Pages

Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် စုံစမ်းရေးကော်မရှင်အဖွဲ့အား လက်ပံတောင်းတောင်ရှိ တုံ သပိတ်စခန်းမှ ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ရန်စီစဉ်

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ဒုံးတောရွာ နှင့် ကံကုန်းရွာရှိ ဒေသခံများနှင့် တွေ့ဆုံပြီးနောက်
မြန်မာဝမ်ပေါင်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း မုံရွာမြို့ရှိ 7Day Newsသတင်းထောက်က သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့နံနက် ၆ နာရီခန့်က နေပြည်တော်မှ စတင်ထွက်ခွာလာခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကိုင်းတံတားကို ဖြတ်ကျော်လာပြီဖြစ်ကာ နေ့လည် ၁၂ နာရီခန့်တွင် မုံရွာမြို့ ၀င်းယူနတီဟိုတယ်တွင် ခေတ္တနား၍ နေ့လည်စာ စားသုံးပြီးနောက် တွေ့ဆုံမှု အစီအစဉ်များစတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စုံစမ်းရေးကော်မရှင်အဖွဲ့အား လက်ပံတောင်းတောင်ရှိ တုံ သပိတ်စခန်းမှ ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယခုတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ မုံရွာနှင့် လက်ပံတောင်းတောင် ခရီးတွင် ပထမတစ်ကြိမ်ကကဲ့သို့ ဒေသခံများ၏သောင်းသောင်း ဖျဖျကြိုဆိုကြမည့် အရိပ်အယောင်မတွေ့ရကြောင်း သတင်းရရှိသည်။

7Day News Journal
Rangonnewsdaily
RND:  :13.3.2013

0 comments:

Post a Comment