Pages

Thursday, January 9, 2014

ဆိုင်ကယ်မစီးရ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဖမ်းဆီးထားသည့် ဆိုင်ကယ် ၂၆၀၀ ကျော်ရှိနေ

RangonNewsDaily:: January . 9 .2014
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ဖမ်းဆီးအရေးယူထားသည့် ဆိုင်ကယ်ပေါင်း ၂၆,

၈၂ စီးရှိသည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ဇန်န၀ါရီ ၇ ရက်တွင် မဇ္ဈိမ
ကို ပြောသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်
အတွင်း ဖမ်းဆီးအရေးယူထားသည့် ဆိုင်ကယ်များတွင် လိုင်စင်ရှိဆိုင်ကယ် ၁၅၄၇ စီးနှင့် လိုင်စင်မဲ့ဆိုင်
ကယ် ၁၁၃၅ စီး ပါဝင်သည်။

ကမ္ဘောဇဘဏ် အများပိုင်ကုမ္ပဏီ ပြောင်းမည်

Photo: ကမ္ဘောဇဘဏ် အများပိုင်ကုမ္ပဏီ ပြောင်းမည်
Thursday, January 9, 2014

မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်လျက်ရှိသည့် ထိပ်တန်း ဘဏ်တစ်ခု ဖြစ်သော ကမ္ဘောဇဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။

ယင်းသို့ ပြောင်းလဲနိုင်ရန် ဘဏ်၏ စာရင်းအင်းများ၊ ဖွဲ့စည်းပုံများစသည့် ပြောင်းလဲရမည့် အချက်အလက်များအတွက် သုတေသန ပြုလုပ်လျက် ရှိကြောင်း ၎င်းထံမှ သိရသည်။

အများပိုင် ပြောင်းလဲရန်အတွက် အကူအညီပေးမည့် အဖွဲ့အစည်း များကိုလည်း KPMG ကဲ့သို့ ကမ္ဘာ့အဆင့်ရှိသည့် နာမည်ကြီး အဖွဲ့များထဲမှ ရွေးချယ်သွားရန် စီစဉ်နေကြောင်း ၎င်းကရှင်းပြသည်။
ထူးကုမ္ပဏီ အုပ်စုပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သည်လည်း ယမန်နှစ် အတွင်းက အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံတွင် သမဝါယမဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံသား များ ဘဏ်များမှာ အများပိုင်ဘဏ်များ ဖြစ်သည်။

လာမည့်နှစ်များတွင် ဘဏ်အများစု အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းလာပြီး ဘဏ်များအတွက် အရင်းအနှီးများ တိုးပွားလာစေရန် ရှယ်ယာများ ရောင်းချသွားမည့် အလားအလာများ ရှိကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

ကမ္ဘောဇဘဏ်သည် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇ စီးပွားရေး အုပ်စုအတွင်းမှ ငွေကြေးဆိုင်ရာ လုပ်ငန်းတစ်ခု ဖြစ်ပြီး လက်ရှိ ဘဏ်လောကတွင် အဆင့်မြင့် ဝန်ဆောင်မှုများပေးကာ ထိပ်တန်းမှ ရပ်တည်နေသည့် ဘဏ်ဖြစ်သည်။

ကမ္ဘောဇ လုပ်ငန်းအုပ်စုသည် ကမ္ဘောဇ လေကြောင်းလိုင်း၊ ကမ္ဘောဇ အာမခံလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိသည်။

The Voice Weekly


RangonNewsDaily:: January . 9 .2014
မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်လျက်ရှိသည့် ထိပ်တန်း ဘဏ်တစ်ခု ဖြစ်သော ကမ္ဘောဇဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြော
ကြားသည်။

မန္တလေးမြို့ဈေးချိုအနီး လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်ယာဉ်အဖြစ် ပြေးဆွဲသည့် လိုက်ထရပ်များ အရေးယူမည်

RangonNewsDaily:: January . 9 .2014
မန္တလေးမြို့ဈေးချိုအနီး ၈၄ လမ်းမတွင် လုပ်ငန်းလိုင်စင်မရှိဘဲ နံပါတ်အနက်ဖြင့် ခရီးသည်တင်ယာဉ်အ ဖြစ် ပြေးဆွဲနေသည့် လိုက်ထရပ်ယာဉ် ၆၆၅ စီးကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်အထိ စစ်ဆေးအရေးယူ ဒဏ်ရိုက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

မြန်မာတိုင်း (မ်) ကို ဖျက်သိမ်းရန် လျှောက်ထားမှု ပလပ်ခံရ

RangonNewsDaily:: January . 9 .2014
မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် မြန်မာတိုင်း (မ်) ဂျာနယ်ကို ထုတ်ဝေနေသည့် Myanmar Consolidated Media ကို ဖျက်သိမ်းရန် အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ ၅၀ ကျော် ပိုင်ဆိုင်ထားသည့် ဒါရိုက်တာနှစ်ဦးက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားမှုကို ဇန်နဝါရီလ ၇ ရက်နေ့တွင် အဆို

ပါ တရားရုံးကပလပ်လိုက်ကြောင်း မြန်မာတိုင်း (မ်) ဂျာနယ်၏ အကြီးတန်း စာတည်းမှူး ဦးမောင်သွေးသစ်
က ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း တချို့ ပျက်စီး

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း တချို့ ပျက်စီး
Thursday, January 9, 2014

စစ်အစိုးရ တည်ဆောက် ဖွင့်လှစ်ခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ကွန်ကရစ်လမ်းပိုင်း နေရာတချို့ အက်ကွဲခြင်း၊ ကွန် ကရစ်များ ပတ်ကြားအက်လာခြင်းနှင့် လမ်းဘေးမြေသားဘောင် ပြိုကျမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မန္တလေး နှင့် ပြင်စည်လမ်းခွဲ (မြင်းခြံ)နေရာ၊ မိုင်တိုင်အမှတ် ၃၃၈ မိုင် ၁ ဖာလုံ နေရာတွင် ကွန် ကရစ်များ အက်ကွဲနေခြင်း၊ လမ်းဘေး မြေသားဘောင်များ အက်ကွဲပြိုကျနေခြင်းများ ဖြစ်ပေါ်နေသော ဓာတ်ပုံတချို့ လူမှုကွန် ရက်ပေါ်တွင် ရောက်ရှိလာပြီး ယင်းသို့ လမ်းပိုင်းပျက်စီးမှုတချို့ရှိနေခြင်းမှာ မှန်ကန်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။

အက်ကွဲမှုများဖြစ်နေသည့် လမ်းပိုင်းနေရာသည် ဖယောင်းမြေသားဖြစ်နေသည့်အတွက် မိုးရွာခြင်း၊ နေပူခြင်းများ ဖြစ်လာပါက မြေ သားကြွတက်လာသည့် လက္ခဏာရှိကြောင်း၊ ထိုသို့ဖြစ်နေသည့်အတွက် တာဝန်ရှိသူများ အနေဖြင့် အဖြေရှာလျက်ရှိကြောင်း သိရှိရသည်။

“ကွန်ကရစ်လမ်းဆိုတာက ပတ်ကြားအက်တာလေး အနည်းငယ်တော့ ဖြစ်တတ်ပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့အထိ တော့ မဟုတ်ပါဘူး၊ အဲဒီ လိုပတ်ကြားအက်တွေ ဖြစ်လာရင်လည်း လမ်းသားကို ပြန်ပြီးဖာထေးတာ၊ ကွန်ကရစ် ပြန်အုပ်တာတွေ လုပ် တယ်”ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သို့ ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေသည့်အပေါ် ၀န်ခံပြောဆိုလိုက်ပြီး လိုအပ်ချက်များ ရှိနေကြောင်း၊ လမ်းပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာပိုင်းလိုအပ်ချက်သာမက ငွေကြေးလိုအပ်ချက်များလည်း ရှိနေကြောင်း၊ လက်ရှိ အကူအညီပေးမည်ဟု ဆိုထားသည့် အဖွဲ့အစည်းတချို့၏ အမြန်လမ်းအပေါ် စစ်ဆေး တွေ့ရှိချက်များကိုလည်း စောင့်ကြည့် နေကြောင်း ဦကြည်ဇော်မြင့်က ဆိုသည်။

“ကျနော်တို့က လမ်းကိုကားမောင်းလို့ရအောင် စထားတဲ့ အဆင့်မှာပဲ ရှိသေးတယ်၊ လမ်းထိန်းသိမ်းမှုဆိုင်ရာ အရည်အသွေးတွေ မြှင့် တင်ဖို့ကတော့ အများကြီးလိုနေသေးပါတယ်၊ သတ်မှတ်အရှိန်နဲ့ ကားကိုမောင်းနှင်လို့ရအောင် လမ်းခင်းပေးထားရုံပဲ ရှိပါသေး တယ်”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၀၂ မှ ၃၆၃ မိုင်အထိ အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး တာဝန်ယူထားသည့် အင်ဂျင်နီယာ မှူး ဦးပြည့်ဖြိုးဆယ်က“ပုံမှန်အရှိန်နဲ့ မောင်းနေတဲ့ ကားတွေကတော့ ပြဿနာမရှိဘူး၊ ဒါပေမယ့် အရှိန်လွန်မောင်းနေတဲ့ ကားတွေအတွက်တော့ အန္တရယ်ရှိနိုင်တယ်၊ ၈ လမ်းသွားလမ်းမကြီး ပြီးစီးသွားတဲ့အချိန် ရောက်ရင်တော့ လမ်းပျက်စီးမှုပြဿနာတွေ ရှိတော့ မှာ မဟုတ်ဘူး၊ ၂ လမ်းသွားပဲ ဖြစ်နေသေးတော့ အဲဒီ ပြဿနာတွေ ဖြစ်နေတာ”ဟု ပြောဆိုသည်။

အမေရိကန် အကူအညီပေးရေး အဖွဲ့(USAID) က အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရာတွင် အကူအညီပေးမည်ဟု ကတိပေး ထား ခဲ့သော်လည်း လမ်းသားစစ်ဆေးမှု တကြိမ်ပြုလုပ်ခဲ့ပြီးချိန်မှစ၍ ယခုအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးကြောင်း၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) က ဂျပန်အစိုးရအစီအစဉ်ဖြင့် ဂျပန်နိုင်ငံက ပညာရှင်များနှင့် အမြန် လမ်းမကြီး၏ လမ်းအရည်အသွေးစစ်ဆေးမှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ် ရေး လုပ်ငန်းမှ သိရသည်။

“သူတို့တွေရဲ့ လေ့လာစစ်ဆေးချက်တွေကို စာတမ်းတွေလုပ်ပြီးမှ အမြန်လမ်းကြီးအတွက် နိုင်ငံတကာအကူအညီ တောင်းဖို့၊ ချေးငွေယူဖို့ စတဲ့ ကိစ္စတွေကို ဆက်လုပ်ရမှာပါ၊ လက်ရှိအထိတော့ လုပ်ရမယ့်လုပ်ငန်းတွေကို လေ့လာ နေတုန်းပဲ”ဟု ဦးကြည်ဇော်မြင့် က ပြောသည်။

ဂျပန်နိုင်ငံမှ ပညာရှင်များ၏အဆိုအရ ရန်ကုန်-မန္တလေး အမြန်လမ်းမသည် လမ်းသားကောင်းမွန်မှု ၇၅ ရာခိုင်နှုန်းရှိပြီး ၁၉ ရာခိုင်နှုန်း မှာ အနည်းငယ်ဆိုးရွားသော အဆင့်ရှိကာ ၆ ရာခိုင်နှုန်းက လမ်းသားနိမ့်ကျမှုအပိုင်းတွင် လိုအပ်ချက်အများဆုံး ရှိနေသည်ဟု သုံးသပ်ထားကြောင်း သိရှိရသည်။

ယမန်နှစ်က ရန်ကုန်မြို့ အင်ဂျင်နီယာအသင်း၌ပြုလုပ်ခဲ့သည့် အမြန်လမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် အမြန်လမ်းမကြီးကို ၈ လမ်းသွားအဖြစ် အမြန်ဆုံးတည်ဆောက်သွားရန်၊ လမ်းပြုပြင်ထိန်းသိမ်းမှုများလုပ်ရန် စသည့် တိုးတက်မှုပိုင်းဆိုင်ရာများကို အလေးပေးဆွေးနွေးထားကြသော်လည်း အမြန်လမ်းမကို ၈ လမ်းသွားလမ်းမကြီး ဖောက်လုပ်ရန်မှာ၂၀၁၄ ခုနှစ် နှစ်ကုန်ချိန်အထိ ဖြစ်နိုင်ချေမရှိသေး ကြောင်း သိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်အစိုးရက ဖောက်လုပ်ခဲ့ရာတွင် ရန်ကုန်–နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်တွင် အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်တွင် စတင်ဖြတ်သန်းခွင့် ပေးခဲ့သည်။

နေပြည်တော်–မန္တလေး အမြန်လမ်းပိုင်းကို ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် စတင်ဖောက်လုပ်ပြီး ၂၀၁၁ ခု ဒီဇင်ဘာလ အစပိုင်းတွင် အပြီး သတ်ကာ ဒီဇင်ဘာလ ၂၃ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ ယာဉ်စီးရေ စုစုပေါင်း ၁၁ သိန်း ကျော် ဖြတ် သန်း သွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ကြောင်း၊ ယာဉ်တိုက်မှု များတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ ၊ ခရီးသည် ပေါ့ဆမှု ၂ မှု နှင့် တခြား အကြောင်းအရာများကြောင့်က ၁၁ မှုဖြစ်ပွားကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များ အရ သိရှိရသည်။

ဧရာဝတီ
ကွဲအက်နေသည်ကိုတွေ့ရသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းပိုင်း တနေရာ(ဓာတ်ပုံ – Car Market in Myanmar / Facebook)
ကွဲအက်နေသည်ကိုတွေ့ရသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းပိုင်း တနေရာ(ဓာတ်ပုံ – Car Market in Myanmar / Facebook)
RangonNewsDaily:: January . 9 .2014
စစ်အစိုးရ တည်ဆောက် ဖွင့်လှစ်ခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ကွန်ကရစ်လမ်းပိုင်း နေရာတ
ချို့ အက်ကွဲခြင်း၊ ကွန် ကရစ်များ ပတ်ကြားအက်လာခြင်းနှင့် လမ်းဘေးမြေသားဘောင် ပြိုကျမှုများ ရှိနေ
ကြောင်း သတင်းရရှိသည်။

မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံခြင်း

Photo: မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံခြင်း
Thursday, January 9, 2014

မြန်မာသံ တေးသံရှင် မေရွက်ဝါ၏ သမီးဖြစ်သူ မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံပြီး အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပုံ၊ မော်ဒယ်လ်လောကနှင့် သရုပ်ဆောင် လောကတွင် သူမ၏ အနုပညာ လှုပ်ရှားမှုများ၊ အွန်လိုင်းပေါ်ရှိ တချို့မော်ဒယ်လ်များ၏ ဓာတ်ပုံများအပေါ် သူမ၏ အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ 

Voice : ရွှေ FM လေးနှစ်ပြည့်ပွဲမှာ ဝါဆိုမိုးဦး၊ မာရီနာတို့နဲ့ ပေါင်းပြီး သီချင်းတစ်ပုဒ်ကို အကတွေနဲ့တွဲပြီး ဖျော်ဖြေသွားတာ ပရိသတ်တွေ ကြိုက်ကြတယ်လေ။ ဒီသီချင်းလေးကို ဆန်းသစ်လတို့ သုံးယောက်ပေါင်းပြီး ဘယ်လို ဖန်တီး ဖြစ်သွားတယ်ဆိုတာ ပြောပြပေးပါဦး။

STL : အဲဒီသီချင်းလေးကိုဆိုဖို့ 
Bo Bo Music Productionက ကိုဘိုဆန်းက ညီမတို့ သုံးယောက်ကို စပြီးကမ်းလှမ်းတာပါ။ ဘယ်လိုပုံစံမျိုးနဲ့ တင်ဆက်မလဲ ဆိုတာကိုလည်း သူပဲ Idea ထုတ်ပေးခဲ့တာပါ။ အကကိုတော့ ညီမတို့ သုံးယောက်လုံးကို ယူရေနီယမ်အဖွဲ့က ကိုဇေယျာနဲ့ မခိုင်လေးက သင်ပေးတာပါ။ ပရိသတ်တွေ တော်တော်များများက ဒီသီချင်းလေးကိုရော ညီမတို့ သုံးယောက်ရဲ့ ဖျော်ဖြေ တင်ဆက်မှုကိုပါ ကြိုက်ကြတယ်လို့ ပြန်ကြားရတဲ့အတွက် ကြိုးစားရကျိုး နပ်တာပေါ့နော်။

Voice : မိခင်ဖြစ်တဲ့ မေရွက်ဝါက ဂီတလောကမှာ နာမည်ကျော်ကြားခဲ့တဲ့ တေးသံရှင်တစ်ယောက် ဖြစ်ပေမယ့် ဆန်းသစ်လကိုတော့ ဂီတဘက်မှာ လှုပ်ရှားတာ သိပ်မတွေ့ရဘူးနော်။ နောက်ပိုင်းမှာ တော့ ဂီတဘက်မှာ လှုပ်ရှားဖို့ စီစဉ်ထားတာ ရှိလား။

STL : ဂီတနဲ့ ပတ်သက်ပြီး ညီမစီးရီးထုတ်ဖို့ စီစဉ်ထားတာ ရှိပါတယ်။ အနုပညာ လောကထဲ စဝင်လာကတည်းက သီချင်းဆိုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညီမဝင်ခဲ့တာပါ။ ဒါပေမဲ့ အဆိုဘက်ကို သေချာမလုပ်ဖြစ်ဘဲ Photo Model ဘက်ကို ရောက်သွားတာပေါ့နော်။ ညီမရဲ့ အဓိက ဝါသနာဖြစ်တဲ့ အဆိုဘက်ကိုတော့ ညီမ ပြန်လုပ်ဖြစ်မှာပါ။

Voice : စီးရီးမှာကျတော့ အမေလို မြန်မာသံတွေပဲ ဆိုမှာလား။ ဒါမှမဟုတ် ဘယ်လို သီချင်းအမျိုးအစားတွေကိုဆိုဖို့ စိတ်ကူးထားလဲ။

STL : ညီမ အမေကတော့ စတီရီယိုနဲ့ မိုနို နှစ်လိုင်း ဆိုခဲ့တာပေါ့။ အမေက မြန်မာသီချင်းတွေလည်း အများကြီး ဆိုခဲ့တယ်လေ။ ညီမကျတော့ မြန်မာ သီချင်းလိုင်းဘက်ကို မသွားဘူး။ အခုခေတ်လူငယ်တွေ ဆိုနေကြတဲ့ Pop သီချင်းအချိုလေးတွေပဲ ဆိုသွားမှာပါ။ တစ်ကိုယ်တော် စီးရီးကိုတော့ ၂၀၁၄ ခုနှစ်ထဲမှာ ထွက်နိုင်အောင်တော့ ကြိုးစားမှာပါ။ အခုလောလောဆယ်မှာတော့ အတွဲခွေတွေမှာ ပါဝင် သီဆိုဖြစ်နေပါတယ်။

Voice : ဂီတကိုပိုပြီး ဝါသနာပါတယ် ဆိုပေမယ့် မော်ဒယ်လ် လောက ဘက်မှာ ပိုပြီး လှုပ်ရှားဖြစ်သွားတာ ဘာကြောင့်လဲ။

STL : ညီမအစတုန်းကတော့ အနုပညာ လောကကို သီချင်းဆိုဖို့ ဝင်ခဲ့တယ်။ မာစတာ သင်္ကြန်ခွေမှာလည်း သီချင်းတစ်ပုဒ်ဝင်ဆို ခဲ့သေးတယ်။ သီချင်းဆိုတဲ့ဘက်ကို သေချာ မလုပ်ဖြစ်သေးခင်မှာ ညီမ Photo Model မော်ဒယ်လ်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုရသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မော်ဒယ်လ်ရှိုးပွဲတွေ လျှောက်၊ မဂ္ဂဇင်း ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်း မော်ဒယ်လ်ဘက်ကို ပိုလှုပ်ရှား ဖြစ်ခဲ့တာပါ။ 

Voice : ဇာတ်ကားတွေကျတော့ ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။

STL : ညီမက ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားနဲ့ ဗီဒီယို ဇာတ်ကား ငါးကား ရိုက်ထားပါတယ်။ ညီမရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ ကိုမိုးအောင်ရင်နဲ့ ရိုက်ထားတဲ့ ကားကတော့ ထွက်နေပြီ ကျန်တဲ့ကားတွေက မထွက်သေးတော့ ပရိသတ်တွေရဲ့အသံကို သိပ်ပြီးမကြားရ သေးဘူးရှင့်။

Voice : ဆန်းသစ်လက မော်ဒယ်လ်အပြင် အခုဆို သရုပ်ဆောင်ပါ လုပ်နေပြီလေ။ ဒီမတူညီတဲ့ အနုပညာ နယ်ပယ်နှစ်ခုမှာ ဘယ်အလုပ်ကို လုပ်ရတာ ပိုပျော်လဲ။

STL : ညီမက Photo Model အလုပ်ကို ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ သရုပ်ဆောင် အလုပ်ကတော့ ဝါသနာ ပါပေမယ့် လုပ်ရမှာ ကြောက်တယ်။ ကြောက်ပေမယ့်လည်း ဝါသနာအရ ဇာတ်ကားတွေ ရိုက်ဖြစ်တယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ညီမအတွက် သင်ယူလေ့လာ စရာတွေ အများကြီး ရှိပါသေးတယ်။ ညီမက အခုမော်ဒယ်လ်နဲ့ သရုပ်ဆောင် အလုပ်ပါ လုပ်နေပေမယ့် ဒီအလုပ်တွေက အသက်အရွယ် ကာလအပိုင်းအခြားနဲ့ လုပ်ရတာလေ။ သီချင်းဆိုတဲ့ အလုပ်ကတော့ ကိုယ့်မှာ အသံရှိနေသရွေ့ ဆိုလို့ရတယ်လေ။ ပရိသတ်ကလည်း ကိုယ့်သီချင်းတွေ ကောင်းနေသရွေ့ လက်ခံနေမှာပဲ။ အဲဒီအတွက် သီချင်းဆိုတဲ့ အလုပ်ကိုတော့ ညီမတစ်သက်လုံး လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သရုပ်ဆောင်နဲ့ မော်ဒယ်လ် အလုပ်ကတော့ ပရိသတ်ရဲ့ အားပေးမှုအပေါ် မူတည်ပါတယ်။ 

Voice : မဂ္ဂဇင်း၊ ဂျာနယ်တွေမှာပါတဲ့ ဆန်းသစ်လရဲ့ ဓာတ်ပုံတွေက ဆွဲဆောင်မှု ရှိတယ်လေ။ ဓာတ်ပုံရိုက်တဲ့အခါမှာ Mood ဘယ်လို သွင်းဖြစ်လဲ။

STL : ညီမဓာတ်ပုံ စရိုက်တုန်းကတော့ ဘယ်လို Mood သွင်းရလဲဆိုတာ မသိဘူး။ နောက်ပိုင်းကျတော့ ဓာတ်ပုံဆရာတွေက မျက်လုံးကို ဘယ်လို ကြည့်ရတယ် ဆိုတာ သင်ပေးတယ်။ ဓာတ်ပုံဆရာ ဦးပီတာဆိုလည်း မျက်လုံး အနေအထားတွေ၊ ခန္ဓာကိုယ် အနေအထားတွေ ဘယ်လိုထားရမလဲဆိုတာ သင်ပေးတယ်။ ကိုယ်ရိုက်ရမယ့် ပုံစံက Hot တဲ့ပုံစံလား၊ အေးတဲ့ပုံစံလား၊ Cute ဖြစ်တဲ့ ပုံစံလားဆိုတာပေါ် မူတည်ပြီး ဝတ်စားဆင်ယင်မှုပိုင်းနဲ့ မျက်လုံး အနေအထား ဘယ်လို ထားရမယ်ဆိုတာ ညီမကိုယ်တိုင်လည်း စဉ်းစားပြီး လုပ်ဖြစ်ပါတယ်။

Voice : မော်ဒယ်လ်ရှိုးတွေ လျှောက်တဲ့အခါ၊ ဓာတ်ပုံတွေ ရိုက်တဲ့အခါ အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်မဝတ်ချင်တဲ့ ပုံစံမျိုးရောရှိလား။

STL : အဝတ်အစားနဲ့ ပတ်သက်ပြီး အရမ်းကြီး သရုပ်ပျက်တဲ့ ပုံစံမျိုးမဟုတ်ရင်တော့ ညီမဝတ်ပါတယ်။ ညီမကိုယ်တိုင်လည်း အတိုဝတ်တာ သဘောကျတော့ အတိုတွေလည်း ဝတ်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ဝတ်တဲ့ အဝတ်အစားက လုံခြုံမှုရှိဖို့နဲ့၊ ကိုယ့်ရဲ့အကျင့်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့ပဲ လိုပါတယ်။ အဝတ်အစား ဝတ်တာတစ်ခုထဲကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ဆုံးဖြတ်လို့ မရဘူးလေ။ ညီမတို့က မော်ဒယ်လ် တစ်ယောက် ဖြစ်တဲ့အတွက် ရှိုးပွဲ တွေမှာ၊ ဓာတ်ပုံရိုက်တဲ့အခါမှာ အဝတ်အစားနဲ့ ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ပေးလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့က ကိုယ့်တာဝန်လေ။ ပရိသတ်ရဲ့ မျက်လုံးထဲမှာ ရိုင်းသလို ဖြစ်သွားတယ် ဆိုရင်တော့ ဒါကိုအနုပညာ သက်သက်လို့ပဲ တွေးပေးပါလို့ ပြောချင်ပါတယ်။

Voice : မော်ဒယ်လ်တစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ပိုင်းကို ဘယ်လို ဂရုစိုက်ဖြစ်လဲ။

STL : ညီမက ဖက်ရှင်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း ပုံစံလေးတွေ ကြိုက်တယ်။ စကပ်အတို၊ ဘောင်းဘီ အတိုလေးတွေ ဝတ်ရတာ သဘောကျတယ်။ အဝတ်အစား ဒီဇိုင်းနဲ့ ပတ်သက်ပြီး ညီမရဲ့ ဒီဇိုင်နာ စိုးစိုးဉာဏ်နဲ့ တိုင်ပင်ပြီး ချုပ်ဖြစ်ပါတယ်။

Voice : တချို့မော်ဒယ်လ်တွေက အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေရိုက်ပြီး တင်ကြတယ်။ တချို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိတဲ့ ပုံတွေကိုရော ဆန်းသစ်လ ဘယ်လိုမြင်လဲ။

STL : ဆိုးဆိုးဝါးဝါး ပုံစံမျိုးတွေနဲ့ ညီမကို ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာရင်တော့ ညီမရိုက်ဖြစ်မှာ မဟုတ်ဘူး။ ညီမ ကိုယ်တိုင်လည်း မြန်မာမိန်းကလေး တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာမျက်စိနဲ့ အမြင်တင့်တယ်တဲ့ ပုံမျိုးတွေပဲ ရိုက်ဖြစ်ပါတယ်။ ညီမပုံတွေ တင်တဲ့အခါမှာလည်း ကိုယ့်ဘာသာ ဖုန်းနဲ့ရိုက်ပြီး တင်တာရှိသလို၊ ဓာတ်ပုံ ဆရာတွေက Facebook မှာ Tag လုပ်ပြီး တင်ပေးကြတာတွေလည်း ရှိတယ်။ သက်သက်ကြီး သွားရိုက်ပြီး အွန်လိုင်းပေါ် တင်တဲ့ပုံမျိုးတော့ မရှိပါဘူး။

Voice : ဆန်းသစ်လကို အားပေးနေကြတဲ့ ပရိသတ်တွေ အတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။

STL : ညီမကို မသိသေးတဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ သိတဲ့ ပရိသတ်တွေကလည်း Facebook ကနေတစ်ဆင့် သိသွားကြတာ များပါတယ်။ ညီမအနုပညာ အလုပ်တွေ အများကြီး လုပ်ထားပါတယ်။ ညီမရိုက်ထားတဲ့ ကားတွေ ထွက်လာရင်လည်း အားပေးကြပါ။ ဝေဖန်ပေးကြပါ။ ညီမဘက်ကလည်း အကောင်းဆုံး ဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

The Voice Weekly

RangonNewsDaily:: January . 9 .2014
မြန်မာသံ တေးသံရှင် မေရွက်ဝါ၏ သမီးဖြစ်သူ မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံပြီး အနု
ပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပုံ၊ မော်ဒယ်လ်လောကနှင့် သရုပ်ဆောင် လောကတွင် သူမ၏ အနုပညာ လှုပ်ရှားမှုများ၊ အွန်လိုင်းပေါ်ရှိ တချို့မော်ဒယ်လ်များ၏ ဓာတ်ပုံများအပေါ် သူမ၏ အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ

Photo: အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ
Thursday, January 9, 2014

အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီမင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီး အဲဒီ့အရာဝတ္ထုကို သွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာ ဘာမှန်းမသိခဲ့ရဘူးလို့ အာဏာပိုင်တွေက ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။

ဂျာမန်လေကြောင်းထိန်းသိမ်းရေး ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါတယ်။ ဒါပေမယ့် သူ့ မှာ အလင်းရောင်တွေ အများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: mirror
Trend Myanmar

RangonNewsDaily:: January . 9 .2014
အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေ
ဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။

သံတမန်ဖမ်းဆီးတဲ့ကိစ္စ အိန္ဒိယလက်တုံ့ပြန်မှုတိုးမြှင့်

Photo: သံတမန်ဖမ်းဆီးတဲ့ကိစ္စ အိန္ဒိယလက်တုံ့ပြန်မှုတိုးမြှင့်
Thursday, January 9, 2013

နယူးဒေလီမြို့မှာရှိတဲ့ အမေရိကန်သံရုံး ကလပ်အသင်းက ကုန်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုတွေအားလုံး ရပ်တန့်ပစ်ဖို့ အိန္ဒိယအစိုးရက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အိန္ဒိယသံတမန်ကို အမေရိကန်အစိုးရက ဖမ်းဆီး စစ်ဆေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ လက်တုံ့ပြန်မှုတွေထဲက နောက်ဆုံးတစ်ခုလဲ ဖြစ်ပါတယ်။
 
သံရုံးမှာရှိတဲ့ American Community Support Association မှာ သံတမန်မဟုတ်တဲ့သူတွေ အသုံးပြုခွင့်ကို ဇန်န၀ါရီလ ၁၆ ရက်နေ့ နောက်ဆုံးထား သတ်မှတ်လိုက်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာပါ။
 
အဲဒီနေရာမှာ အရက်ဘား၊ စားသောက်ဆိုင်၊ ရေကူးကန်၊ အားကစား လေ့ကျင့်ခန်း၊ Bowling ကစားတဲ့နေရာနဲ့ တခြား အပန်းဖြေစရာတွေ ဖန်တီးပေးထားတာကြောင့် အမေရိကန်သံတမန်တွေနဲ့ အမေရိကန်နိုင်ငံသားတွေ ဒေါ်လာထောင်နဲ့ပေးပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ အမေရိကန်သံတမန်တွေအနေနဲ့လည်း သံတမန်ကင်းလွတ်ခွင့် ပေးထားတာကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်တဲ့အကြောင်း အိန္ဒိယအရာရှိတွေက ကြေညာလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တုန်းက နယူးယောက်မြို့မှာ အိန္ဒိယသံတမန် Devyani Khobragade ကို ဖမ်းဆီးစစ်ဆေးလိုက်တဲ့ နောက်ဆက်တွဲအဖြစ်နဲ့ အခုလို သံတမန်ရေးအရ တင်းမာမှုတွေ ဆင့်ကဲ ဖြစ်ပေါ်လာတာပါ။
 
အဲဒီအိန္ဒိယသံတမန်အနေနဲ့ အိမ်ဖော်အဖြစ် ခေါ်လာသူကို သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာထက် လျော့ပြီး ငှားရမ်းထားတဲ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ဝင်ခွင့်ဗီစာ လျှောက်တဲ့နေရာမှာလည်း လိမ်လည် ဖော်ပြထားတယ်ဆိုတဲ့ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကိုတော့ အဲဒီ သံတမန် အမျိုးသမီးက ငြင်းဆိုထားပါတယ်။

Eleven Media Group

RangonNewsDaily:: January . 9 .2014
နယူးဒေလီမြို့မှာရှိတဲ့အမေရိကန်သံရုံးကလပ်အသင်းက ကုန်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုတွေအားလုံး ရပ်တန့်
ပစ်ဖို့အိန္ဒိယအစိုးရက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အိန္ဒိယသံတမန်ကို အမေရိကန်အစိုးရက ဖမ်းဆီး စစ်
ဆေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ လက်တုံ့ပြန်မှုတွေထဲက နောက်ဆုံးတစ်ခုလဲ ဖြစ်ပါတယ်။

ဗြိတိန်တွင် အမေရိကန် စစ်ရဟတ်ယာဉ် ပျက်ကျပြီး အမှုထမ်း(၄)ဦးလုံး သေဆုံး

Photo

RangonNewsDaily:: January . 9 .2014
ရဟတ်ယာဉ်သည် အနိမ့်ပျံ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် အင်္ဂါနေ့ ညပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ဆက်ဆံရေးတင်းမာမှုကြောင့် ဂျပန် တရုတ် စီးပွားရေးထိခိုက်

Photo: ဆက်ဆံရေးတင်းမာမှုကြောင့် ဂျပန် တရုတ် စီးပွားရေးထိခိုက်
Thursday, January 9, 2013

တရုတ်နဲ့ ဂျပန် ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ဆိုးရွားလာနေတာမို့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဂျပန်ကုမ္ပဏီတွေနဲ့ စီးပွားရေး မလုပ်သင့်ဘူးလို့ မကြာခင်ကမှ ကောက်ခံခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
 
ဒါဟာ တရုတ်အစိုးရရဲ့ Global Times သတင်း၊ ဂျပန်နိုင်ငံက Nikkei နဲ့ တောင်ကိုရီးယားနိုင်ငံက Maeil  စီးပွားရေး သတင်းစာတွေက ကောက်ယူကြတဲ့  ဗုဒ္ဒဟူးနေ့ စစ်တမ်းတွေရဲ့ ရလဒ်တွေ ဖြစ်ပါတယ်။
 
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့  ဂျပန်ကုမ္ပဏီတွေနဲ့ လက်တွဲ လုပ်ဆောင်နေရင် စီးပွားရေးနဲ့ နိုင်ငံရေးကို သေသေချာချာ ပိုင်းခြားလုပ်နိုင်စွမ်း မရှိဘူးလို့ လုပ်ငန်းရှင် ၆၀ ရာခိုင်နှုန်းက ဆိုပါတယ်။
 
တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အလားတူ ယုံကြည်ကြပြီး သူတို့ဟာ သံတမန်ရေး အငြင်းပွားမှုတွေ မရှိစေဖို့  ဂျပန်နဲ့ စီးပွားရေး လက်တွဲမလုပ်ဘဲ  ရှောင်ရှားဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။
 
ဒါပေမဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အကောင်းမြင်တဲ့သဘော တွေ့ရပါတယ်။ ၈၀ ရာခိုင်နှုန်းက တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေနဲ့ စီးပွားရေး ဆက်ပြီး လုပ်ဖို့ မဲပေးခဲ့ကြပါတယ်။
 
တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသား အများအပြားဟာ ဂျပန်နဲ့ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားနေမှုနဲ့အတူ ဂျပန်ရဲ့ အတိတ်က အာဏာလွှမ်းမိုးမှု ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဂျပန်ကို ဒေါသထွက်နေကြတာပါ။

VOA

RangonNewsDaily:: January . 9 .2014
တရုတ်နဲ့ ဂျပန် ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ဆိုးရွားလာနေတာမို့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်း
ရှင်တွေဟာ ဂျပန်ကုမ္ပဏီတွေနဲ့ စီးပွားရေး မလုပ်သင့်ဘူးလို့မကြာခင်ကမှ ကောက်ခံခဲ့တဲ့စစ်တမ်းမှာ ဖော်ပြ
ထားပါတယ်။

လော့စ်အန်ဂျလိစ်တွင် ရုပ်ရှင်ရိုက်ရင်း ကျေနပ်နေသည့် ဂျွန်နီဒက်ပ်