Pages

Tuesday, November 6, 2012

မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ဆုံးအခြေအနေ


မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် ပဋိပက္ခနှင့်ပက်သက်၍ မြောက်ဦးမြို့နယ်မှ ရခိုင်(၁၂) ဦးအား စစ်တွေသို့ ခေါ်ယူ စစ်ဆေးလျှက်ရှိကြောင်းနှင့် ပဋိပက္ခတွင်း ပျောက်ဆုံးနေသူများအား ယခုအချိန် ထိ ပြန်လည်မရရှိသေးကြောင်း သတင်းရရှိသည်။
ယိုင်သည်ရွာ ပဋိပက္ခတွင် ပက်သက်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် သံရှင်ပြင်မှ(၈)ဦး၊ မျောက်ချောင်းမှ (၃)ဦးနှင့် ယိုင်သည်အုပ်ချူပ်ရေးမှူးတစ်ဦး အားလုံးစုစုပေါင်း (၁၂)ဦးအား မနေ့က စစ်တွေ ရဲစခန်း သို့ ခေါ်ဆောင်သွားကြောင်း ရခိုင်လူငယ်ကွန်ယက်(မြောက်ဦးမြို့)က ပြောသည်။

"ကျနော်တို့စုံစမ်းကြည့်တော့ သူတို့ကို ဖမ်းသွားတာမဟုတ်ဘူးလို့ပြောတယ်။ ဒီဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပက် သက်ပြီးတော့ ခေါ်ယူစစ်ဆေးစရာတွေရှိလို့ ခေါ်ယူသွားတာလို့ပြောတယ်။ ဒါပေမယ့် ဘင်္ဂလီတွေ ကို ကျတော့ အခုဖြစ်တဲ့ ပဋိပက္ခနဲ့ပက်သက်လို့ ခေါ်ယူစစ်ဆေးတာတို့၊ ဖမ်းဆီးတာတို့ အခုထိ ကျနော် တို့မကြားမိသေးပါဘူးခင်ဗျား"ဟု ရခိုင်လူငယ်ကွန်ယက်(မြောက်ဦးမြို့)မှ ကိုဓညထွန်းက ပြောသည်။

အောက်တိုဘာလ (၂၂)ရက်နေ့မှ မြောက်ဦးမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အတွင်း ပျောက် ဆုံးနေသူ (၉)ဦးထဲတွင် (၃)လောင်းသာ ပြန်လည်ရရှိသေးပြီး ကျန် (၆)လောင်းကို သင်္ဂြိုလ်ရန် ယခုချိန်ထိ ဘင်္ဂလီများထံမှ ပြန်လည်တောင်းယူ၍ မရရှိသေးကြောင်း သိရှိရသည်။

"အောက်တိုဘာလ(၂၂)ရက်နဲ့ (၂၃)ရက်ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်းမှာ ပျောက်ဆုံးနေတာ အားလုံးစုစုပေါင်း (၉)ဦးပါ။ နိုဝင်ဘာလ (၃)ရက်နေ့ နေ့လည်ဘက် (၂)လောင်းနဲ့ ညနေဘက်မှာ (၁)လောင်းပြန်တွေ့ ပါ တယ်။ နောက်ထပ် (၆)လောင်းကျန်နေသေးတယ်။ အဲဒါ ကျန်ရစ်တဲ့မိသားစုတွေက သင်္ဂြိုလ်ချင်တဲ့ အ တွက် ကျနော်တို့က သက်ဆိုင်ရာ အရာရှိတွေကိုသွားပြီးတော့ အကူညီတောင်းတယ်။ သူတို့ က တောင်းပေး မယ်လို့ အာမခံပြီးတော့ အခုချိန်ထိ တောင်းလို့မရသေးဘူး။ စစ်တပ်က လုံခြုံရေး ယူပြီးတော့ ကျနော်တို့ လယ်ကွင်းတွေမှာ လိုက်ရှာတာလည်းနှံ့နေပြီ ဒါပေမယ့် နေရာအတိအကျမသိတော့ ဘယ်နားမှာတူးပြီးတော့ရှာမလဲ။ ဒါကြောင့် ဘင်္ဂလီတွေကို မေးပေးဖို့ စစ်တပ်တာဝန်ရှိသူတွေကိုပါ ကျနော် တို့ အကူအညီတောင်းထားပါတယ်"ဟု မြောက်ဦးနာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသူများမှာ

၁) အတို(ခေါ်) ဦးကျော်စိန်းဝင်း အသက်-၁၇နှစ်၊ ဘ-ဦးစံကျော်၊ မိ-ဒေါ်အ၀င်းကြည် ၀ါဈေးရပ်၊ လက်ကောက်ဈေးရပ်ကွက်၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပျောက်ဆုံး။

၂) မောင်ဌေးဝင်း အသက်(၂၁)နှစ်၊ ဘ-ဦးထွန်းသာဦး၊ မိ-ဒေါ်မကျန်၊ ပန်းမြောင်းကျေးရွာ၊ မင်းပြာမြို့နယ်၊ အောက်တိုဘာလ (၂၂)ရက်နေ့တွင် ပျောက်ဆုံး။

၃) ဦးလှထွန်း အသက်(၃၂)နှစ်၊ ဘ- ဦးမောင်ဂေါက်ရ၊ မိ- ဒေါ်သန်းယဉ်ဦး၊ ဆက်ချဆိပ်ရွာသစ် လက်ကောက်ဈေးရပ်ကွက်၊ (၂၃)ရက်နေ့ ယိုင်သည်ရွာတွင် ပျောက်ဆုံး။

၎) ဦးကျော်သာဖြူ အသက်(၅၄)နှစ်၊ ဘ-ဦးကျော်လှအောင်၊ အောင်တပ်ရပ်ကွက်၊ (၂၃)ရက်နေ့ ယိုင်သည်ရွာတွင် ပျောက်ဆုံး။

ကျန်(၂)ဦး၏ မိသားစုနှင့် နေရပ်များကို စုံစမ်းမသိရှိရသေးပေ။

ယခုပျောက်ဆုံးနေသော အလောင်းများ ပြန်လည်ရရှိရန် ဘင်္ဂလီ ဗလီဆရာများအား မေးမြန်းရာ ဦးကျော်စိန် ၀င်းနှင့် မောင်ဌေးဝင်းဆိုသူ နှစ်ဦးကို ချောင်းထဲသို့ ပစ်ချလိုက်ကြောင်း ၀န်ခံထားပြီး ကျန်(၄) ဦး ကိုမူ မသိရှိဟု ငြင်းဆန်ထားကြောင်း သိရှိရသည်။

မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဘင်္ဂလီများရန်ကိုကြောက်၍ မြောက်ဦးမြို့ထဲသို့ တိမ်းရှောင် လာ ခဲ့သော ဒုက္ခသည်ပေါင်း (၇၀၀)ကျော်ခန့် ရှိနေသေးပြီး ယင်းဒုက္ခသည်များအတွက် အနွေး အထည်နှင့် စောင်များလိုအပ်လျှက်ရှိကြောင်းနှင့် အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ ရခိုင်လူငယ် ကွန်ယက်နှင့် မြို့မိ၊ မြို့ဘများမှ ကူညီဆောင်ရွက်ပေးနေကြာင်း သိရှိရသည်။

"မြောက်ဦးမှာ အခု ဆောင်းရာသီရောက်ပြီဆိုတော့ အေးလာပြီလေ။ ဒုက္ခသည်တွေမှာက စောင်တွေ၊ အနွေးထည်တွေ အပြည့်အစုံမပါတဲ့သူတွေကများပါတယ်။ အဲဒါ ကူညီကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့(၃)ဖွဲ့က ကူညီဆောင်ရွက်နေကြပါတယ်။စားနပ်ရိက္ခာတော့ မြောက်ဦးမြို့နယ်အုပ်ချူပ်ရေး တာဝန်ရှိသူတွေ က ပေး တာတွေ လည်းရှိတယ်။ နောက်ပုဂ္ဂလိက အလှူရှင်တွေနဲ့ ကျနော်တို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ကလည်း ပေးတာတွေရှိပါတယ်။ အဓိကလိုအပ်နေတာတော့ အနွေးအထည်တွေနဲ့ စောင်တွေပါ"ဟု ကိုဓညထွန်းက ပြောသည်။

ဤဒုက္ခသည်များသည် ဘင်္ဂလီရွာများနှင့် ကပ်လျှက်ရှိသော ရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ပြီး၊ ယင်းဘင်္ဂလီရွားနှင့် အတူယှဉ်တွဲမနေထိုင်လိုကြောင်း၊ မိမိတို့အား ယင်းဘင်္ဂလီကျေးရွာများနှင့် အတူယှဉ်တွဲနေထိုင်ခိုင်းမည်ဆိုပါက နေရပ်သို့ မပြန်တော့ကြောင်း ဒုက္ခသည်များပြောဆိုနေကြကြောင်းလည်း သိရှိရသည်။

Arakan Time

0 comments:

Post a Comment