Pages

Tuesday, November 6, 2012

မန်နေဂျာ အာစင်ဝင်းဂါးကို လှောင်ပြောင်သော ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်ရန် မာတင်ကီအွန်တိုက်တွန်း

ဝင်းဂါးကို လှောင်ပြောင်သော ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်ရန် မာတင်ကီအွန်တိုက်တွန်း

မန်နေဂျာ အာစင်ဝင်းဂါးကို အော်ဟစ် လှောင်ပြောင်နေသော ပရိသတ်များကို အာဆင်နယ် အသင်းအနေ
ဖြင့် ပွဲကြည့်ခွင့်ပင်ပိတ်ပင်သင့်ကြောင်း အသင်းကစားသမားဟောင်းကြီးမာတင်ကီအွန်က တိုက်တွန်းလိုက်
သည်။
တစ်ချိန်က အာဆင်နယ် ခံစစ်ကြောင်းတွင် အထင်ကရ ကစားသမားကြီး တစ်ဦးအဖြစ် ပါဝင်ခဲ့သော ဗဟို
ခံစစ် ကစားသမားက လတ်တလော ရုန်းကန်ရသည့် အနေအထားများ ရှိသည့်တိုင် ဝင်းဂါးသည် အသင်း၏ အကောင်းဆုံး မန်နေဂျာအဖြစ် ထောက်ခံခဲ့သည်။

အာဆင်နယ်သည် (၈)နှစ်ကြာ ဖလားလက်မဲ့ ဖြတ်သန်းခဲ့ရသလို ပြီးခဲ့သည့် စနေနေ့က ပြိုင်ဘက်ကြီး မန်
ချက်စတာ ယူနိုက်တက်ကို (၂-၁)ဖြင့်အရေးနိမ့်ခဲ့သည့်နောက်ပရိသတ်များက ပြင်သစ်သားမန်နေဂျာအား
အော်ဟစ် လှောင်ပြောင်ခဲ့ကြသည်။ သို့သော်လည်း Daily Mail သတင်းစာတွင် ကီအွန်က ၎င်း၏ အမြင်
ဆောင်းပါးကို ရေးသားကာ ဝင်းဂါးဘက်မှ ကာကွယ်သွားခဲ့ခြင်း ဖြစ်သည်။


"မန်နေဂျာ တော်တော်များများလိုပဲ ဝင်းဂါးလည်း အနိုင်ကျင့် စော်ကားမှုတွေ ကြုံခဲ့ရတာပါ။ ဒါပေမဲ့ သူက မျက်ကွယ်ပြုခဲ့တယ်။ သူ့ကို ဦးတည်တဲ့ လှောင်ပြောင်မှုတွေမှာ သွေးဆူနေတာတွေ ပါနေမယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော်တို့ကတော့ ကစားသမား ဘဝမှာ ပြိုင်ဘက်က ဂိုးသွင်းတဲ့အခါ ဒါကို စိတ်တက်ကြွ
စရာ လှုံ့ဆော်မှုလို့ ခံယူခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်အသင်း ပရိသတ်က စော်ကားလာတဲ့အခါ ဝင်းဂါး ဘာလုပ်
မှာလဲ"ဟု ကီအွန်က ဆိုသည်။

"ကလပ်က ပရိသတ်ရဲ့ တောင်းဆိုမှုကို နားလည်ရပါမယ်။တစ်ဖက်မှာလည်းအခြေအမြစ်မရှိ လှောင်ပြောင်
နတဲ့ ပရိသတ် တချို့ဆီကနေ မန်နေဂျာကို ကာကွယ်ပေးဖို့ လိုပါတယ်။ ပရိသတ်တွေထဲမှာ အရမ်းတော်
တဲ့ သူတွေ အများကြီး ရှိသလို ငနုံငအ တချို့လည်း ရှိနေမှာပါ။

အဲဒီလို လူတွေဆီက လူသားတွေရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်လောက်စရာ အနိုင်ကျင့် စော်ကားမှုတွေ ထွက်လာတတ်ပါတယ်။ ဒါကို ကလပ်ဘက်က ပြတ်ပြတ်သားသား တားဆီးဖို့ လိုပါတယ်"ဟုလည်း ကီအွန်က သုံးသပ်သွားခဲ့သည်။

Source: DailyMail

0 comments:

Post a Comment