Pages

Friday, July 19, 2013

သူခေတ်၊သူ့အခါက အာဇာနည်နေ့ ဖြတ်သန်းပုံရိပ်များ

Photo: သူခေတ်၊သူ့အခါက အာဇာနည်နေ့ ဖြတ်သန်းပုံရိပ်များ
Thursday, July 18, 2013

အာဇာနည်နေ့ ရောက်တိုင်း မြန်မာပြည် တဝှမ်းရှိ ပြည်သူလူထု တစ်ရပ်လုံး သည် ဇာတိစိတ်၊ ဇာတိမာန် တက်ကြွသည့် အပြင် ဝမ်းနည်း ကြေ ကွဲဖြစ်ကြသည်။ ထိုနေ့ တွင် ခေတ် အဆက်ဆက်က နိုင်ငံတော် အစိုးရနှင့် ပြည်သူ တစ်ရပ်လုံးသည် အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရဝပြုကာ လွမ်းသူပန်းခွေချ၊ အလံ တစ်ဝက်ချ၍ ဝမ်း နည်းခြင်း အမှတ်တရ ပြုလုပ်ခဲ့ကြတာ တွေ့ရပေရာ ၁၉၈၈မှ ယနေ့ အချိန်ထိ မှေးမှိန် ပျောက်ကွယ်နေသည်ကို တွေ့ရသည်။

ထိုသို့သော ရှေ့အစဉ် အလာ ကောင်း များနှင့် သူ့ခေတ်သူ့အခါ အာဇာနည်နေ့ ဂုဏ်ပြုဖြတ်သန်း ခဲ့ကြဖူးသူတို့၏ ရင်တွင်း စကားများကို စုစည်းဖော်ပြလိုက်ရသည်။

စာရေးဆရာချစ်ဦးညို

“အရင်တုန်းက ဆိုရင် ဇူလိုင်လ ၁၉ ရက်နေ့ပေါ့။ အဲဒီနေ့မနက် ၁ဝ နာရီ၊ မိနစ် ၃၇ အချိန်မှာ ဥသြဆွဲတယ်။ သြော်..ဒီအချိန်ဆိုရင် ဗိုလ်ချုပ်သွေးမြေ ကျတဲ့ အချိန်ပါလား ဆိုပြီး အားလုံးရဲ့အသိမှာ ပထမဦးစွာ ဝမ်းနည်း ကြေကွဲကြရတယ်။ နှမြော တသ ဖြစ်ကြရတယ်။ အာဇာနည်တို့ တွေရဲ့ ကျေးဇူးတရားကို သိပြီး အမိ မြန်မာနိုင်ငံတော် ကို ထိန်းသိမ်းစောင့်ရှောက်ကြ ရမှာပါလား၊ ကာကွယ်ကြ ရမှာပါလား ဆိုတဲ့ အသိဝင် လာကြတယ်ပေါ့။ အဲဒီတော့ အဲဒီဥသြဆွဲ သံကို မြန်မာ့အသံ က လွှင့်ပေးတယ်။ ခု ဒီနောက်ပိုင်း မကြားရတော့ဘူး။ ၁၉၈၉ ခုနှစ်က ရပ်သွားခဲ့တယ်။ နောက် ပြီးတော့ ဒီ အာဇာနည်နေ့ ၁၇၊ ၁၈၊ ၁၉ရက်နေ့တွေ ဆိုရင် မြန်မာ့ အသံက နေပြီးတော့ ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတယ်။ ဒါကြောင့်မို့ ဟိုးတုန်း က ကောင်းမြတ်တဲ့ အစဉ်အလာ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေ အတွက် ဝမ်း နည်းခြင်း အထိမ်းအမှတ် လုပ်ကြတာပဲ။ မြန်မာနိုင်ငံ မှာလည်း လုပ်ရ မှာပဲလေ။ 

အဲဒီတော့ ဒီမိုကရေစီ ခေတ်ကို သွားနေတဲ့ ကာလမှာ ဒါ အများဆုံး အကောင်အထည် ဖော် သင့်တဲ့ ကိစ္စပါ။ အဲဒီအချိန် မြင်ရ သမျှတွေက ကိုယ့်အသိ စိတ်ဓာတ် နဲ့ကိုယ် အာဇာနည် ဗိမာန်မှာ လွမ်း သူ့ပန်းခွေ ချကြတယ်။ အလေးပြု ကြတယ်။ ဆရာတို့ ငယ်ငယ်တုန်း ကပေါ့။ အဘိုး၊ အဘွားတွေက အိမ်မှာ ဆွမ်းကျွေးကြတယ်။ ဘာကြောင့်လဲ ဆိုရင် အာဇာနည်ခေါင်း ဆောင်ကြီးတွေကို ရည်စူးပြီးတော့ သပိတ် သွတ်တာပေါ့။ ဒီလို အလေ့ အထတွေ အများကြီး လူတိုင်းလိုလို လုပ်ခဲ့ကြတယ်။ ဒီလို အလေ့အထတွေ ပြန်ပြီး ထွန်းကားလာဖို့ လိုအပ်တယ်”

စာရေးဆရာညိုထွန်းလူ 

“ဆရာညို တို့ခေတ်ကတော့ ရွာမှာနေရတော့ အာဇာနည်နေ့ မတိုင်ခင် ဗိုလ်ချုပ် နဲ့ ပတ်သက်တာတွေ ရေဒီယို ကနေ လွှင့်ပေးတယ်။ အဲဒီ တုန်းကလည်း ရွာမှာရေဒီယို က ၁လုံး၊ ၂လုံး လောက်ပဲရှိတာ။ အဲဒါ ကို သွားနားထောင် ရတာ။ ရွာမှာတော့ ဥသြဆွဲဖို့ မရှိတော့ အဲဒီအချိန် ရောက်ရင် ကလိုင်နဲ့မွှေ့ပစ်တာပဲ။ ကျောင်းရောက်တော့ လည်း အာဇာနည်နေ့ အကြောင်းအရာတွေ သင်ကြားရတယ်။ စာမဖတ်တတ်ခင် ကလေး အရွယ်တည်းက လူကြီးတွေ ကနေ အာဇာနည်နေ့ကို သိအောင် တန်ဖိုးထား တတ်အောင် နှလုံးသား ချင်းလက်ဆင့်ကမ်းခဲ့ကြတာပါ။ ဆရာတို့ကျောင်းသားဘဝတုန်းက တော့ အာဇာနည်နေ့မှာ အလေးပြု တာ အဖွဲ့လိုက်ချီတက်ပြီးသွားကြည့် ခဲ့တယ်။ ဟိုတုန်းက အာဇာနည်နေ့ ကို တန်ဖိုးထားစေချင်တယ်။ အာဇာ နည်နေ့က တဖြည်းဖြည်း မှေးမှိန်လာခဲ့ တော့ အရင်တုန်းကလို ပြန်ဖြစ်စေ ချင်တယ်။”

စာရေးဆရာစိုးဘားဒိုင်

“ကျွန်တော်တို့ မဆလခေတ် ဖြတ်သန်းမှု ကတော့ အာဇာနည်နေ့ ဆို ပွဲတွေ ဘာတွေ လုပ်ကြတယ်။ အလံတွေ ထူကြတယ်။ မြန်မာ့အသံ ကနေ အာဇာနည်တွေ ကျဆုံးတဲ့ ၁ဝနာရီ ၃၇ မိနစ်မှာ ဥသြဆွဲတယ်။ အဲဒီလိုဆွဲရင် လမ်းပေါ်မှာ သွားနေတဲ့ လူကအစ ရပ်ပြီး အလေးပြုကြတယ်။ ဟိုးတုန်းက လုပ်ခဲ့တဲ့ အဲဒီ အစီအစဉ် တွေ ကြိုက်တယ်။ ကျောင်းတွေမှာ ဆိုလည်း အာဇာနည်နေ့ မတိုင်ခင် အမှတ်တရ ကျပန်းစကားပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲတွေ ရှိခဲ့ကြတယ်။ ကျောင်းတွေမှာ အဲဒါကို လုပ်ခဲ့ ကြတာကိုလည်း ကြိုက်တယ်။ ဥသြဆွဲတဲ့ အစီအစဉ် နဲ့ ပတ်သက်ပြီး အခု လမ်းမှာ၊ အိမ်မှာစတဲ့ အခက်အခဲတွေ ရှိလို့ ဥသြဆွဲတဲ့ အစီအစဉ် ပြန်မလုပ်ဘူး ပြောပါတယ်။ 

ဒါတွေက ကျွန်တော့် အနေနဲ့ပြောရင် လက်မခံ ပါဘူး။ ဒီလို အချိန် အခိုက်အတန့် လေးမှာ လူထု ရင်ထဲကိုရောက်တဲ့ အစီအစဉ်လေး ဖြစ်လို့ ပြန်လုပ်ပေး စေချင်တယ်။ သမိုင်း အတွက် တန်ဖိုး ရှိတဲ့နေ့ တစ်နေ့မှာ လူထုတွေ ပါဝင် စေချင်တယ်။ စိတ်ဓာတ် ရှိတဲ့လူတွေ ကတော့ ဥသြ ဆွဲရင် ရပ်မှာပဲ။ မရှိတဲ့ လူတွေ ကတော့ မရပ်နဲ့ပေါ့။ ဒီလို လေးစားမှု ပြုခြင်း၊ပြခြင်းက နိုင်ငံအ တွက်လည်း ဂုဏ်သိက္ခာတက်တယ်။

ဆရာဘုန်းသုခ

“ကျွန်တော်တို့ ခေတ်တုန်းက မဆလ ခေတ်ပေါ့နော်။ ၁၉၈၈က အာဏာရှင်ခေတ်ပဲ အဲဒီတုန်းကဆို ရင် အာဇာနည်နေ့ ရောက်တိုင်း အိမ်တိုင်းလိုလို ရေဒီယို ဖွင့်ထား တယ်။ အာဇာနည်နေ့ မတိုင်ခင် ကျောင်း တွေမှာ အာဇာနည်နေ့ အကြိုဟော ပြောပွဲတွေ လုပ်တယ်။ ရပ်ကွက်တွေ ထဲမှာလည်းဟောပြောပွဲတွေ လုပ် ကြတယ်။ ဒီနေ့ ကို ရောက်ရင် အလံ တွေလွှင့်ထူကြတယ်။ အာဇာနည်ကုန်း က ဖွင့်ထားတဲ့ အတွက် အဲဒီကို သွားကြတယ်။ ၁ဝနာရီ ၃၇ မိနစ် ရောက်တဲ့ အချိန်မှာ ဥသြ ဆွဲတယ်။ လူတွေ အားလုံး ကလည်း ဒီအချိန် ကိုပဲ စောင့်နေကြတယ်။

ရေဒီယိုတွေ ထဲကတောင် ဥသြ ဆွဲတာတွေ ရှိကြတယ်။ ဒီအသံကို ကြားတာ နဲ့ အလုပ် တွေကို ရပ်ပြီးတော့ မတ်တပ် ရပ် အလေးပြု ကြတယ်။ နောက်ပိုင်းကျတော့ အဲလိုတွေ လုပ်ဖို့၊ အာဇာနည်နေ့ တက်ရောက်ဖို့တွေက လျော့ကျလာတယ်။ ၈၈ နောက်ပိုင်း ကာလမှာ ဥသြ ဆွဲ တာတွေလည်း မရှိတော့ဘူး။ အာဇာနည် ကုန်းလည်း ပိတ်လိုက် တယ်။ ပိုဆိုးတာ တစ်ခုက ဇူလိုင် စီမံချက်။ ကျွန်တော်က အဲဒီ အချိန်တုန်း က အကျဉ်းထောင်ထဲ မှာ။ ဒါက ဘာလဲ ဆိုတော့ ဇူလိုင်လမှာ ဆို လုံခြုံရေးက တအား တင်းကျပ်ထားတယ်။ လှုပ်ရှားမှု မှန်သမျှကို အကုန်ထိန်းချုပ် ထားတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ပြန်ပြီး လုပ်ခွင့် ရလာတယ်။ ဒါပေမဲ့ လုပ်ရတာ ဒါလုပ်သင့် လုပ်ထိုက်တာ တစ်ခုပဲ။ နောင်လာနောက်သားတွေ သိအောင် အာဇာနည် ဆိုတဲ့ အဓိပ္ပာယ်ကို လူတွေရဲ့ ခန္ဓာကိုယ်မှာ ကူးစက်နိုင် အောင် အာဇာနည် နေ့နဲ့ ပတ်သက်လို့ ကျင်းပတာ မျိုးတွေဖြစ်သင့်တယ်”

ပေါ်ပြူလာအဖွဲ့
Popular Journal

Thursday, July 19, 2013

အာဇာနည်နေ့ ရောက်တိုင်း မြန်မာပြည် တဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံးသည်ဇာတိစိတ်၊ ဇာတိမာန် တက်
ကြွသည့်အပြင်ဝမ်းနည်း ကြေ ကွဲဖြစ်ကြသည်။ထိုနေ့ တွင် ခေတ်အဆက်ဆက်က နိုင်ငံတော်အစိုးရနှင့် ပြည်
သူ တစ်ရပ်လုံးသည် အာဇာနည် ဗိမာန်သို့သွားရောက်ဂါရဝပြုကာလွမ်းသူပန်းခွေချ၊အလံတစ်ဝက်ချ၍ ဝမ်း
နည်းခြင်းအမှတ်တရ ပြုလုပ်ခဲ့ကြတာ တွေ့ရပေရာ၁၉၈၈မှယနေ့အချိန်ထိ မှေးမှိန် ပျောက်ကွယ်နေသည်ကို
တွေ့ရသည်။ ထိုသို့သော ရှေ့အစဉ် အလာ ကောင်း များနှင့် သူ့ခေတ်သူ့အခါ အာဇာနည်နေ့ ဂုဏ်ပြုဖြတ်သန်း ခဲ့ကြဖူးသူ
တို့၏ ရင်တွင်း စကားများကို စုစည်းဖော်ပြလိုက်ရသည်။

စာရေးဆရာချစ်ဦးညို

“အရင်တုန်းက ဆိုရင် ဇူလိုင်လ ၁၉ ရက်နေ့ပေါ့။ အဲဒီနေ့မနက် ၁ဝ နာရီ၊ မိနစ် ၃၇ အချိန်မှာ ဥသြဆွဲတယ်။
 သြော်..ဒီအချိန်ဆိုရင် ဗိုလ်ချုပ်သွေးမြေ ကျတဲ့ အချိန်ပါလား ဆိုပြီး အားလုံးရဲ့အသိမှာ ပထမဦးစွာ ဝမ်းနည်း
 ကြေကွဲကြရတယ်။ နှမြော တသ ဖြစ်ကြရတယ်။ အာဇာနည်တို့ တွေရဲ့ ကျေးဇူးတရားကို သိပြီး အမိ မြန်မာ
နိုင်ငံတော် ကို ထိန်းသိမ်းစောင့်ရှောက်ကြ ရမှာပါလား၊ ကာကွယ်ကြ ရမှာပါလား ဆိုတဲ့ အသိဝင် လာကြ
တယ်ပေါ့။ အဲဒီတော့ အဲဒီဥသြဆွဲ သံကို မြန်မာ့အသံ က လွှင့်ပေးတယ်။ ခု ဒီနောက်ပိုင်း မကြားရတော့ဘူး။
 
၁၉၈၉ ခုနှစ်က ရပ်သွားခဲ့တယ်။ နောက် ပြီးတော့ ဒီ အာဇာနည်နေ့ ၁၇၊ ၁၈၊ ၁၉ရက်နေ့တွေ ဆိုရင် မြန်မာ့ အသံက နေပြီးတော့ ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတယ်။ ဒါကြောင့်မို့ ဟိုးတုန်း က ကောင်းမြတ်တဲ့ အစဉ်အ
လာ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေ အတွက် ဝမ်း နည်းခြင်း အထိမ်းအမှတ် လုပ်ကြ
တာပဲ။ မြန်မာနိုင်ငံ မှာလည်း လုပ်ရ မှာပဲလေ။

အဲဒီတော့ ဒီမိုကရေစီ ခေတ်ကို သွားနေတဲ့ ကာလမှာ ဒါ အများဆုံး အကောင်အထည် ဖော် သင့်တဲ့ ကိစ္စပါ။ အဲဒီအချိန် မြင်ရ သမျှတွေကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်အာဇာနည် ဗိမာန်မှာ လွမ်း သူ့ပန်းခွေ ချကြတယ်
။ အလေးပြု ကြတယ်။ ဆရာတို့ ငယ်ငယ်တုန်း ကပေါ့။ အဘိုး၊ အဘွားတွေက အိမ်မှာ ဆွမ်းကျွေးကြတယ်။ ဘာကြောင့်လဲ ဆိုရင် အာဇာနည်ခေါင်း ဆောင်ကြီးတွေကို ရည်စူးပြီးတော့ သပိတ် သွတ်တာပေါ့။ ဒီလို အလေ့ အထတွေ အများကြီး လူတိုင်းလိုလို လုပ်ခဲ့ကြတယ်။ ဒီလို အလေ့အထတွေ ပြန်ပြီး ထွန်းကားလာဖို့ လိုအပ်တယ်”

စာရေးဆရာညိုထွန်းလူ

“ဆရာညို တို့ခေတ်ကတော့ ရွာမှာနေရတော့ အာဇာနည်နေ့ မတိုင်ခင် ဗိုလ်ချုပ် နဲ့ ပတ်သက်တာတွေ ရေဒီ
ယိုကနေလွှင့်ပေးတယ်။အဲဒီတုန်းကလည်း ရွာမှာရေဒီယို က ၁လုံး၊ ၂လုံး လောက်ပဲရှိတာ။ အဲဒါ ကို သွားနား
ထောင် ရတာ။ ရွာမှာတော့ ဥသြဆွဲဖို့ မရှိတော့ အဲဒီအချိန် ရောက်ရင် ကလိုင်နဲ့မွှေ့ပစ်တာပဲ။
 
ကျောင်းရောက်တော့ လည်း အာဇာနည်နေ့ အကြောင်းအရာတွေ သင်ကြားရတယ်။ စာမဖတ်တတ်ခင် က
လေး အရွယ်တည်းက လူကြီးတွေ ကနေ အာဇာနည်နေ့ကို သိအောင် တန်ဖိုးထား တတ်အောင် နှလုံးသား ချင်းလက်ဆင့်ကမ်းခဲ့ကြတာပါ။ 
 
ဆရာတို့ကျောင်းသားဘဝတုန်းက တော့ အာဇာနည်နေ့မှာ အလေးပြု တာ အဖွဲ့လိုက်ချီတက်ပြီးသွားကြည့် ခဲ့တယ်။ ဟိုတုန်းက အာဇာနည်နေ့ ကို တန်ဖိုးထားစေချင်တယ်။ အာဇာ နည်နေ့က တဖြည်းဖြည်း မှေးမှိန်
လာခဲ့ တော့ အရင်တုန်းကလို ပြန်ဖြစ်စေ ချင်တယ်။”

စာရေးဆရာစိုးဘားဒိုင်

“ကျွန်တော်တို့ မဆလခေတ် ဖြတ်သန်းမှု ကတော့ အာဇာနည်နေ့ ဆို ပွဲတွေ ဘာတွေ လုပ်ကြတယ်။ အလံ
တွေ ထူကြတယ်။ မြန်မာ့အသံ ကနေ အာဇာနည်တွေ ကျဆုံးတဲ့ ၁ဝနာရီ ၃၇ မိနစ်မှာ ဥသြဆွဲတယ်။ အဲဒီလို
ဆွဲရင် လမ်းပေါ်မှာ သွားနေတဲ့ လူကအစ ရပ်ပြီး အလေးပြုကြတယ်။ 
 
ဟိုးတုန်းက လုပ်ခဲ့တဲ့ အဲဒီ အစီအစဉ် တွေ ကြိုက်တယ်။ ကျောင်းတွေမှာ ဆိုလည်း အာဇာနည်နေ့ မတိုင်ခင် အမှတ်တရ ကျပန်းစကားပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲတွေ ရှိခဲ့ကြတယ်။ ကျောင်းတွေမှာအဲဒါကိုလုပ်ခဲ့ ကြတာ
ကိုလည်း ကြိုက်တယ်။ ဥသြဆွဲတဲ့ အစီအစဉ် နဲ့ ပတ်သက်ပြီး အခု လမ်းမှာ၊ အိမ်မှာစတဲ့ အခက်အခဲတွေ ရှိ
လို့ ဥသြဆွဲတဲ့ အစီအစဉ် ပြန်မလုပ်ဘူး ပြောပါတယ်။

ဒါတွေက ကျွန်တော့် အနေနဲ့ပြောရင် လက်မခံ ပါဘူး။ ဒီလို အချိန် အခိုက်အတန့် လေးမှာ လူထု ရင်ထဲကို
ရောက်တဲ့ အစီအစဉ်လေး ဖြစ်လို့ ပြန်လုပ်ပေး စေချင်တယ်။ သမိုင်း အတွက် တန်ဖိုး ရှိတဲ့နေ့ တစ်နေ့မှာ လူ
ထုတွေ ပါဝင် စေချင်တယ်။ စိတ်ဓာတ် ရှိတဲ့လူတွေ ကတော့ ဥသြ ဆွဲရင် ရပ်မှာပဲ။ မရှိတဲ့ လူတွေ ကတော့ မရပ်နဲ့ပေါ့။ ဒီလို လေးစားမှု ပြုခြင်း၊ပြခြင်းက နိုင်ငံအ တွက်လည်း ဂုဏ်သိက္ခာတက်တယ်။

ဆရာဘုန်းသုခ

“ကျွန်တော်တို့ ခေတ်တုန်းက မဆလ ခေတ်ပေါ့နော်။ ၁၉၈၈က အာဏာရှင်ခေတ်ပဲ အဲဒီတုန်းကဆို ရင် အာ
ဇာနည်နေ့ ရောက်တိုင်း အိမ်တိုင်းလိုလို ရေဒီယို ဖွင့်ထား တယ်။ အာဇာနည်နေ့ မတိုင်ခင် ကျောင်း တွေမှာ အာဇာနည်နေ့အကြိုဟော ပြောပွဲတွေလုပ်တယ်။ရပ်ကွက်တွေထဲမှာလည်းဟောပြောပွဲတွေ လုပ် ကြတယ်
။ ဒီနေ့ ကို ရောက်ရင် အလံ တွေလွှင့်ထူကြတယ်။ အာဇာနည်ကုန်း က ဖွင့်ထားတဲ့ အတွက် အဲဒီကို သွားကြ
တယ်။ ၁ဝနာရီ ၃၇ မိနစ် ရောက်တဲ့ အချိန်မှာ ဥသြ ဆွဲတယ်။ လူတွေ အားလုံး ကလည်း ဒီအချိန် ကိုပဲ စောင့်
နေကြတယ်။

ရေဒီယိုတွေ ထဲကတောင် ဥသြ ဆွဲတာတွေ ရှိကြတယ်။ ဒီအသံကို ကြားတာ နဲ့ အလုပ် တွေကို ရပ်ပြီးတော့ မတ်တပ် ရပ် အလေးပြု ကြတယ်။ နောက်ပိုင်းကျတော့ အဲလိုတွေ လုပ်ဖို့၊ အာဇာနည်နေ့တက်ရောက်ဖို့တွေ
က လျော့ကျလာတယ်။ ၈၈ နောက်ပိုင်း ကာလမှာ ဥသြ ဆွဲ တာတွေလည်း မရှိတော့ဘူး။ အာဇာနည် ကုန်း
လည်း ပိတ်လိုက် တယ်။ ပိုဆိုးတာ တစ်ခုက ဇူလိုင် စီမံချက်။ 
 
ကျွန်တော်က အဲဒီ အချိန်တုန်း က အကျဉ်းထောင်ထဲ မှာ။ ဒါက ဘာလဲ ဆိုတော့ ဇူလိုင်လမှာ ဆို လုံခြုံရေးက တအား တင်းကျပ်ထားတယ်။ လှုပ်ရှားမှု မှန်သမျှကို အကုန်ထိန်းချုပ် ထားတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ပြန်ပြီး လုပ်
ခွင့်ရလာတယ်။ဒါပေမဲ့ လုပ်ရတာ ဒါလုပ်သင့် လုပ်ထိုက်တာ တစ်ခုပဲ။ နောင်လာနောက်သားတွေ သိအောင်
အာဇာနည် ဆိုတဲ့ အဓိပ္ပာယ်ကို လူတွေရဲ့ ခန္ဓာကိုယ်မှာ ကူးစက်နိုင် အောင် အာဇာနည် နေ့နဲ့ ပတ်သက်လို့ ကျင်းပတာ မျိုးတွေဖြစ်သင့်တယ်”

ပေါ်ပြူလာအဖွဲ့
Popular Journal ,RangonNewsDaily
kolatt (Pabedan): 19.7.2013 

0 comments:

Post a Comment