Pages

Tuesday, November 6, 2012

စည်ပင်လမ်းကြားတွင် ငှားရမ်းဖွင့်လှစ်ထားသည် စွန့်ပစ္စည်းအဟောင်းဆိုင်အား အမြန်ဆုံးဖယ်ရှားသင့်

Photo: စည်ပင်လမ်းကြားတွင် ငှားရမ်းဖွင့်လှစ်ထားသည် စွန့်ပစ္စည်းအဟောင်းဆိုင်အား အမြန်ဆုံးဖယ်ရှားသင့်
-------------------------------------------------------
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း(အောက်) စည်ပင်ပိုင် မြေနေရာဖြစ်သော တိုက်တာ အဆောက်အအုံများကြား(လမ်းကြား) တွင် သတင်းစာနှင့်စွန့်ပစ်ပစ္စည်းဟောင်း ရောင်း ဝယ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပစ္စည်းများ မှာ မြင်မကောင်းအောင် စည်းကမ်းမဲ့စွာ ထားရှိ နေမှုကြောင့် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သဖြင့် အမြန်ဆုံးဖယ်ရှား ရှင်းလင်းသင့်ကြောင်းရပ်ကွက် နေပြည်သူတစ်ဦးမှ သတင်းပေးပြောကြားသွား သည်။

အဆိုပါ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပစ္စည်း များကို မိမိပိုင်မြေနေရာကဲ့သို့ လမ်းကြားတံခါး ကိုပင် အပိုင်စီး သော့ခတ်ကာ ယခုကဲ့သို့ အမိုး အကာမရှိသော စည်ပင်ပိုင်လမ်းကြား အတွင်း၌ ထားရှိခြင်းကြောင့် ပူပြင်းသောရာသီဖြစ်သည် နှင့်အညီ မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အပြင် ယခင်ကလည်း ၄င်းနေရာတွင် လက်ဖက်ရည် ဆိုင်နှင့်ထမင်းဆိုင်စသည့် စားသောက်ကုန်ရောင်း ဝယ်ရေးဆိုင်များကို အခကြေးငွေရယူ ငှားရမ်း ကာ ခွင့်ပြုခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မီးဘေး အန္တရာယ်ရှိသည်ဟ
ုတိုင်ကြားကြ၍ ယခင်ဆိုင် များကို ဖယ်ရှားခဲ့ပြီး ယခုတစ်ဖန် ယခင်ထက်ဆိုး ရွားသော သတင်းစာဟောင်းများ၊ စက္ကူပုံးခွံများ၊ မီးသွေး အိတ်များနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရ သောပစ္စည်းများအပြင် အနံ့အသက်အလွန်ဆိုးဝါး သော ပစ္စည်းများကိုပါ မြင်မကောင်းအောင်စုပုံ ထားရှိခြင်းမှာ ရန်ကုန်မြို့တော်၏ အင်္ဂါရပ်နှင့် မကိုက်ညီသည့်ပြင် ခရီးသွားလုပ်ငန်းကုမ္ပဏီ များစွာရှိသည့်အတွက် နိုင်ငံခြားသားခရီးသွား များလည်း ဥဒဟိုဝင်ထွက်သွားလာတတ်သည့် နေရာဖြစ်သဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သောကြောင့် အမြန်ဆုံးဖယ်ရှားသင့် ကြောင်းခရီးသွားပြည်သူတစ်ဦးက ထပ်မံ ပြော ကြားသည်။

ထို့ပြင်ယခုကဲ့သို့သော စွန့်ပစ်ပစ္စည်းရောင်း ဝယ်ရေးဆိုင်များကို ရန်ကုန်မြို့၏ အချက်အခြာ ကျသော လူစည်ကားရာနေရာများဖြစ်သည့် မြို့ နယ်များအတွင်း၌ ထားရှိရန် မသင့်လျော်တော့ သဖြင့် စည်ပင်ပိုင်မြေနေရာများတွင် တရားမဝင် နားလည်မှုယူ၍အခကြေးငွေယူကာ ငှားရမ်းနေ သူများအား သက်ဆိုင်ရာမှထိရောက်စွာအရေးယူ သင့်ကြောင်း ဆက်လက်ပြောကြားသွားသည်။

အေးချမ်းမွန်မှ  The Street View တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Street View
The Street View
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊၃၈လမ်း(အောက်)စည်ပင်ပိုင် မြေနေရာဖြစ်သောတိုက်တာအဆောက်
အအုံများကြား(လမ်းကြား) တွင် သတင်းစာနှင့်စွန့်ပစ်ပစ္စည်းဟောင်း ရောင်း ဝယ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်
များ၏ပစ္စည်းများမှာ မြင်မကောင်းအောင်စည်းကမ်းမဲ့စွာထားရှိ နေမှုကြောင့် မြို့တော်အင်္ဂါရပ်နှင့်မညီညွတ်
သဖြင့် အမြန်ဆုံးဖယ်ရှား ရှင်းလင်းသင့်ကြောင်းရပ်ကွက် နေပြည်သူတစ်ဦးမှ သတင်းပေးပြောကြားသွား
သည်။
အဆိုပါ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပစ္စည်း များကို မိမိပိုင်မြေနေရာကဲ့သို့ လမ်းကြားတံခါး ကိုပင် အပိုင်စီး
 သော့ခတ်ကာ ယခုကဲ့သို့ အမိုး အကာမရှိသော စည်ပင်ပိုင်လမ်းကြား အတွင်း၌ ထားရှိခြင်းကြောင့် ပူပြင်း
သောရာသီဖြစ်သည် နှင့်အညီ မီးဘေးအန္တရာယ် စိုးရိမ်ရကြောင်းသိရှိရသည်။
 
ယခင်ကလည်း ၄င်းနေရာတွင် လက်ဖက်ရည် ဆိုင်နှင့်ထမင်းဆိုင်စသည့် စားသောက်ကုန်ရောင်း ဝယ်ရေး
ဆိုင်များကို အခကြေးငွေရယူ ငှားရမ်း ကာ ခွင့်ပြုခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှမီးဘေးအန္တရာယ်ရှိသည်ဟုတိုင်
ကြားကြ၍ယခင်ဆိုင်များကိုဖယ်ရှားခဲ့ပြီးယခုတစ်ဖန်ယခင်ထက်ဆိုး ရွားသော သတင်းစာဟောင်းများ၊ စက္ကူ
ပုံးခွံများ၊ မီးသွေး အိတ်များနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရ သောပစ္စည်းများအပြင် အနံ့အသက်အလွန်ဆိုးဝါး
သောပစ္စည်းများကိုပါ မြင်မကောင်းအောင်စုပုံထားရှိခြင်းမှာရန်ကုန်မြို့တော်၏အင်္ဂါရပ်နှင့် မကိုက်ညီသည့်
ပင် ခရီးသွားလုပ်ငန်းကုမ္ပဏီ များစွာရှိသည့်အတွက် နိုင်ငံခြားသားခရီးသွား များလည်း ဥဒဟိုဝင်ထွက်သွား
လာတတ်သည့် နေရာဖြစ်သဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကိုပါထိခိုက်စေနိုင်သောကြောင့် အမြန်ဆုံးဖယ်
ရှားသင့် ကြောင်းခရီးသွားပြည်သူတစ်ဦးက ထပ်မံ ပြော ကြားသည်။

ထို့ပြင်ယခုကဲ့သို့သောစွန့်ပစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်များကိုရန်ကုန်မြို့၏အချက်အခြာကျသောလူစည်
ကားရာနေရာများဖြစ်သည့်  မြို့ နယ်များအတွင်း၌ ထားရှိရန် မသင့်လျော်တော့ သဖြင့် စည်ပင်ပိုင်မြေနေ
ရာများတွင် တရားမဝင် နားလည်မှုယူ၍အခကြေးငွေယူကာငှားရမ်းနေသူများအား သက်ဆိုင်ရာမှထိရောက်
စွာအရေးယူ သင့်ကြောင်း ဆက်လက်ပြောကြားသွားသည်။

အေးချမ်းမွန်
 The Street View 

0 comments:

Post a Comment