Pages

Friday, July 19, 2013

ကိုဘအေးရဲ့ ဝန်ကြီးများရုံး အလွမ်းပြေ

Photo: ကိုဘအေးရဲ့ ဝန်ကြီးများရုံး အလွမ်းပြေ
Friday, July 19, 2013

ဂိတ်ဝမှာ ဂိတ်ပတ်စ် လုပ်ပြီးတော့ ရုံးထဲ ဝင်လာတဲ့ ကိုဘအေး တစ်ယောက် ကြက်သီး မွေးညှင်းတွေ ထသလို ဖြစ်သွားတယ်။ အထင်ကရ နေရာတစ် ခု ဖြစ်ပြီးတော့ ချောက်ချားဖွယ် အတိတ်သမိုင်းကြောင်း ရှိခဲ့တဲ့ နေရာတစ် ခုလည်း ဖြစ်နေလို့လား မသိဘူး။ ကိုဘအေး ရောက်ခဲ့တာဆိုရင် ဒီတစ်ကြိမ်ဟာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ 

ပထမအကြိမ်က အလုပ်လျှောက်လွှာ ပုံစံ လာယူတာ။ လက်ရှိ လုပ်နေတဲ့ အလုပ်က သုံးနှစ် စီမံကိန်းလို့ ပြောတော့ သုံးနှစ်ပြည့်ရင် အလုပ်ပြုတ်မ လားဆိုပြီး (တကယ်တော့ မပြုတ်ကြပါ) သုံးနှစ် မပြည့်ခင်က ဌာနပြောင်း ဖို့ ရွှေ့ဖို့ လုပ်ကြတာ။ ကိုဘအေးလည်း အဲဒီလို စိုးရိမ်တဲ့သူတွေအထဲမှာ ပါတော့ SB (သတင်းတပ်ဖွဲ့)က တပ်သားခေါ်တယ်ဆိုတာနဲ့ လျှောက် လွှာသွားယူတာ၊ ရုံးထဲမှာ သိပ်မကြာခဲ့ပါဘူး။ ဒီတစ်ခါကတော့ ဒီရုံးထဲမှာပဲ လုပ်ရတော့မှာ။ တခြားကို မပြောင်းရမချင်းတော့ ဘယ်လောက် ကြာအောင် ဒီရုံးထဲမှာ နေရဦးမယ် မသိဘူး။ ဒါကြောင့် အထက်က ပြောခဲ့သလိုပဲ ငါ ဒီရုံးကြီးမှာ ရုံးတက်ရတော့မှာပါလား ဆိုတဲ့ အသိနဲ့ ခံစားချက် တစ်မျိုး ဝင်လာတာပါ။ အဲဒီရုံးကြီးကတော့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော် လမ်းကြားမှာ ရှိပြီး မဟာဗန္ဓုလ လမ်းမကြီးနဲ့ အနော်ရထာလမ်းမကြီးကြား အလယ်ဘလောက်မှာ ရှိတဲ့ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်များ ရုံးဟောင်း)ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများဟာ ဒီရုံးကြီးထဲမှာပဲ အကြံပက်စက် စကောလောက်မှ စောက်မနက်တဲ့ သူတွေရဲ့ ပက်ပက်စက်စက် လုပ်ကြံတာကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ လွတ်လပ်ရေးနေ့ (၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့)မှာ အင်္ဂလိပ်ကိုလိုနီတို့ရဲ့ ယူနီယံဂျက် အလံကို ချပြီး ပြည်ထောင် စု မြန်မာနိုင်ငံရဲ့ အလံတော်ကို လွှင့်တင်တဲ့ နိုင်ငံတော် အလံတင် အခမ်းအနားကိုလည်း ဒီရုံးကြီးထဲမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီး ဒီရုံးကြီးထဲမှာပဲ အစိုးရအဖွဲ့ ရုံးထိုင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို အုပ်ချုပ်ခဲ့တာပါ။ ၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ်အထိ ပြည်ထောင်စု လွှတ်တော် ကျင်းပခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ကိုဘအေး ရောက်သွားတဲ့အချိန်မှာ ဝန်ကြီးများရုံး ဆိုတဲ့ နာမည်နဲ့အညီ ဝန်ကြီးဌာန တော်တော်များများ ရုံးထိုင်နေပါတယ်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စီမံကိန်း၊ သတ္တုတွင်း၊ ဆောက်လုပ်ရေး စတဲ့ ဝန်ကြီးဌာနတွေ ရှိပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းကို ဘုရားခန်း လုပ်ထားတာ တွေ့ခဲ့ရပါတယ်။ အခါကြီးရက်ကြီးတွေမှာတော့ ဝန်ကြီးဌာနဝတ်အသင်းတွေက အလှည့်ကျ ဝတ်ရွတ်ကြပါတယ်။ တစ်ခါတစ်လေ တခြားဝန်ကြီးဌာနတွေ သွားရင်းနဲ့ အဲဒီအခန်းရှေ့ကနေ ဖြတ်သွားရင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်မိတယ်။

ကိုဘအေးက ဝန်ကြီးများ ရုံးထဲမှာ ၁၉၇၆ကနေ ၁၉၇၈ခုနှစ်အ ထိ နေခဲ့ရပြီး၊ နိုင်ငံတော် ကောင်စီရုံးအနေနဲ့ ဝင်ဒါမီယာထဲကို ပြောင်းခဲ့ ရပါတယ်။ နိုင်ငံရေး အလှည့်အပြောင်းတစ်ခုမှာတော့ ကိုဘအေးတို့လည်း ဝန်ကြီးများရုံးထဲ ပြန်ရောက်ခဲ့ပါတယ်။ ၁၉၈၉ခုနှစ်ပေါ့။ အဲဒီမှာ ငါးနှစ်လောက် နေခဲ့ရပြီးတော့ ရန်ကင်းရုံးကို ပြောင်းခဲ့ရပါတယ်။ အခုဆိုရင်တော့ အစိုးရရုံးတွေ အားလုံး နေပြည်တော်ကို ပြောင်းကုန်ကြရပြီမို့ ဝန်ကြီးများရုံးထဲမှာ ဘာရုံးဘာဌာနမှ မရှိတော့ပါဘူး။ ဟိုက်ကုတ်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတို့လို ကိုလိုနီခေတ် လက်ရာ ဖြစ်လို့မို့ ဥရောပဗိသုကာ ပုံစံ ခန့်ငြားလှပတဲ့ အဆောက်အဦကြီးတစ်ခု ဖြစ်ပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ဟိုတယ်အဖြစ် ဆောက်လုပ်ဖို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ကြိုးပမ်းမှုကို ပြည်သူတွေ ကန့်ကွက်ကြတဲ့အတွက် အခုဆိုရင် ပြတိုက်အဖြစ်ပဲ ထားဖို့ ဆုံးဖြတ်ပြီး ပြုပြင် မွမ်းမံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ကိုလိုနီခေတ်ကတည်းက အဆောက်အဦဖြစ်လို့မို့ နှစ်ပေါင်း ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ကိုဘအေးတို့ ရုံးတက်တဲ့ အချိန်မှာတောင် ကော်ရစ်ဒါကြီးတွေဟာ လေးဘက်လေးတန် ဝင်ပေါက်ကြီးတွေရဲ့ အလယ်ကို နိမ့်လျှောကြီးတွေ ဖြစ်နေပါတယ်။ အပေါ်ထပ် တက်တဲ့ ကြောင်လိမ်လှေကားကြီးတွေကလည်း သစ်သားလှေကားကြီးတွေ ဖြစ်ပါတယ်။ ပြုပြင်မှုတွေကတော့ လုပ်နေရတာပေါ့လေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ အာဇာနည်နေ့ အကြောင်း သတင်းစာက ဆောင်းပါးလေးတွေ ဖတ်မိရင်း တစ်ချိန်တစ်ခါက ရုံးတက်ခဲ့ရတဲ့ သမိုင်းဝင် အမွေအနှစ် တစ်ခုဖြစ်တဲ့ ဝန်ကြီးများရုံးကို သွားပြီး သတိရမိလို့ အလွမ်းပြေလေး ရေးမိတာပါ။

Myanmar ICT

Friday, July 19, 2013

ဂိတ်ဝမှာ ဂိတ်ပတ်စ် လုပ်ပြီးတော့ ရုံးထဲ ဝင်လာတဲ့ ကိုဘအေး တစ်ယောက် ကြက်သီး မွေးညှင်းတွေ ထသလို ဖြစ်သွားတယ်။ အထင်ကရ နေရာတစ် ခု ဖြစ်ပြီးတော့ ချောက်ချားဖွယ် အတိတ်သမိုင်းကြောင်း ရှိခဲ့တဲ့ နေရာတစ် ခုလည်း ဖြစ်နေလို့လား မသိဘူး။ ကိုဘအေး ရောက်ခဲ့တာဆိုရင် ဒီတစ်ကြိမ်ဟာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်တွင် ကားသုံးစီးဆင့်တိုက်စဉ် ဒဏ်ရာမရှိဘဲ တစ်ဦးသေဆုံး

Friday, July 19, 2013

ကားသုံးဆင့်တိုက်မှု ဖြစ်ပွားခဲ့စဉ် ကိုယ်ပိုင်ကားတစ်စီးထဲမှ လူတစ်ဦးဒဏ်ရာမရှိဘဲ သတိလစ်သေဆုံးခဲ့မှု တစ်ခု ဇူလိုင် ၁၇ ရက်က ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိ ပါသည်။

အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ

အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ
**********************************************************
**********************************************************
ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ ဂုဏ်ထူးဆောင်တက္ကသိုလ်ဖြစ်သော ဘာကလေ (Berkeley)တွင် လူမှုဗေဒဘာသာရပ် တက်ရောက်နေသည့် အသက် ၂၁ နှစ်အရွယ် စာဒီယဟ် စိုင်ဖွဒ္ဒီန်း(Sadia Saifuddin)က “ အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ရှင် ” ဟု ရိုက်တာသို့ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

သူမ၏ရာထူးကိုလက်ခံရန် သူမအားထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်သန်းလျှောက်လှမ်းလာစဉ် “ ဒီအနေအထား အတွက် ကျွန်မ အရမ်း စိတ်လှုပ်ရှားနေတယ် ” ဟု ဆိုခဲ့သည်။

စိုင်ဖွဒ္ဒီးန်သည် ၂၀၁၄ ခုနှစ်မှစတင်မည့် စာသင်နှစ်တစ်နှစ်လုံးအတွက် ကျောင်းသားခေါင်းဆောင်ဘုတ်အဖွဲ့ဝင် ၂၆ ဦး အနက် ပထမဆုံးသော မွတ်စ်လင်မ်တစ်ဦး ဖြစ်လာတော့မည်။

သူမ၏နေရာနှင့်ပတ်သက်ပြီး ထင်ရှားပေါက်ရောက်သော Simon Wiesenthal Center အပါအ၀င် ဂျူးအုပ်စုတို့၏ အပြင်းအထန်ဆန့်ကျင်မှုကို ကျော်ဖြတ်ခဲ့ရသည်။ အစ္စရေးစစ်တပ်နှင့်ချိတ်ဆက်နေသည့်ကုမ္ပဏီလုပ်ငန်းများထံမှ ရရှိသော တက္ကသိုလ်ရန်ပုံငွေများအား သူမလှုပ်ရှားနေသည့်ဆောင်ရွက်ချက်များတွင် အသုံးချလိမ့်မည်ဟု ၄င်းတို့က ပုတ်ခတ်စွပ်စွဲဆန့်ကျင်ထားကြသည်။ စန်တာခရုဇ် Santa Cruz ကျောင်းဝင်းမှ နည်းပြတစ်ဦးမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်အထင်မှားပြီးရွံကြောက်နေသူဖြစ်ကြောင်း ကျောင်းသားရေးရာအဖွဲ့၏ ရှုတ်ချချက်အပေါ် ရပ်တည်သည့် အတွက်ကြောင့်လည်း ၄င်းတို့က ကန့်ကွက်ခြင်းဖြစ်သည်။

“ UC စံနစ်ကြီးစိုးထားတဲ့နှစ်တစ်နှစ်ရဲ့ ကျောင်းသတင်းထုတ်ပြန်ချက်မှာ ကျောင်းထဲက ထောင်နဲ့ချီတဲ့လူတွေကို အပြောင်းအလဲဖြစ်စေတဲ့သူအပေါ် ခန့်အပ်ရမယ်လို့ အဆိုတစ်ခုပါနေတယ်။ အခြားသင့်တော်တဲ့ မွတ်စ်လင်မ်တစ်ဦးဦးကို ဒီရာထူးမှာ ထားသင့်တယ်။ စာဒီယဟ်ဟာ သင့်တော်သူမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံထားတယ် ” ဟု Wiesenthal Center မှ ဂျူးဘုန်းကြီး အေရွန် ဟိုင်ယာ (Aron Hier) ပြောကြားကြောင်း စာဒီယဟ်အား ဘုတ်အဖွဲ့ဝင်အဖြစ်မှငြင်းဆိုရန် ထိုအဖွဲ့၏ထုတ်ပြန်စာ၌ ဖော်ပြထား၏။

အတိုက်အခံများကြားမှ တက္ကသိုလ်ကျောင်းကိုယ်စားလှယ် ၂၅ ဦး၏ဆန္ဒမဲဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သူမအား ခန့်အပ်ရန်  အတည်ပြုခဲ့ကြသည်။ မဲမထည့်သော ကျန်အဖွဲ့ဝင်တစ်ဦးမှာ ရစ်ချက် ဘလမ်း(Richard Blum)သာ ရှိခဲ့၏။ သူက စိုင်ဖွဒ္ဒီးန်၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝေဖန်ခဲ့သူဖြစ်၏။

စိုင်ဖွဒ္ဒီးန်က အလွှာအသီးသီးမှ ကျောင်းသားများအတွက် ကျောင်းတွင်းဆိုင်ရာကိစ္စများ နှင့် ငွေကြေးအကူအညီများ ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု ရာထူးလက်ခံစဉ် ပြောကြားသွားခဲ့သည်။

လာမည့်နှစ်အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များစုံညီ အစည်းအဝေး၌ ပါဝင်ခွင့်ရမည်ဖြစ်၏။ သို့သော် သူမ၏ တာဝန်စတင်မည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမတိုင်မီတွင် ဆန္ဒမဲပေးခွင့်တော့ မရှိသေးချေ။

အတိုက်အခံဖက်မှ အသံများလျှံထွက်နေလင့်ကစား စိုင်ဖွဒ္ဒီးန်ကိုထောက်ခံကြသူတို့က သူမသည် ဘာသာပေါင်းစုံ ကျောင်းသူကျောင်းသားများအပေါ်အလေးထားသော စံပြကျောင်းသူတစ်ဦးအဖြစ် ချီးကျူးခဲ့ကြသည်။
Credit: M Media

ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက်ကိုင်ဆောင်လာသူအား စစ်ဆေးတွေ့ရှိအရေးယူ

ရွေတိဂုံစေတီတော်မှာ လက်နက်ကိုင်ဆောင်သူမိပြန်ပြီ ......နည်းတဲ့ဓားကြီးမဟုတ်ဘူး...ဘာလုပ်ဖို့ပါလိမ့်

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက်ကိုင်ဆောင်လာသူအား 
စစ်ဆေးတွေ့ရှိအရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ
သိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ဓါးအိမ်ပါဓါးဦးချွန်တစ်ချောင်းအား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒဂုံမြို့မရဲစခန်း(ပ) ၁၆၃/၂၀၁၃ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ
သိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ

ရေမန်းနှင့် အက်စစ်မှားသောက်မိ၍ အမျိုးသားတစ်ဦးသေဆုံး

မန္တလေး၊ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာတွင် ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေမန်းနှင့် အက်စစ် မှားသောက်မိ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကလေးမြို့တွင် အာဇာနည်နေ့ အကြိုမြို့လယ်ခေါင်တွင်လူသတ်မူဖြစ်

ကလေးမြို့တွင် (၁၈.၇.၁၃)ရက်နေ့ ည(၁၀) နာ၇ီကျော်အချိန်တွင်
ကလေးလမ်းဆုံအနီး တိုက်စိမ်းဆေးဆိုင်ရှေ့တွင် သုံးဘီးမောင်းနှင်သော လူငယ်များ ခိုက်ရန်ဖြစ်ပွားရာ တစ်ဖက်လူငယ်မှ အသင့်ယူဆောင်လာသောဓါးဖြင့် ခုတ်လိုက်ရာ တဖက်မှ(၁၈)နှစ်ခန့်အရွယ် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရှိရပါတယ်။

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တောင်ကုတ်နှင့် စစ်တွေမြို့တွင် ကျင်းပ

Photo: ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တောင်ကုတ်နှင့် စစ်တွေမြို့တွင် ကျင်းပ
Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တွင် ယနေ့ကျင်းပခဲ့သည်။

တောင်ကုတ်မြို့တွင်  ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ်မှ ဦးဆောင်ပြီး  မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဖိတ်ကြားထားသော မြို့မိမြို့ဖများ၊ ကျေးရွာအသီးသီးမှ NLD အဖွဲ့ဝင်များ၊ ကျောင်းသူ ကျောင်းသားများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီတွင် စတင် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် အလုပ်အမူဆောင် ဥက္ကဌ ဦးတင်သိန်းအောင်က ” အာဇာနည် ခေါင်းဆောင်ကြီးများ  အကြောင်းကို ကလေးများရော လူကြီးတွေပါ မကျန် မသိကြတော့ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည် အတွက် မည်သို့ ကြိုးစား ဆောင်ရွက်ခဲ့ကြသည်ကို အမှတ်မရကြတော့ကြောင်း၊ အမျိုးသားညီညွတ်ရေး အတွက် မည်သို့ အုတ်မြစ်ချခဲ့ကြသည်ကို သတိမရကြတော့ကြောင်း၊  တိုင်းရင်းသားအရေးကို အာဇာနည် ခေါင်းဆောင်ကြီးများ မည်သို့ မျှော်မှန်း တည်ဆောက်ခဲ့ကြသည်ကို  မေ့ပျောက်နေကြပြီ ဖြစ်ကြောင်း သို့အတွက် အာဇာနည်နေ့တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို  ပြန်လည် သတိရ အောက်မေ့ရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ခင်းခဲ့သော အမျိုးသားရေး လမ်းစဉ်ကို ပြန်လည်၍ အမှတ်ရကြစေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော ၆၆ နှစ်မြှောက် အာဇာနည်နေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်း”   နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ အာဇာနည်တွေအကြောင်းကို မသိကြတာဟာ ကျွန်တော်တို့ တဆက်ကပင် အခု ကလေး တွေထိ အာဇာနည်ဆိုတာ ဘာမှန်းလဲဆိုတာ တိတိကျ မသိကြတော့ဘူး။  တိုင်းပြည် လွတ်လပ်ရေး ရဖို့အတွက် အာဇာတည် ခေါင်းဆောင်တွေ ဘယ်လို လုပ်ကိုင်ခဲ့ကြတယ်ဆို တာကိုလည်း မသိကြတော့ဘူး။  အာဇာနည်နေ့ဆိုတာလည်း ဘယ်နေ့မှန်း မသိကြတော့ဘူး။  ဒီလို တနိုင်ငံလုံး အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို မသိဆိုရင်  နောင်လာမည့် မျိုးဆက်သစ်တွေလည်း သိနိုင်ဖွယ်ရာ မရှိတောူ့း။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး” လို့ ဦးတင်သိန်းအောင်က ပြောသည်။

တောင်ကုတ်မြို့ အာဇာနည်နေ့ အခမ်းအနားတွင် NLD တောင်ကုတ်မြို့နယ်မှ ထူထောင်ထားသော အခမဲ့ အမေ့အိမ် ပညာဒါနကျောင်းများမှ ကျောင်းသားများက ကဗျာရွတ်ဖတ်ပြီး ခန်းမမှတဆင့် ကျောင်းသူ ကျောင်းသားများ အပါအ၀င် တက်ရောက်လာသူများက လွတ်လပ်ရေးကျောက်တိုင်ကို သွားရောက်ကာ လွမ်းသူပန်းခွေများ ချကာ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ ပြုခဲ့ကြသည်။ နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

အလားတူ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦး ဆောင်ပြီး စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမတွင် ကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် ကျင်းပသည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစံရွှေထွန်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ သံဃာ ၃ ပါးကို ဆွမ်းကျွေးပါတယ်။ သင်္ကန်းကပ်လှူတယ်။ တက်ရောက်လာတဲ့ လူတွေက ဆရာတော်တွေထံမှာ ၅ ပါးသီလယူကြတယ်။ အာဇာနည်နေ့ ပတ်သက်ပြီး အနည်းငယ် ဟောပြော ခဲ့ကြပါ တယ်။ တက်ရောက်လာသူတွေကို မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံပါတယ်” ဟု ဆိုသည်။

စစ်တွေမြို့တွင် ပြုလုပ်သော ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လူပေါင်း ၁၀၀ ကျော်တက်ရောက် ခဲ့ပြီး အခမ်းအနားကို နံနက် ၇ နာရီမှ စတင်ကာ နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

နိရဉ္စရာ

Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တွင် ယနေ့ကျင်းပခဲ့သည်။

၆၆ နှစ်မြောက် အာဇာနည်နေ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

Photo: အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပသော အာဇာနည်နေ့အခမ်းအနား၌ အမှတ်တရစကား ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
Friday, July 19, 2013

Popular Journal
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပသော အာဇာနည်နေ့အခမ်းအနား၌ အမှတ်တရစကား ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
Friday, July 19, 2013

၆၆နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ခေါင်းဆောင်များ အသက်စွန့်သွားပုံကို အဖွဲ့ချုပ်ရုံးခန်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။

အာဇာနည်များအတွက်ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးဆွမ်းကပ်လှူ

Photo

Friday, July 19, 2013

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်
ရေးရုံးခန်းမှာ ယနေ့ အာဇာနည်နေ့၊ မနက် ၁၀ နာရီအချိန်တွင် သံဃာတော် (၃)ပါးပင့်ဖိတ်ပြီး ဆွမ်း၊ သင်္ကန်း ကပ်လှူပြီး ရေစက်ချအမျှဝေခဲ့ပါတယ်။

ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်

Photo: ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှ သက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future  က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိ ရသည်။

ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံနိုင်ငံသားများ သည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။ ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ ''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ်လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

Yangon Media Group
ညီလတ်
ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်။
ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှ သက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိ ရသည်။

Google ရဲ့ ထပ်မံထွက်ရှိလာဖို့ရှိတဲ့ Nexus generation အသစ်

Photo: Google ရဲ့ ထပ်မံထွက်ရှိလာဖို့ရှိတဲ့ Nexus generation အသစ်
Friday, July 19, 2013

Nexus 5 စမတ်ဖုန်းဖြစ်တဲ့ Andorid v 5.0 Key Lime Pie ဆိုတဲ့ သတင်း
ထွက်ရှိပြီး ယခုအခါမှာတော့ ထပ်မံထွက်ရှိလာတဲ့ သတင်းကတော့
Google ရဲ့  Nexus generation အသစ်ပါ။

ယခင်ထွက်ရှိပြီး Asus Google Nexus 7 ရဲ့ အသစ်ထပ်မံထွက်ရှိလာမယ့်
Next-gen လို့ဆိုရမှာပါ။လာမယ့် တစ်ပတ်ထဲမှာ မိတ်ဆက်ပြသ သွားမယ်လို့
တော့သိရပါတယ်။New Google Nexus 7 tablet ဆိုပြီးကြေငြာထားပါတယ်။

ယခင်ထွက်ရှိပြီးဖြစ်တဲ့ Nexus 7 မှာ 1280x 800p resolution နဲ့သာထွက်ရှိ
ခဲ့ပေမယ့် ယခု Nexus 7 tablet မှာတော့ 1980 x 1200 p အထိတိုးမြင့်
အသုံးပြုပေးထား ပါတယ်။မျက်နှာပြင် အရွယ်စားကတော့ ယခင်ပုံစံအတိုင်း
၇ လက်မနဲ့သာပြုလုပ်ပေးထား မယ်လို့ဆိုပါတယ်။

ယခင် CPU တုန်းက Quad-core 1.2 GHz Cortex-A9 ကိုအသုံးပြုပေးထား
ပြီး ယခု Nexus 7 tablet မှာတော့ Qualcomm Snapdragon 600 CPU
ကိုအသုံးပြုထား ပါတယ်။Processoer Nvidia Tegra 3 quad-core ကိုအသုံး
ပြုထားပြီး ရှေ့ကင်မရာ 1.2 megapixel နှင့် နောက်ကင်မရာ 5 megapixel
ကိုအသုံးပြုထားပါတယ်။

ကြားသိရတဲ့ သတင်းများအရ Andorid Version 4.3 လို့ဆိုပြီး ယခင်
Nexus 7 နဲ့သိပ်မကွာသည့်ဈေးနှုန်း ဒေါ်လာ 200 ဝန်းကျင်နဲ့ဖြန့်ချိမယ်
လို့ဆိုထားပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)
TechSpace Journal

Friday, July 19, 2013

Nexus 5 စမတ်ဖုန်းဖြစ်တဲ့ Andorid v 5.0 Key Lime Pie ဆိုတဲ့ သတင်း ထွက်ရှိပြီး ယခုအခါမှာတော့ ထပ်မံ
ထွက်ရှိလာတဲ့ သတင်းကတော့ Google ရဲ့  Nexus generation အသစ်ပါ။

၂၀၁၃ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အခမ်းအနား နိုင်ငံတစ်ဝန်းလုံး စည်ကားသိုက်မြိုက်စွာကျင်းပ

Photo: ၂၀၁၃ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့
Friday, July 19, 2013

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြု

မြန်မာနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီး တွေကို အလေးပြု လွမ်းသူ့ ပန်းခွေချ အခမ်း အနားတွေကို နိုင်ငံ တဝန်း တခမ်း အနား ကျင်းခဲ့ကြ ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နှုတ်ချက် ထုတ်လွှင့်မှုတွေကို မြန်မာ့ရုပ်မြင်သံကြား က ပြန်လည် ထုတ်လွှင့်ပေးခဲ့ ပါတယ်။

ဒီကနေ့ အခမ်းအနားတွေမှာ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ မနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ လည်း နေရာ အတော်များများမှာ ကားဟွန်းတွေ တီး ဂုဏ်ပြုခဲ့ကြပါတယ်။

BBC Burmese
အာဇာနည်နေ့အခမ်းအနား  ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြုနေစဉ်
Friday, July 19, 2013

မြန်မာနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီး တွေ
ကို အလေးပြု လွမ်းသူ့ ပန်းခွေချ အခမ်း အနားတွေကို နိုင်ငံ တဝန်း တခမ်း အနား ကျင်းခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ နတ်မောက်လမ်း ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တွင် ပြည်သူများမှ အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက် ဂါရ၀ပြု

Photo: ရန်ကုန်မြို့ နတ်မောက်လမ်း ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လာရောက်ဂါရပြုဆုတောင်းကြသော ပြည်သူများ၊လူမှုအဖွဲ့ အစည်းများ၊ ကျောင်သားလူငယ်များကို ၂၀၁၃ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့ နက်နံပိုင်းတွင် တွေ့ ရစဉ်။
Friday, July 19, 2013

မူလတန်းမှစပြီး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ များနှင့် လူမှုအဖွဲ့ စည်းများနှင့် တိုင်းရင်းသား အဖွဲ အစည်းများ လာရောက် ပန်းခွေချ ဂါရ၀ အလေးပြုကြသည်။

ဓာတ်ပုံ-ဘိုဘို(မဇ္ဈိမ) 
Miaaim News

Friday, July 19, 2013
ရန်ကုန်မြို့ နတ်မောက်လမ်း ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင်  ပြည်သူများ၊လူမှုအဖွဲ့အစည်းများ၊ ကျောင်း
သားလူငယ်များ အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါရပြုဆုတောင်းခဲ့ကြကြောင်းသတင်းရရှိ
ပါသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် ဂျာနယ်ကျော် အမှတ်(၆) တွင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သော နောက်ဆုံးစကား