Pages

Tuesday, November 6, 2012

GSM နှင့် WCDMA မိုဘိုင်းဖုန်းနံပါတ်များ နှင့်ပတ်သက်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ အကွက်မြင်သေားစီးပွါးရေးလမ်းစဉ်များ

http://www.mmtimes.com/2012/tech/618/mpt.gif
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့ရာမှ ပါရှိလာသည့် ဖုန်းနံ ပါတ်အလှနှင့် အပူးနံပါတ်များအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အများပြည်သူသို့ လေလံတင်ရောင်း ချပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
လေလံတင် ရောင်းချခြင်းအား ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ လှိုင်မြို့နယ်ရှိ MICTDC ခန်းမတွင် လည်းကောင်း၊ မန္တလေးမြို့တွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၉ နာရီမှ စတင်၍ မြို့တော်ခန်းမတွင် လည်းကောင်း ပြုလုပ်သွားမည်ဟု သိရသည်။


“ဘယ်သူမဆို လေလံလာဆွဲလို့ ရပါတယ်။ တစ်လုံးချင်းစီ ရောင်းပေးမှာပါ။ ကြမ်းခင်းဈေးရယ်လို့ မသတ် မှတ်ထား ဘဲကနဦးတပ်ဆင်ခ နှစ်သိန်းအပေါ်မှာ

သူတို့စပေးတဲ့ဈေးနဲ့ စမှာပါ။ အများဆုံးပေးတဲ့သူကို ပေးသွားမှာပါ။ တစ်မြို့လုံးကို အလုံး ၆၀ လောက် လေလံတင်သွားမှာပါ။ နောက်ပွဲတွေဆိုရင် အခြေအနေအရ အလုံးရေတိုးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်ကို ခေတ်လူငယ် website တွင် ဖော်ပြထားသည်။


အလားတူ အပူးတွေ အလှတွေ လေလံတင်မည် ဟု The Modern News Journal ၏ facebook စာမျက်နာ တွင်လည်းအောက်ပါအတိဖော်ပြထားသည်ကိုတွေ့ရှိရပါသုင်းရေးသားထားပါသည်--


ရန်ကုန်၊ နိုဝင်ဘာ ၅။


မြန်မာဆက်သွယ်ရေးလုပ်ငန်းက ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ မိုဘိုင်းတယ်လီ ဖုန်းတွေတိုးချဲ့ရာမှာ နံပါတ်အပူးနဲ့ နံပါတ်အလှတွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ မှာ လေလံ စနစ် ဖြင့်ရောင်း ချမယ် လို့ မြန်မာ့ ဆက်သွယ်ရေး လေလံတင်ရောင်းချရေးဆပ်ကော်မတီက နိုဝင်ဘာ ၄ ရက်နေ့က သတင်း ထုတ်ပြန် ပါတယ်။


ပထမအကြိမ်လေလံတင်ရောင်းချပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မန္တလေးမြို့၊ မြို့တော်ခန်းမ၊ နိုဝင်ဘာ ၂၂ ရက် နေ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT ခန်းမတို့မှာ ကျင်းပသွား ပါမယ်။

လေလံစနစ်နဲ့ ၀ယ်ယူရန် စည်းကမ်းချက်တွေနဲ့ လေလံဝယ်ယူခွင့်ပုံစံတွေကို နိုဝင်ဘာ၁၂ ရက် နေ့ က စပြီး ရန်ကုန်မြို့၊ အမှတ် ၄၃၊ ဗိုလ်အောင်ကျော်လမ်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ မန္တလေးမြို့ လမ်း (၈၀)၊ ၂၅ လမ်းနဲ့ ၂၆ လမ်းကြားရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်း မန်နေဂျာ ရုံးတို့မှာ ရုံးချိန်အတွင်း ကျပ် ၁၀၀၀ ဖြင့် ရယူနိုင်ပါတယ်။

ရန်ကုန်မှာ လေလံတင်ရောင်းချမယ့် ဂျီအက်စ်အမ် နံပါတ်တွေက ၄၂၀၁၁၁၁၁၁၊ ၄၂၀၂၂၂၂၂၂၊ ၄၂၀၆၆၆၆၆၆၊ ၄၂၀၇၇၇၇၇၇၊ ၄၂၀၉၉၉၉၉၉၊ ၄၂၆၅၅၅၅၅၅ ၊ ၄၂၆၇၇၇၇၇၇ ၊ ၄၂၆၈၈၈၈၈၈ ၊ ၄၂၆၉၉၉၉၉၉ ၊ ၄၂၇၈၈၈၈၈၈၊ စတဲ့ နံပါတ်တွေဖြစ်ပါတယ်။



ဒဗလျူစီဒီအမ်အေ နံပါတ်တွေက ၄၄၉၄၃၃၃၃၃၃၊ ၄၅၀၂၂၂၂၂၂၊ ၄၅၀၄၄၄၄၄၄၊ ၄၅၁၀၀၀၀၀၀၊ ၄၅၄၁၁၁၁၁၁၊ ၄၅၅၁၁၁၁၁၁၊ ၊ ၄၅၅၃၃၃၃၃၃၊ ၄၅၆၁၁၁၁၁၁၊ ၄၅၇၁၁၁၁၁၁၊ ၄၅၇၄၄၄၄၄၄၊ ၄၅၇၅၅၅၅၅၅၊ ၄၅၈၆၆၆၆၆၆၊ ၄၅၉၁၁၁၁၁၁၊ စတဲ့ နံပါတ်တွေဖြစ်ပါတယ်။



မန္တလေးမြို့မှာလေလံတင်ရောင်းချမယ့် ဂျီအက်စ်အမ် နံပါတ်တွေက ၄၀၁၄၄၄၄၄၄ ၊၄၀၁၅၅၅၅၅၅၊ ၄၀၁၇၇၇၇၇၇၊၄၀၁၈၈၈၈၈၈၊၄၀၁၉၉၉၉၉၉၊ ၊၄၀၃၉၉၉၉၉၉၊ ၄၀၄၁၁၁၁၁၁၊ ၄၀၄၂၂၂၂၂၂၊ ၄၀၄၃၃၃၃၃၃၊ ၄၀၄၄၄၄၄၄၄၊ ၄၀၄၆၆၆၆၆၆၊ ၄၀၄၇၇၇၇၇၇၊ ၄၀၄၉၉၉၉၉၉၊ ၄၀၅၀၀၀၀၀၀၊ ၄၀၅၁၁၁၁၁၁ စတဲ့နံပါတ်တွေဖြစ်ပါတယ်။



ဒဗလျူစီဒီအမ်အေ နံပါတ်တွေက ၄၄၀၁၁၁၁၁၁၊ ၄၄၀၂၂၂၂၂၂၊ ၄၄၀၃၃၃၃၃၃၊ ၄၄၃၂၂၂၂၂၂၊ ၄၄၃၄၄၄၄၄၄၊ ၄၄၃၅၅၅၅၅၅၊ ၄၄၃၆၆၆၆၆၆၊ ၄၄၃၇၇၇၇၇၇၊ ၄၄၅၁၁၁၁၁၁၊ ၄၄၅၂၂၂၂၂၂၊ ၄၄၅၃၃၃၃၃၃၊ စတဲ့ နံပါတ်တွေဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူဗဟိုပြု စီးပွါးရေးလုပ်ဆောင်မှုစနစ်သည် ချီးကျူး ဖွယ်ေ ကာင်း လှပါကြောင်းကို ဖော်ပြပါသတင်း၂ ခုကို ဆက်စပ်လေ့လာခြင်းအားဖြင့်သိရှိနှိင်ပါသည်။
အးချမ်းမွန်

0 comments:

Post a Comment