Pages
Tuesday, November 6, 2012
ယခုနှစ်မကုန်ခင်၌ အစိုးရ၀န်ကြီးဌာနအားလုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက် လွှင့်တင်ရမည်
ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်ဝန်ကြီးဌာနအားလုံးကိုယခုနှစ်မကုန်ခင်၌မိမိတို့ဝန်ကြီးဌာနနှင့်ပတ်သက်သည်များကိုအင်တာနက်
ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိရန်အတွက်ညွှန်ကြားထားသည်ဟုနိုင်ငံတော်သမ္မတရုံးမှပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြော
သည်။
eGovernmentမှာပွင့်လင်းမြင်သာမှုရှိဖို့အတွက်ဝန်ကြီးဌာနတွေဟာမိမိတို့ဌာနအကြောင်း၊မိမိတို့ဘာတွေလုပ်နေလဲ၊ဘာလုပ်ဖို့ရှိလဲ
၊မိမိတို့ဌာနရဲ့လုပ်ထုံးလုပ်နည်းတွေဒါတွေကိုဝက်ဘ်ဆိုက်မှာအကုန်တင်ထားဖို့ဒါကိုလည်းပြီးခဲ့တဲ့ အစိုးရဌာနအစည်းအဝေးမှာ နိုဝင်
ဘာလအတွင်း အပြီးပြင်ဆင် ထားပါ။
 ပြီးရင်ရှ့နှစ်မကူးခင်မှာဌာနအားလုံးဟာမိမိတို့ဌာနအကြောင်းကိုဝက်ဘ်ဆိုက်မှာတင်ထားပါလို့ပြောထားပြီးပါပြီ”ဟု၎င်းက ပြောကြား
သည်။
အစိုးရ၀န်ကြီးဌာနများ၌လက်ရှိအချိန်အထိကိုယ်ပိုင်အင်တာနက်ဝက်ဘ်ဆိုက်မရှိသေးသည့်ဝန်ကြီးဌာနများကျန်ရှိနေသေးကြောင်း၊
ရရှိသည်။
ခေတ်လူငယ်
0 comments:
Post a Comment