Pages

Thursday, January 9, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့်အရှင်ဆန္ဒာဓိက တီးတိန်မြို့နယ်၊ဇိုနွမ်းဇန် ကျေးရွာတွင် မူလွန်ကျောင်းဖွင့်ပွဲတက် ရောက်ဖွင့်လှစ်ပေး

Photo

RangonNewsDaily:: January . 9 .2014
ယမန်နေ့ နံနက်(၈)နာရီတွင် ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်းရှိ ဇိုနွမ်းဇန်ကျေးရွာ၌ ဆရာတော်အရှင် 
ဆန္ဒာဓိက၏ပညာရေးမေတ္တာလက်ဆောင်အဖြစ်လှူဒါန်းသည့် မူလတန်း(လွန်)ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အရှင်ဆန္ဒာဓိက တို့တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့
ကြောင်းသိရသည်။ “ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့မေတ္တာတရားကို လေးစားဂုဏ်ပြုတဲ့အ
နေနဲ့ အမေ့အိမ်ပညာဒါနကျောင်းလေး တစ်ဆောင်လောက် ဆောက်လုပ်လှူဒါန်းခွင့်ရချင်တာပါ။ 
 
အဲဒီအကြောင်းဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုပြောတော့ဒကာမကြီးက ဆရာတော်ဘုရားရဲ့ကျောင်း
အလှူကို တိုင်းရင်းသား ဒေသတွေမှာ အသုံးပြုချင်ပါတယ်ဘုရား၊ တိုင်းရင်းသာဒေသတွေမှာ ကျောင်းအလှူ လှူလို့ ကျောင်းဆောက်လိုက်ရင် ပိုပြီးတော့ အကျိုးများပါလိမ့်မယ်ဘုရား လို့ လျှောက်ထားတဲ့အတွက် ဥုးဇင်း
ကလည်း လိုအပ်တဲ့ နေရာမှာ လိုအပ်တဲ့ အရာကို လိုအပ်တဲ့အချိန်လှူဒါန်းခွင့်ရတာကို ပိုပြီးတော့ ၀မ်းသာ
တဲ့အတွက် ကျေကျေနပ်နပ်ပဲ လက်ခံလိုက်ပါတယ် ” ဟု ဆရာတော်အရှင်ဆန္ဒာဓိက မှ ဇိုနွမ်းဇန် ချင်းတိုင်း
ရင်းသား ကျေးရွာတွင် ကျောင်းဆောင်လှူဒါန်းဖြစ်သည့် အကြောင်းကို မိန့်ကြားသည်။

မေတ္တာလက်ဆောင်ပေးစရာများစွာ ရှိသည့်အနက် ပညာရေးလက်ဆောင်ပေးရခြင်းမှာ လူတစ်ယောက်ရဲ့
တိုးတက်မှုအတွက်သာမက ၊ဒေသတစ်ခု၊တိုင်းပြည်တစ်ခုလုံး၏တိုးတက်မှုအတွက်ပါ ပညာရေးသည် အခြေ
ခံ အကျဆုံးဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒဓိကမှ ထပ်ဆင့်မိန့်ကြားခဲ့သည်။

” ကျွန်မဒီလာတော့ လမ်းကရွာတွေမှာ ထွက်ကြိုနေကြတဲ့ထဲမှာ ကလေးတွေ တော်တော်များတာပဲ။ အမျိုး
သမီး တစ်ယောက်ဆို ကလေးတွေ နှစ်ယောက်သုံးယောက်။ ဒီလောက်ကလေးတွေ များတဲ့ အခါကျတော့ ကျွန်မစိတ်ထဲမှာ ၀မ်းလည်းသာတယ်၊ ၀မ်းလည်းနည်းတယ်။ 
 
ဝမ်းသာတယ်ဆိုတာကတော့ သြော် ကျွန်မတို့ကလေးတွေ တော်တော် များပါလားပေါ့။ ဒါပေမယ့် ဒီကလေး
တွေကလည်းရွှင်ရွှင်ပျပျ တက်တက်ကြွကြွနဲ့ ကြည့်ပါလား။ ၀မ်းနည်းတယ် ဆိုတာကတော့ ကျွန်မတို့ကလေး
တွေရဲ့ အခြေနေက ကောင်းရဲ့လားပေါ့။ ၀မ်းနည်းတာထက် စိတ်ပူတာပေါ့။ 
 
ဒီကလေးတွေရဲ့အခြေနေက ကောင်းရဲ့လား၊ ဒီကလေးတွေရဲ့အနာဂတ်အတွက် ပီပီပြင်ပြင် ထိထိရောက်
ရောက် လုပ်ပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးကလည်း နည်းနည်းတော့ ၀င်လာတယ်ဆိုတာတော့ အမှန်တိုင်းပြောပါရစေ။

ဒါပေမယ့်ကျွန်မတို့ဟာ စိတ်ပူနေရုံနဲ့မရဘူး။ ဒီစိတ်ပူစိတ်ကို အခြေခံပြီးတော့ကျွန်မတို့တိုးတက်အောင်လုပ်
ရမယ် “ဟု ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇိုနွမ်းဇန်ကျေးရွာ၊မူလတန်း(လွန်)ကျောင်းတွင်ကျောင်းသူ၊ကျောင်းသား(၉၃)ယောက်ရှိကြောင်း၊ ကျောင်း
ဆောင် ဟောင်းတုန်းက မိုးရွာလျှင် မိုးပက်ခံရပြီး လေတိုက်လျှင်လေဒဏ်ခံခဲ့ကြရကာ စာသင်ကြားရေး
အတွက် အဆင်မပြေ အခက်အခဲများ ရှိခဲ့ရကြောင်း၊ 
 
ယခုဆရာတော်အရှင်ဆန္ဒာဓိကလှူဒါန်းသည့်ကျောင်းဆောင်သစ်ရရှိပြီးသည့်နောက်တွင်မိုးလုံလေလုံဖြင့်
ပျော်ပျော်ရွှင်ရွှင်၊ စိတ်အေးချမ်းသာစွာ စာသင်နိုင်ပြီဖြစ်သည့်အတွက် ၀မ်းသာမိကြောင်းကျောင်းအုပ်ဆရာ
ကြီး ဦးရှင်းကျင့်ထန် ကပြောသည်။

ကျောင်းဖွင့်ပွဲအခမ်းအနားတွင် ဒေသခံ ချင်းတိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်နှင့် အရှင်ဆန္ဒာဓိ
ကအား ဂုဏ်ပြုစပ်ဆိုထားသော သီချင်းကို ချင်းရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း၊ ဒေသခံချင်းတိုင်းရင်း
သားများ၊ ရပ်နီးရပ်ဝေးမှ ပြည်သူများအပါအ၀င်(၂၀၀၀)ခန့်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊

အခမ်းအနားကိုနံနက်(၉)နာရီခွဲတွင်ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည်တီးတိန်မြို့သို့ ကားဖြင့်
ဆက်လက် ထွက်ခွါကြောင်း၊ တီးတိန်မြို့တွင် ညနေ(၄)နာရီ၌ လူထုဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း၊

ယင်းနောက် ဖလမ်းမြို့၊ဟားခါးမြို့တို့တွင် လူထုဟောပြောပွဲများပြုလုပ်ကာ (၁၀)ရက်နေ့ နံနက်(၈)နာရီတွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ စတောင်ဘောလုံးကွင်း၌ လူထုဟောပြောပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ
သည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment