Pages

Tuesday, November 6, 2012

ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့က ရေနံမြေတစ်ခုကို သိမ်းပိုက်

syria

ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များသည် နိုင်ငံ အရှေ့ဖျားရှိ ကြီးမားသော ရေနံတွင်း
နေရာတစ်ခုကို ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။ (၃)ရက်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး
နောက် အရှေ့ပိုင်းဒေသ ဒီရာအက်ဇောရှိ ရေနံတွင်းကို သူပုန်များက လက်ရ ချုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယားအရေး လေ့လာသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ယခုဖြစ်စဉ်သည် တော်လှန်ရေးတပ်
ဖွဲ့များဘက်မှ စစ်ရေးသာလာသည့် အနေအထားကို ဖော်ပြကြောင်း မှတ်ယူနေသည်။

syria

"ဂျက်ဖာတေယာ တပ်ခွဲက သူပုန်တွေဟာ အယ်လ်ဝါ့ဒ် ရေနံတွင်းကိုသိမ်းပိုက်နိုင်ခဲ့တာပါ။အဲဒါကအရှေ့ဖျား
 ဒေသက မေယာဒင်မြို့မှာ ရှိပါတယ်။ ရက်ပိုင်းလောက် တိုက်ပွဲဖြစ်ပြီးတဲ့နောက် ခုလို သိမ်းယူနိုင်ခဲ့တာ ဖြစ်
ပါတယ်"ဟု ဆီးရီးယားအရေး လေ့လာသူ ရာမီအက်ဘ်ဒဲလ် ရာမန်က ပြောကြားခဲ့သည်။ 

၎င်းက "ဒါဟာ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရေနံတွင်း တစ်ခုကို တော်လှန်ရေး တပ်သားတွေက ပထမဆုံး လက်ရသိမ်းနိုင်တဲ့ ပထမဆုံး ဖြစ်စဉ်ဆိုလည်း ဟုတ်ပါတယ်"ဟုလည်း ဆိုသည်။ အဆိုပါ ရေနံမြေ
အနီးတွင် အစိုးရ တိုက်လေယာဉ် တစ်စင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ချခြင်းကို ခံရကြောင်း သ
တင်းများ ထွက်ပေါ်နေသည်။

syria

သို့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ ယင်းကို တရားဝင် ကြေညာမှု မရှိချေ။ ဆီးရီးယား မြို့တော် ဒ
မတ်စကက်ရှိ ဒမ်မာရို့စ်ဟိုတယ်တွင်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အ
နည်းဆုံး (၁၁)ဦး ဒဏ်ရာများ ရရှိခဲ့သေးသည်။ 

အစိုးရကမူ ယင်းဖြစ်စဉ်သည် ၎င်းတို့က အကြမ်းဖက်သမားဟု စွပ်စွဲ အမည်တပ်ထားသည့် တော်လှန်ရေး
တပ်ဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲထားသည်။ 

ဆီးရီးယားတွင် ပဋိပက္ခများ (၁၉)လကြာ ဖြစ်ပွားနေသည့်နောက် သေဆုံးသူ အရေအတွက်သည် (၃၂၀၀
ဝ)မျှထိ ရှိလာကြောင်းလည်း လေ့လာသူများက ပြောကြားထားသည်။

Source: ABC

0 comments:

Post a Comment