Pages

Friday, July 19, 2013

ကလေးမြို့တွင် အာဇာနည်နေ့ အကြိုမြို့လယ်ခေါင်တွင်လူသတ်မူဖြစ်

ကလေးမြို့တွင် (၁၈.၇.၁၃)ရက်နေ့ ည(၁၀) နာ၇ီကျော်အချိန်တွင်
ကလေးလမ်းဆုံအနီး တိုက်စိမ်းဆေးဆိုင်ရှေ့တွင် သုံးဘီးမောင်းနှင်သော လူငယ်များ ခိုက်ရန်ဖြစ်ပွားရာ တစ်ဖက်လူငယ်မှ အသင့်ယူဆောင်လာသောဓါးဖြင့် ခုတ်လိုက်ရာ တဖက်မှ(၁၈)နှစ်ခန့်အရွယ် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရှိရပါတယ်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ယက်မှ တာဝန်ရှိသူများအား မေးမြန်းရာ တရားခံအား ဖမ်းဆီးထားပြီဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။

ယင်းဖြစ်စဉ်နဲ့ပတ်သက်၍ တာဝန်ရှိသူမှ ပြောကြားရာမှာ ညမီးခွက်ဈေးကြို၊ ဈေးပို့ပစ္စည်းတင်တဲ့ကိစ္စတွေနဲ့ပါတ်သက်ပြီး ဖြစ်ပွားကြောင်းနှင့်
ယင်းမီးခွက်ဈေးအနားရှိ သုံးဘီးဂိတ်မှာ မကြာခဏ ပြသနာဖြစ်ပွားနေသောကြောင့် စီစစ်မည်ဖြစ်ကြောင်းသိရပါသည်။

မြို့ခံတစ်ဦးမှပြောကြားရာမှာ မီးခွက်ဈေးကို ကြပ်ကြပ်မှတ်မှတ်လုပ်ဘို့လို
ပါတယ်၊ အချိန်ကာလ သတ်မှတ်ပေးဘို့ပါ အခုဟာက မိုးနည်းနည်းချုပ်ရင် ဈေးလာခင်းနေကြတယ်၊ ပြဿနာပေါင်းစုံတက်တယ်။

အဲဒီနားမှာနေတဲ့သူတွေ
အရမ်းဒုက္ခရောက်တယ်၊ ပြောရင်လည်း သူများထမင်းအိုးခွဲရာကျမှာစိုးလို့ပါ၊
လူသတ်မူပါဖြစ်နေတော့တော်တော်လေးဆိုးလာတယ်၊ အမြန်ဆုံးကြပ်မတ်
ဘို့လိုပြီးတော့လမ်းဘေးဈေးဆိုင်တွေလည်း စိစစ်စေချင်ပါတယ်ဟု ယင်းမြို့ခံမှပြောပါတယ်။

ကလေးမြို့တွင် ယင်းမိုးလင်းမီးခွက်ဈေးမှာ ယခုအခါ ဈေးရောင်းတင်မကဘဲ အနီးနားလူနေအိမ်များရှေ့ ဆိုင်ေ၇ှ့များတွင် အညစ်ကြေးစွန့်ခြင်းများ
လူမူရေးပြသနာများ၊ စသည့်ကိစ္စများပါ ခေတ်စားနေကြောင်း ဗိုလ်ချုပ်လမ်းဘေးနေထိုင်သူတစ်ဦးမှပြောပါတယ်။

Kyàw Thêt Wíñ
ThanLarWaddyTimes
ကလေးမြို့ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၉.၇.၂၀၁၃

0 comments:

Post a Comment