Pages

Wednesday, March 13, 2013

၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ကျင်းပပြုလုပ်

၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ပွဲတွင် ကမ္ဘာမကျေဘူးသီချင်းကို သံပြိုင်သီဆိုနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်က
ိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ပွဲတွင် ကမ္ဘာမကျေဘူးသီချင်းကို သံပြိုင်သီဆိုနေစဉ်
၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ
ခမ်းနားကို ယနေ့မတ်လ ၁၃ရက်နေ့တွင်ကျင်းကပပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေး

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။ 

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက်ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးက 
ဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။

PN 051

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။

KIA ထိန်းချုပ်နယ်မြေအတွင်းတရုတ်နို င်ငံသား များအား ရွှေလုပ် ကွက်များချထားပေးနေ

KIA ထိန်းချုပ်နယ်မြေအတွင်းတရုတ်နိုင်ငံသား များအား ရွှေလုပ် ကွက်များချထားပေးနေ

မတ် ၁၃ ရက်၊၂၀၁၃

KIA တပ်ဖွဲ့များအနေနဲ့ ငွေကြေးရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ရှာဖွေလျက်ရှိရာမှာ တရုတ်နိုင်ငံသား အချို့ ကို မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းပြီး ရွှေလုပ်ကွက်များချပေး နေကြောင်းသိရှိရပါသည်။ ကချင်ပြည်နယ်အတွင်း KIA ကြီးစိုးထားတဲ့နေရာများမှ ရှိနေသည့် လုပ်ငန်းများတွင် တရုတ်နိုင်ငံသားများကို လုပ်ကိုင်ခွင့်ပေးနေကြောင်း အဲဒီ လုပ်ငန်းများထဲမှာ ဂျာဝမ်ရွှေမှော်နှင့် လော့ဒ်ဂျာရွှေမှော်တို့လဲပါဝင်ကြောင်း ဒီလုပ်ငန်းများလုပ်ကိုင်ဖို့ တရုတ်နိုင်ငံသား များဆီက ငွေကြေးများ တောင်းခံထားပြီးဖြစ်သည်ဟု ရွှေမှော်အတွင်း မှ ရွှေလုပ်သားတစ်ဦးမှ ပြောကြားခဲ့ပါသည်။

တရုတ်များအနေနဲ့ ဗဟိုဌာနချုပ်မှာ(၁)နှစ်စာလုပ်ကိုင်ခွင့် ငွေကြေးပေးထားပြီးဖြစ်သော်လည်း KIA တပ်မဟာ(၂) က စီးပွားရေးတာဝန်ခံ မရစ်လဂျန်ဇော်ဂျာနဲ့အဖွဲ့မှ မတ်လ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံသားမှ ဆီကနေလူတစ်ဦး ၅ သိန်း နှုန်းပေးရမည်ဟု ထပ်မံတောင်းခဲ့ပါသည်။ လောလောဆယ်တော့ လူ(၁၀) ယောက် အတွက် သိန်း(၅၀)သာ ပေးနိုင်ခဲ့ပြီးကျန်တဲ့လူ(၂၀)အတွက် ထပ်မံပေးပို့သွားဖို့ ညှိနှိုင်းခဲ့သည်ဟု သိရပါသည်။ စီးပွားရေးတာဝန်ခံ မရစ်လဂျန် ဇော်ဂျာကတော့ သတ်မှတ်ရက်အတွင်း ဒီငွေများ လာရောက်မပေးခဲ့ဖူးဆိုရင် တရုတ်များလုံခြုံရေးကို တာဝန်မယူ နိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံ တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

Kachin Daily News

မတ် ၁၃ ရက်၊၂၀၁၃

KIA တပ်ဖွဲ့များအနေနဲ့ ငွေကြေးရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ရှာဖွေလျက်ရှိရာမှာ တရုတ်နိုင်ငံသား အချို့ ကို မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းပြီး ရွှေလုပ်ကွက်များချပေး နေကြောင်းသိရှိရပါသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ရန်ကုန်တွင်ပြုလုပ် (လက်ပန်တောင်းတောင် အရေး ယနေ့ဆန္ဒပြပွဲမြင့်ကွင်းများ)

Photo

ကော့မှူးမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောလက်ပံ
တာင်းတာင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်-အင်းစိန်လမ်မပေါ်တွင် ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိသည်။

မှတ်ပုံတင်မရှိသဖြင့် နာဂတို့ အသံပျောက်

ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ် 
မှတ်ပုံတင်မရှိသဖြင့် နာဂတိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် လူဦးရေ ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့နေရသည်ဟု ရန်ကုန် နာဂကျောင်းသားလူငယ် အဖွဲ့ချူပ် (ဥက္ကဌ) ဦးနော်အောင်ဆန်းက မတ်လ ၁၁ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

လက်ပံတောင်းတောင် အစီရင်ခံစာအပေါ်“ဆရာမောင်ဝံသရဲ့  ဝေဖန်သုံးသပ်ချက်”

“ဆရာမောင်ဝံသရဲ့  ဝေဖန်သုံးသပ်ချက်”

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေး
တွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူတို့ ရဲ့ 
ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာ
အစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲ
လုပ်ရင်လည်းလုပ်မယ်။ အဲဒါကိုပြုပြင်ပြောင်းလဲပြီး လုပ်ချင်လည်းလုပ်မယ်။
အဲဒီလိုအစဉ်အလာတွေရှိတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားနဲ့ 
စုံစမ်းရေးကော်မရှင်နဲ့ တိုက်ဆိုင်တာလည်း ရှိချင်ရှိမယ်။ မရှိတာလည်း
ရှိချင်ရှိမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒေသခံပြည်သူရဲ့ သဘောထားက
အဓိကကျမယ်လို့ မီဒီယာလောသားတစ်ဦးအနေနဲ့ ယူဆပါတယ်။
လူထုလက်မခံရင် ဘယ်အရာမှရေရှည်လုပ်လို့ အဆင်မပြေပါဘူး။ အမြဲတမ်း
အထစ်အငေါ့တွေဖြစ်မှာပါဘဲ။ ပြည်သူလူထုက မကျေမနပ်ဖြစ်နေရင်
ဒါအပေါ်မှာထပ်ပြီးတော့ ဒုတိယအတွေးနဲ့ ထပ်စဉ်းစားသင့်တယ်။ ပြည်သူလူထု
မကျေနပ်တာကို ဇွတ်လုပ်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ 
ယူဆတယ်။ ပြည်သူလူထုကျေနပ်မယ့် လက်ခံမယ့် အခြေအနေမျိုးဖြစ်အောင်
ပထမဆုံးလုပ်ဆောင်ရလိမ့်မယ်လို့ ထင်ပါတယ်။ စုံစမ်းစစ်ဆေးရေး
ကော်မရှင်က ဒီလိုပြောတယ်။ ဒါ့ကြောင့်မို့ ဒီလိုလုပ်တယ်။ မင်းတို့ ထပ်မပြော
ကြနဲ့ တော့။ ဆန္ဒထုတ်ဖော်တာတွေ မလိုချင်တော့ဘူးဆိုရင် တိုင်းပြည်ဟာ
မငြိမ်မသက်မှုတွေဆက်ပြီး ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု
လိုလားတဲ့အခြေအနေကိုဘဲ ဖြစ်စေချင်ပါတယ်။

တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုရင် ဒေသခံမကျေနပ်တာ အပထား၊
လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငါက ရေမြေ့သခင်ဖြစ်တယ်
ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။
တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင်
ဒါဟာ သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန့် ထုတ်တယ်။
“ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်စေကာမူ
ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန့် ထုတ်ပါတယ်။
အဲဒီလို ကမ္ဘာ့ အစဉ်အလာတွေလည်းရှိပါတယ်။ ဒေသခံက အနစ်နာခံရမယ်
ဆိုရင် ဘယ်အတိုင်းအတာထိ အနစ်နာခံရမလဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေ
တောတောင်တွေ အကုန်လုံးဆုံးရှုံးပြီးမှ အနစ်နာခံရမယ်ဆိုရင်လည်း
မဟုတ်သေးဘူး။ တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုတာထက် ဘယ်သူက
အကျိုးစီးပွားရှိမလဲဆိုတာ သေချာဂဃနဏ ပြန်စဉ်းစားသင့်ပါတယ်။

မောင်ဝံသ
(သတင်းစာဆရာ)

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ 
သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေးတွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူ
တို့ ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာအစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေး
ကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲလုပ်ရင်လည်းလုပ်မယ်။ အဲဒါကိုပြုပြင်ပြောင်းလဲပြီး လုပ်ချင်
လည်းလုပ်မယ်။

ရေခပ်ဆင်းသည့် SSPP/SSA တပ်သားအား အစိုးရတပ်ချောင်းပစ် တိုက်ပွဲများဖြစ်ပွား

ရေခပ်ဆင်းသည့် SSPP/SSA တပ်သားအား အစိုးရတပ်ချောင်းပစ် တိုက်ပွဲများဖြစ်ပွား

Wednesday, March 13, 2013 Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းတခုမှ ရေခပ်ဆင်းသည့်  ရဲဘော်အား အစိုးရတပ်ချောင်းပစ်ကာ တပ်စခန်းကိုပါတက်တိုက်သောကြောင့် ယမန်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။

“အစိုးရတပ် တပ်ရင်း ၂၉၁ က တန့်ယန်းမြို့ဘက်ကနေ တောနင်းပြီး ရေခပ်ဆင်းတဲ့ ကျနော်တို့ရဲဘော်ကို ချောင်းပစ်တယ်။ အဲဒီကနေ ကျနော်တို့စခန်းကို မနေ့ ညနေ ၃ ခွဲ ကနေ ညပိုင်းအထိတက်တိုက်လို့ တိုက်ပွဲ ဖြစ် တာ။ ဒီမနက်လဲ တမနက်ခင်းလုံးဘဲ” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မှ (တန့်ယန်း - မိုင်းရှူးလမ်းမပေါ်) မိုင်းကောဝ် မရောက်မီ လွယ်စေး စခန်းရှိ SSPP/SSA တပ်ရင်း ၁၉၂ နှင့် တပ်စခန်းအား မြန်မာအစိုးရတပ် တပ်ရင်း ၂၉၁ (လားရှိုးအခြေစိုက်) က ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ည ၇ နာရီခွဲအထိ တက်တိုက်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ခလရ ၃၃ နှင့်  ခမရ ၃၂၆ တို့ အင်အားထပ်ဖြည့်က နံနက် ၆ ခွဲမှာ ယခုသတင်းရေးချိန်(ယနေ့မွန်းလွဲပိုင်း) အထိ တိုက်ပွဲဖြစ် ပွားကြောင်း ရှေ့တန်းတပ်မှူးက ပြောပါသည်။

“ဒေသခံ လားဟူပြည်သူ့စစ်ကို ခလရ ၂၉၁ က လမ်းပြခိုင်းတယ်။ သေတဲ့အထဲမှာ ကျနော်တို့ ပြည်သူ့စစ်လဲ ပါတယ်။ ၁၀ ယောက်လောက်သေမယ် မနေ့က။ ကျနော်တို့တွေလဲ မလိုက်ချင်ဘူး။ ဒီနေ့တော့ တခြား တပ် တွေထပ်ဖြည့်တယ် တိုက်ပွဲဖြစ်နေတုန်းအခု” - ဟု ဒေသခံလားဟူအကြီးအကဲတဦးက ပြောပါသည်။

“တိုက်ပွဲက ပိုမိုပြင်းထန်လာတဲ့အလားအလာရှိတယ်။ ကျနော်တို့လဲ တပ်ရင်း ၁၉၉ ကို အဲဒီဘက်အင်အား ထပ်ဖြည့်ထားတယ်။ ငြိမ်းချမ်းရေးပျက်ပြားလဲမတတ်နိုင်ဘူးဗျာ သူတို့ကဘဲ ရန်လာရှာတာကိုး” - ဟု အမည် မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးကပြောပါသည်။

ထို့အတူ မတ်ခ်ျ ၁၁ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကျိုင်းလုံး(မ်း) ဒေသဘက် တွင်လည်း  အပစ်ရပ် သျှမ်းပြည်တပ်တော် RCSS/SSA နယ်မြေထဲသို့ အကြောင်းအကြားဘဲ အစိုးရ တပ်မ တော် တောနင်းဝင်ရောက်သောကြောင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရကြောင်း တိုက်ပွဲကြောင့် နှစ်ဦး နှစ် ဘက်သေဆုံးမှုရှိကြောင်း ဒေသခံများကပြောပါသည်။ ၎င်းနှင့်ပတ်သက်၍ RCSS/SSA အရာရှိ တဦးက အစိုးရတပ်ဘက် နှစ်ယောက်သေ တယောက်ဒဏ်ရာရှိကြောင်း ပြောသော်လည်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က တစုံတရာ အတည်ပြု ချက်မပေးပေ။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့နှစ်ဖွဲ့စလုံးသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးအတွက်လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့အစည်းများဖြစ်ကြပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းတခုမှ ရေခပ်ဆင်းသည့် ရဲဘော်အား အစိုးရတပ်ချောင်းပစ်ကာ တပ်စခန်းကိုပါတက်တိုက်သောကြောင့် ယမန်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခဲ့ဟု ဆို

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခဲ့ဟု ဆို

Wednesday, March 13, 2013 Posted by သျှမ်းသံတော်ဆင့်

အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် တောင်ဘက်ရှိ   SSPP / SSA  ၏ လွယ်လန်း တပ်စခန်း အား စစ် ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ် ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောကြားသည် ။

တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောခြင်း ဖြစ်သည် ။

“လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ် တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင်ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့ ။ ကျနော်တို့နဲ့ ၀ နယ်က သံလွင်မြစ်ခြားထားတယ် ဒီနေရာက။ ကျနော်တို့နဲ့ ၀ ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့” ဟု သူက ဆိုသည် ။

အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက်အခြာကျသော နေရာဖြစ် သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ယခုလို ပြော သည် ။

“ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ်ဆုတ်စရာနေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့ တယ်။ အဲဒီတောင်ကို ရသွားရင် ၀နယ်က ပန်ဆန်းတို့ ပန်ယန်းအပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် ၀နယ်ကိုခြိမ်းခြောက်နိုင်ပြီပေါ့ ။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး ” ဟု ဆိုသည် ။

SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေး ကြောင်း စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည် ။

အထက်ပါအင်တာဗျူးအပြီးတွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်းအထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို တိုက်စစ်ဆင်နေသည်မှာ ယနေ့အထိဖြစ်သည်။

RND:  :13.3.2013 
အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် တောင်ဘက်ရှိ SSPP / SSA ၏ လွယ်လန်း တပ်စခန်း အား စစ် ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ် ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောကြားသည် ။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

Published on March 13, 2013 by နန်းမြနဒီ ( DVB )

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ  တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာအုပ်စုအရှေ့ဘက် လွိုင်လင်တောင်က  ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်းအမှတ် ၁၉၂ အခြေစိုက်စခန်းဘက်ကို  ကြိုတင်အကြောင်းမကြားဘဲ ၀င်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ဖြစ်စဉ်က ကျနော်တို့တပ်အခြေချထားတဲ့နေရာကို သူတို့တက်လာတယ်လေ။ ကျနော်တို့ထိန်းချုပ်တဲ့နေရာ၊ တပ်ရှိတဲ့နေရာကိုလာရင် သတင်းပို့ရမယ်ဆိုတဲ့ အချက်အလက်ပေါ် သူတို့ မလိုက်နာလို့ ခဏ ခဏ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ ကျနော်တို့ အင်အား ၁၀၀ လောက်၊ သူတို့ပြောတာတော့ ရိက္ခာပို့တဲ့အတွက် လမ်းကင်းယူတယ်လို့တော့ ပြောတယ်။ နောင်မွန်း ဆိုတဲ့ နေရာသွားမလို့ပါ။ ဒါပေမယ့် နောင်မွန်းသွားတဲ့လမ်းကြောင်းလည်း မဟုတ်ဘူး။ ကားလမ်းနဲ့ဆို ၄-၅ မိုင်လောက် ဝေးတယ်။”

ပစ်ခတ်မှုတွေဟာ မနေ့က ညနေ ၃ နာရီခွဲကနေ ၆ နာရီကျော်ထိ တကြိမ်၊ ဒီနေ့ မနက် ၆ နာရီခွဲကနေ မွန်းလွဲ ၁ နာရီကျော်ထိ ပစ်ခတ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရစာရင်း မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်ရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က လားရှိုးဆက်ဆံရေးရုံးကနေတဆင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးဆီ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် အောင်စိုးက သူတို့တပ်ကို ပြန်ရုပ်ပေးမယ့်အကြောင်းနဲ့ ပစ်ခတ်ဖို့ အမိန့်မပေးခဲ့ကြောင်း၊ အောက်ခြေက သူတို့ဘာသာ လုပ်သွားတာ ဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒါပေမယ့် ဒီနေ့ မွန်းလွဲ ၂ နာရီကျော်ထိတော့ အစိုးရတပ်တွေ မဆုတ်ခွာသေးဘူးလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

အခု ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ  ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ပွဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် ဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်နေရာ လွိုင်လန်းဒေသနဲ့ မနီးမဝေးမှာ ရှိကြောင်း၊ ဒါပေမယ့် တပ်ချင်းတော့ မတူဘူးလို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက်မှာ အပစ်အရပ် သဘောတူခဲ့ပေမယ့် ဌာနေပြည်သူ့စစ်ပြောင်းဖို့ လက်မခံတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရတပ်နဲ့ ၂၀၁၁ ခုနှစ်တွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး ၂၀၁၂ ထဲမှာတော့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့တယ်။

ဒါပေမယ့်လည်း အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးအတွက် ရှမ်းပြည်တပ်မတော် တပ်စခန်းတွေကို နောက်ဆုတ်ခိုင်းတာနဲ့ အကြောင်းမကြားဘဲ နယ်မြေထဲ ၀င်လာတာတွေကြောင့် ထိတွေ့တိုက်ပွဲပေါင်း  အနည်းဆုံး ၈၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြောပါတယ်။

Published on March 13, 2013 by နန်းမြနဒီ ( DVB )

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာအုပ်စုအရှေ့ဘက် လွိုင်လင်တောင်က ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်းအမှတ် ၁၉၂ အခြေစိုက်စခန်းဘက်ကို ကြိုတင်အကြောင်းမကြားဘဲ ၀င်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ
နေပြည်တော်၊ မတ် ၁၃
၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့် လိုက်ပါ သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိ၍ ကော်ဖီခြံတွင်အလုပ်လုပ်ကိုင်ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၀၅၃၀ အချိန်မှ ၁၈၃၀ အချိန်ထိ ကော်ဖီစေ့(၁၃/၂၁)အိတ် ခူးခဲ့ရကြောင်း၊ အိမ်သို့ပြန်ရောက်သော အခါ တစ်နေ့တာခူးခဲ့သော ကော်ဖီအိတ်တို့အား ၂၀၀၀ အချိန်ထိ ကြိတ်ခွဲရကြောင်း၊ ကြိတ်ခွဲပြီးမှသာ ထမင်းစားခဲ့ရကြောင်း၊ အချိန်ပိုလုပ်အားခမရရှိကြောင်း၊ ၎င်းင်းတို့ ၂ ဦး၏လုပ်အားခ ဘတ် ၉၀၀၀ အား ဘူးပါနှင့်မိုးလွင်တို့မှဖြတ်ယူသွားခဲ့ကြောင်း၊ ထို့သို့ အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ ဘူးပါနှင့် မိုးလွင်(ခ)ကျော်သိန်းတို့ ၂ ဦးအား အရေးယူပေးရန် တိုင်တန်း သဖြင့် ၈-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တာချီလိတ်ရဲစခန်း(ပ)၅၁/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

RND:  :13.3.2013
၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့်

အိန္ဒိယမှ ပင့်ကူလူသား