိုင်းပြည်အတွင်း ရိုးရာယဉ်ကျေးမှုအရ ယုံကြည်စွာကိုးကွယ်နေသူများ ရှိနေသရွေ့ တာဝန်ဝတ္တရားနှင့်စောင့် ထိန်းမှုများပြားလာသ၍ စည်းမျဉ်းဆောင်တာ ကျဉ်းကျပ်လှ သော `ကန္နားစီး´ (အရပ်အခေါ်-နတ်ကတော်) ဘ၀နှင့် ရှင်သန်သူ များကလဲ ရှိနေဆဲ။

စိတ်ရင်းစေတနာကောင်းလှပါသည် ဟု အရှေ့တောင်အာရှတွင် နာမည်ကြီးသော`ရွှေ´တို့၏ အသိုက်အ၀န်း၌ တိတ်တဆိတ်တွယ်ကပ်ပါလာတတ်သော`လှောင်ပြောင် နှိမ့်ချခြင်း အတတ် ပညာ´မှာ တသီးတသန့် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း မရှိဖူးသော်လည်း လူမှုအသိုင်းအ၀န်း များ၌ ရှိနေဆဲ။

နတ်ကိုဗန်းပြကာ လိမ်ညာဂွင်ဆင်ရိုက်စားလုပ်တတ်သော မသမာသူများကြောင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော အစစ်အမှန် ကန္နားစီးများအဖို့ သိက္ခာကျခဲ့ရသည်မှာ အခါခါ။

ပြည်သူ့ကြေးမုံသဖွယ် အသိပညာဖြန့်ဝေပေးသော ဗွီဒီယိုဇာတ်ကားကဲ့သို့ မီဒီယာအချို့တွင်လည်း ကန္နားစီးတစ်ယောက်၏ သရုပ်ဆောင်ချက်သည် ဟာသတစ်ခု/လိမ်ညာဟန်ဆောင်သူ အဖြစ် သရုပ်ဖေါ် ခံခဲ့ရသေးသည်။

`နာမည်ကြီးမင်းသားကြီးတစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကန္နားစီးနေရာမှာ သရုပ်ဆောင်ပြီး ပြော သွားတဲ့ စကားတစ်ခွန်း ရှိတယ် `ငါကဒီဘ၀ကို အနေချောင်လို့ နေနေတာ´တဲ့၊ အဲ့ဒီစကား တစ်ခွန်းရဲ့ ရိုက်ခတ်မှုက ကန္နားစီးအားလုံးဟာ အဲ့လိုရည်ရွယ်ချက်နဲ့ဖြစ်နေရသလို သဘောသက်ရောက် စေ တယ်လေ´ဟု ဒေါ်မိုးမိုးက ဆိုသည်။

မြန်မာသက္ကရာဇ်တိုင်း၏ နတ်တော်လ၊ တပေါင်းလနှင့် ၀ါခေါင်လများသည် ကန္နားစီးတို့အတွက် တစ်နှစ်စာဝင်ငွေရရှိနိုင်သော ပွဲတော်ကာလများဖြစ်ပြီး အခြားအချိန်များတွင် အရေးကိစ္စများအတွက် ကန်တော့ပွဲထိုးသူနှင့် နတ်မေးသူအချို့သာ ခပ်ကျဲကျဲရှိတတ်၍ ၀မ်းဝဖို့ မပူရသော်လည်း
နောက်ခံ ထောက်ပံ့ပေးသူ မရှိက ခါးလှဖို့ တော့ မသေချာ။

ကိုးကွယ်သူ၊ ကန္နားပေးသူများအတွက်`ကန္နားစီး´ တစ်ယောက်သည် ဆရာတစ်ဆူဖြစ်နိုင်သော် လည်း စောင့်ထိန်းရမည့် ၀တ္တရားများနှင့်ရှောင်ကျဉ်ရသည့်စည်းကမ်းချက်များက လူ့အသိုင်းအ၀ိုင်း မှာ ကဲ့ရဲ့စရာတစ်ခုအဖြစ် အလိုလိုဖြစ်တည် နေတုန်းပင်။

နတ်ကိုးကွယ်မှုနှင့် ကန္နားစီးတို့၏ဘ၀ကို လက်ခံနားလည်ပေးနိုင် သူ တွေရှိသလို ခေတ် ပညာနှင့် နှိုင်း ယှဉ်ပြီး လက်မခံနိုင်စွမ်းရှိသူတွေလည်း ရှိနေဆဲ။

`ရိုးရာတော့ ရိုးရာကဏ္ဍတစ်ပိုင်းပေါ့။ မိန်းမတွေဖြစ်ပြီး အရက်သောက်တာ၊ ကခုန်တာ၊ နှုတ်ကြမ်း အာကြမ်းနှင့် ပြောတတ်ဆိုတတ်ကြတာတွေက လူ့အသိုင်းအ၀ိုင်းမှာ မသင့်တော်သလိုဖြစ်နေတယ်´ ဟု အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦးက မှတ်ချက်ချသည်။

လူသားတိုင်းအတွက်ကိုယ်ရှင်သန်ရာဝါသနာနှင့်အသိုက်အ၀န်းဆိုသည်မှာပိုင်ဆိုင်ရာကံကြမ္မာနှင့်ဖန်တီးနိုင်
မှု တစ်ဝက် ပါဝင်သော ဘ၀ပုံစံတစ်ခုဆိုလျှင် မှားမည်မထင်။

သို့သော်…….မိမိရွေးချယ်လိုက်သော ဘ၀တစ်ခုသည် အခြားလူသားများအတွက် လှောင်ပြောင်စရာ တစ်ခု ဖြစ်နေလျှင်တော့ မလွယ်ရေးချ…မလွယ်။

အထူးသဖြင့်သာမာန်ထက်ကွဲပြားခြားနားသော အခြေအနေများတွင်လှောင်ပြောင်နှိမ့်ချခြင်းကိစ္စရပ် များက မဖြစ်မနေဖြစ်ရမည့်သဘာဝအလားစွဲမြဲစွာကျင့်သုံးနေကြသော်လည်း၊ရွှေတို့၏တိုင်းပြည်တွင် `တောင်ပြုံးပွဲ
တော်´ကဲ့သို့သော အထိမ်းအမှတ်ပွဲများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိနေခြင်း ကတော့ ကန္နားစီးတို့အတွက် အားတက်စရာတစ်ခုပင်။

ဒေါ်မိုးမိုးကတော့`အနာဂတ်အတွက်စိတ်တိုင်းကျပုံသွင်းခွင့်မရနိုင်တဲ့သူမရဲ့မျိုးဆက်တာဝန်´ကိုသားသမီးတွေ
အပေါ်မလွှဲပြောင်းပေးတော့ကြောင်း ဆိုသည်။

လွန်ခဲ့တဲ့နှစ်တွေတုန်းကထက်စာရင်တော့နားလည်မှုတွေများပြားလာတဲ့ဒီခေတ်ကြီးမှာကန္နားစီးတစ်ယောက်
ကိုခွဲခြားဆက်ဆံတာမျိုးရှောင်ဖယ်တာမျိုးတွေသိပ်မရှိတော့ပါဘူး။ဒါပေမယ့်..ဘာတွေဘယ်လိုပဲ တိုးတက်
ပြောင်းလဲလာပါစေ။ရိုးရာဆိုတာတော့ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ဘူး။ရိုးရာဓလေ့တွေမပျောက်
ပျက်သေးသရွေ့တော့ ကန္နားစီးတွေလဲ ရှိနေဦးမှာ ပါပဲ´ဟု ဒေါ်မိုးမိုးက လေသံအေးအေးဖြင့်ပြောသည်။

  ( မြစ်မခ )
Myit Makha Mediagroup

0 comments:

Post a Comment