Pages

Thursday, January 9, 2014

မန္တလေးမြို့ဈေးချိုအနီး လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်ယာဉ်အဖြစ် ပြေးဆွဲသည့် လိုက်ထရပ်များ အရေးယူမည်

RangonNewsDaily:: January . 9 .2014
မန္တလေးမြို့ဈေးချိုအနီး ၈၄ လမ်းမတွင် လုပ်ငန်းလိုင်စင်မရှိဘဲ နံပါတ်အနက်ဖြင့် ခရီးသည်တင်ယာဉ်အ ဖြစ် ပြေးဆွဲနေသည့် လိုက်ထရပ်ယာဉ် ၆၆၅ စီးကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်အထိ စစ်ဆေးအရေးယူ ဒဏ်ရိုက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

မန္တလေးမှ ဈေးချို၊ စစ်ကိုင်း၊ မုံရွာ စသည့် ခရီးစဉ်များကို ခရီးသည်တင်လုပ်ငန်းပြေးဆွဲရန်အတွက် လိုင် စင်ရရှိထားခြင်းမရှိဘဲ ခရီးသည်တင်ယာဉ်များအဖြစ် ပြေးဆွဲနေသည့် လိုက်ထရပ်ယာဉ်များကို တာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့များက ပူးပေါင်း၍ စစ်ဆေးအရေးယူ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

“လုပ်ငန်းလိုင်စင်လုံးဝမရှိတဲ့အတွက် အထူးစစ်ဒဏ်ငွေနဲ့ ဒဏ်တပ်တာဖြစ်ပါတယ်။ အဲ့ဒီဒဏ်ငွေကို ဌာန ဆိုင်ရာ ဒဏ်ငွေစာရင်းကို ချက်ချင်းပေးသွင်းရတယ်”ဟု ၎င်းဌာနမှစာရေးကြီး ကိုအေးထွန်းက ပြော သည်။

လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲသောယာဉ်များကို ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင် ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်၍ ဒဏ်ငွေကျပ်သုံးသောင်းနှင့် အခြားစည်းကမ်းပျက်ယာဉ်များကိုမူ ဒဏ် ငွေငါးထောင်ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသည်ပို့ဆောင်ရေးယာဉ်အဖြစ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတွင် လုပ်ငန်းလိုင်စင် ပြုလုပ်ထားသည့် လိုက်ထရပ်အစီးရေ- ၇၀၄စီး ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်စေရန်အတွက် မန္တလေး၊ စစ်ကိုင်း၊မုံရွာခရီးသည်တင်ယာဉ် များကို မြို့တွင်းသို့ ၀င်ရောက်ခွင့်မပြုတော့ဘဲ ကားကွင်းမှ ကမ်းနားလမ်းသို့သာ ၀င်ထွက်သွားလာခွင့် ပြုလိုက်ခြင်းကြောင့် ၎င်းခရီးစဉ်များ၏ ခရီးသည်များသည် ကားကွင်းနှင့် လိုရာခရီးသို့ သွားရေးလာရေး အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိရာ ယခုကဲ့သို့ နံပါတ်အနက်ဖြင့် ပြေးဆွဲသော လိုက်ထရပ်ယာဉ် များသည် မြို့တွင်းသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်သဖြင့် ခရီးသည်အများအပြား အသုံးပြုစီးနင်း လာကြသည်။

မန္တလေးမြို့တွင်း၌ ခရီးသည်တင် ပြေးဆွဲနေသည့် မြို့တွင်းယာဉ်လိုင်းအသင်းကြီး ခုနစ်သင်းနှင့် အသင်း ငယ် ၄၃ သင်းရှိကြောင်း သိရသည်။

Mizzima - News  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment