Pages

Thursday, January 9, 2014

မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံခြင်း

Photo: မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံခြင်း
Thursday, January 9, 2014

မြန်မာသံ တေးသံရှင် မေရွက်ဝါ၏ သမီးဖြစ်သူ မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံပြီး အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပုံ၊ မော်ဒယ်လ်လောကနှင့် သရုပ်ဆောင် လောကတွင် သူမ၏ အနုပညာ လှုပ်ရှားမှုများ၊ အွန်လိုင်းပေါ်ရှိ တချို့မော်ဒယ်လ်များ၏ ဓာတ်ပုံများအပေါ် သူမ၏ အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ 

Voice : ရွှေ FM လေးနှစ်ပြည့်ပွဲမှာ ဝါဆိုမိုးဦး၊ မာရီနာတို့နဲ့ ပေါင်းပြီး သီချင်းတစ်ပုဒ်ကို အကတွေနဲ့တွဲပြီး ဖျော်ဖြေသွားတာ ပရိသတ်တွေ ကြိုက်ကြတယ်လေ။ ဒီသီချင်းလေးကို ဆန်းသစ်လတို့ သုံးယောက်ပေါင်းပြီး ဘယ်လို ဖန်တီး ဖြစ်သွားတယ်ဆိုတာ ပြောပြပေးပါဦး။

STL : အဲဒီသီချင်းလေးကိုဆိုဖို့ 
Bo Bo Music Productionက ကိုဘိုဆန်းက ညီမတို့ သုံးယောက်ကို စပြီးကမ်းလှမ်းတာပါ။ ဘယ်လိုပုံစံမျိုးနဲ့ တင်ဆက်မလဲ ဆိုတာကိုလည်း သူပဲ Idea ထုတ်ပေးခဲ့တာပါ။ အကကိုတော့ ညီမတို့ သုံးယောက်လုံးကို ယူရေနီယမ်အဖွဲ့က ကိုဇေယျာနဲ့ မခိုင်လေးက သင်ပေးတာပါ။ ပရိသတ်တွေ တော်တော်များများက ဒီသီချင်းလေးကိုရော ညီမတို့ သုံးယောက်ရဲ့ ဖျော်ဖြေ တင်ဆက်မှုကိုပါ ကြိုက်ကြတယ်လို့ ပြန်ကြားရတဲ့အတွက် ကြိုးစားရကျိုး နပ်တာပေါ့နော်။

Voice : မိခင်ဖြစ်တဲ့ မေရွက်ဝါက ဂီတလောကမှာ နာမည်ကျော်ကြားခဲ့တဲ့ တေးသံရှင်တစ်ယောက် ဖြစ်ပေမယ့် ဆန်းသစ်လကိုတော့ ဂီတဘက်မှာ လှုပ်ရှားတာ သိပ်မတွေ့ရဘူးနော်။ နောက်ပိုင်းမှာ တော့ ဂီတဘက်မှာ လှုပ်ရှားဖို့ စီစဉ်ထားတာ ရှိလား။

STL : ဂီတနဲ့ ပတ်သက်ပြီး ညီမစီးရီးထုတ်ဖို့ စီစဉ်ထားတာ ရှိပါတယ်။ အနုပညာ လောကထဲ စဝင်လာကတည်းက သီချင်းဆိုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညီမဝင်ခဲ့တာပါ။ ဒါပေမဲ့ အဆိုဘက်ကို သေချာမလုပ်ဖြစ်ဘဲ Photo Model ဘက်ကို ရောက်သွားတာပေါ့နော်။ ညီမရဲ့ အဓိက ဝါသနာဖြစ်တဲ့ အဆိုဘက်ကိုတော့ ညီမ ပြန်လုပ်ဖြစ်မှာပါ။

Voice : စီးရီးမှာကျတော့ အမေလို မြန်မာသံတွေပဲ ဆိုမှာလား။ ဒါမှမဟုတ် ဘယ်လို သီချင်းအမျိုးအစားတွေကိုဆိုဖို့ စိတ်ကူးထားလဲ။

STL : ညီမ အမေကတော့ စတီရီယိုနဲ့ မိုနို နှစ်လိုင်း ဆိုခဲ့တာပေါ့။ အမေက မြန်မာသီချင်းတွေလည်း အများကြီး ဆိုခဲ့တယ်လေ။ ညီမကျတော့ မြန်မာ သီချင်းလိုင်းဘက်ကို မသွားဘူး။ အခုခေတ်လူငယ်တွေ ဆိုနေကြတဲ့ Pop သီချင်းအချိုလေးတွေပဲ ဆိုသွားမှာပါ။ တစ်ကိုယ်တော် စီးရီးကိုတော့ ၂၀၁၄ ခုနှစ်ထဲမှာ ထွက်နိုင်အောင်တော့ ကြိုးစားမှာပါ။ အခုလောလောဆယ်မှာတော့ အတွဲခွေတွေမှာ ပါဝင် သီဆိုဖြစ်နေပါတယ်။

Voice : ဂီတကိုပိုပြီး ဝါသနာပါတယ် ဆိုပေမယ့် မော်ဒယ်လ် လောက ဘက်မှာ ပိုပြီး လှုပ်ရှားဖြစ်သွားတာ ဘာကြောင့်လဲ။

STL : ညီမအစတုန်းကတော့ အနုပညာ လောကကို သီချင်းဆိုဖို့ ဝင်ခဲ့တယ်။ မာစတာ သင်္ကြန်ခွေမှာလည်း သီချင်းတစ်ပုဒ်ဝင်ဆို ခဲ့သေးတယ်။ သီချင်းဆိုတဲ့ဘက်ကို သေချာ မလုပ်ဖြစ်သေးခင်မှာ ညီမ Photo Model မော်ဒယ်လ်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုရသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မော်ဒယ်လ်ရှိုးပွဲတွေ လျှောက်၊ မဂ္ဂဇင်း ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်း မော်ဒယ်လ်ဘက်ကို ပိုလှုပ်ရှား ဖြစ်ခဲ့တာပါ။ 

Voice : ဇာတ်ကားတွေကျတော့ ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။

STL : ညီမက ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားနဲ့ ဗီဒီယို ဇာတ်ကား ငါးကား ရိုက်ထားပါတယ်။ ညီမရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ ကိုမိုးအောင်ရင်နဲ့ ရိုက်ထားတဲ့ ကားကတော့ ထွက်နေပြီ ကျန်တဲ့ကားတွေက မထွက်သေးတော့ ပရိသတ်တွေရဲ့အသံကို သိပ်ပြီးမကြားရ သေးဘူးရှင့်။

Voice : ဆန်းသစ်လက မော်ဒယ်လ်အပြင် အခုဆို သရုပ်ဆောင်ပါ လုပ်နေပြီလေ။ ဒီမတူညီတဲ့ အနုပညာ နယ်ပယ်နှစ်ခုမှာ ဘယ်အလုပ်ကို လုပ်ရတာ ပိုပျော်လဲ။

STL : ညီမက Photo Model အလုပ်ကို ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ သရုပ်ဆောင် အလုပ်ကတော့ ဝါသနာ ပါပေမယ့် လုပ်ရမှာ ကြောက်တယ်။ ကြောက်ပေမယ့်လည်း ဝါသနာအရ ဇာတ်ကားတွေ ရိုက်ဖြစ်တယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ညီမအတွက် သင်ယူလေ့လာ စရာတွေ အများကြီး ရှိပါသေးတယ်။ ညီမက အခုမော်ဒယ်လ်နဲ့ သရုပ်ဆောင် အလုပ်ပါ လုပ်နေပေမယ့် ဒီအလုပ်တွေက အသက်အရွယ် ကာလအပိုင်းအခြားနဲ့ လုပ်ရတာလေ။ သီချင်းဆိုတဲ့ အလုပ်ကတော့ ကိုယ့်မှာ အသံရှိနေသရွေ့ ဆိုလို့ရတယ်လေ။ ပရိသတ်ကလည်း ကိုယ့်သီချင်းတွေ ကောင်းနေသရွေ့ လက်ခံနေမှာပဲ။ အဲဒီအတွက် သီချင်းဆိုတဲ့ အလုပ်ကိုတော့ ညီမတစ်သက်လုံး လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သရုပ်ဆောင်နဲ့ မော်ဒယ်လ် အလုပ်ကတော့ ပရိသတ်ရဲ့ အားပေးမှုအပေါ် မူတည်ပါတယ်။ 

Voice : မဂ္ဂဇင်း၊ ဂျာနယ်တွေမှာပါတဲ့ ဆန်းသစ်လရဲ့ ဓာတ်ပုံတွေက ဆွဲဆောင်မှု ရှိတယ်လေ။ ဓာတ်ပုံရိုက်တဲ့အခါမှာ Mood ဘယ်လို သွင်းဖြစ်လဲ။

STL : ညီမဓာတ်ပုံ စရိုက်တုန်းကတော့ ဘယ်လို Mood သွင်းရလဲဆိုတာ မသိဘူး။ နောက်ပိုင်းကျတော့ ဓာတ်ပုံဆရာတွေက မျက်လုံးကို ဘယ်လို ကြည့်ရတယ် ဆိုတာ သင်ပေးတယ်။ ဓာတ်ပုံဆရာ ဦးပီတာဆိုလည်း မျက်လုံး အနေအထားတွေ၊ ခန္ဓာကိုယ် အနေအထားတွေ ဘယ်လိုထားရမလဲဆိုတာ သင်ပေးတယ်။ ကိုယ်ရိုက်ရမယ့် ပုံစံက Hot တဲ့ပုံစံလား၊ အေးတဲ့ပုံစံလား၊ Cute ဖြစ်တဲ့ ပုံစံလားဆိုတာပေါ် မူတည်ပြီး ဝတ်စားဆင်ယင်မှုပိုင်းနဲ့ မျက်လုံး အနေအထား ဘယ်လို ထားရမယ်ဆိုတာ ညီမကိုယ်တိုင်လည်း စဉ်းစားပြီး လုပ်ဖြစ်ပါတယ်။

Voice : မော်ဒယ်လ်ရှိုးတွေ လျှောက်တဲ့အခါ၊ ဓာတ်ပုံတွေ ရိုက်တဲ့အခါ အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်မဝတ်ချင်တဲ့ ပုံစံမျိုးရောရှိလား။

STL : အဝတ်အစားနဲ့ ပတ်သက်ပြီး အရမ်းကြီး သရုပ်ပျက်တဲ့ ပုံစံမျိုးမဟုတ်ရင်တော့ ညီမဝတ်ပါတယ်။ ညီမကိုယ်တိုင်လည်း အတိုဝတ်တာ သဘောကျတော့ အတိုတွေလည်း ဝတ်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ဝတ်တဲ့ အဝတ်အစားက လုံခြုံမှုရှိဖို့နဲ့၊ ကိုယ့်ရဲ့အကျင့်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့ပဲ လိုပါတယ်။ အဝတ်အစား ဝတ်တာတစ်ခုထဲကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ဆုံးဖြတ်လို့ မရဘူးလေ။ ညီမတို့က မော်ဒယ်လ် တစ်ယောက် ဖြစ်တဲ့အတွက် ရှိုးပွဲ တွေမှာ၊ ဓာတ်ပုံရိုက်တဲ့အခါမှာ အဝတ်အစားနဲ့ ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ပေးလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့က ကိုယ့်တာဝန်လေ။ ပရိသတ်ရဲ့ မျက်လုံးထဲမှာ ရိုင်းသလို ဖြစ်သွားတယ် ဆိုရင်တော့ ဒါကိုအနုပညာ သက်သက်လို့ပဲ တွေးပေးပါလို့ ပြောချင်ပါတယ်။

Voice : မော်ဒယ်လ်တစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ပိုင်းကို ဘယ်လို ဂရုစိုက်ဖြစ်လဲ။

STL : ညီမက ဖက်ရှင်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း ပုံစံလေးတွေ ကြိုက်တယ်။ စကပ်အတို၊ ဘောင်းဘီ အတိုလေးတွေ ဝတ်ရတာ သဘောကျတယ်။ အဝတ်အစား ဒီဇိုင်းနဲ့ ပတ်သက်ပြီး ညီမရဲ့ ဒီဇိုင်နာ စိုးစိုးဉာဏ်နဲ့ တိုင်ပင်ပြီး ချုပ်ဖြစ်ပါတယ်။

Voice : တချို့မော်ဒယ်လ်တွေက အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေရိုက်ပြီး တင်ကြတယ်။ တချို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိတဲ့ ပုံတွေကိုရော ဆန်းသစ်လ ဘယ်လိုမြင်လဲ။

STL : ဆိုးဆိုးဝါးဝါး ပုံစံမျိုးတွေနဲ့ ညီမကို ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာရင်တော့ ညီမရိုက်ဖြစ်မှာ မဟုတ်ဘူး။ ညီမ ကိုယ်တိုင်လည်း မြန်မာမိန်းကလေး တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာမျက်စိနဲ့ အမြင်တင့်တယ်တဲ့ ပုံမျိုးတွေပဲ ရိုက်ဖြစ်ပါတယ်။ ညီမပုံတွေ တင်တဲ့အခါမှာလည်း ကိုယ့်ဘာသာ ဖုန်းနဲ့ရိုက်ပြီး တင်တာရှိသလို၊ ဓာတ်ပုံ ဆရာတွေက Facebook မှာ Tag လုပ်ပြီး တင်ပေးကြတာတွေလည်း ရှိတယ်။ သက်သက်ကြီး သွားရိုက်ပြီး အွန်လိုင်းပေါ် တင်တဲ့ပုံမျိုးတော့ မရှိပါဘူး။

Voice : ဆန်းသစ်လကို အားပေးနေကြတဲ့ ပရိသတ်တွေ အတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။

STL : ညီမကို မသိသေးတဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ သိတဲ့ ပရိသတ်တွေကလည်း Facebook ကနေတစ်ဆင့် သိသွားကြတာ များပါတယ်။ ညီမအနုပညာ အလုပ်တွေ အများကြီး လုပ်ထားပါတယ်။ ညီမရိုက်ထားတဲ့ ကားတွေ ထွက်လာရင်လည်း အားပေးကြပါ။ ဝေဖန်ပေးကြပါ။ ညီမဘက်ကလည်း အကောင်းဆုံး ဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

The Voice Weekly

RangonNewsDaily:: January . 9 .2014
မြန်မာသံ တေးသံရှင် မေရွက်ဝါ၏ သမီးဖြစ်သူ မော်ဒယ်လ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် တွေ့ဆုံပြီး အနု
ပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပုံ၊ မော်ဒယ်လ်လောကနှင့် သရုပ်ဆောင် လောကတွင် သူမ၏ အနုပညာ လှုပ်ရှားမှုများ၊ အွန်လိုင်းပေါ်ရှိ တချို့မော်ဒယ်လ်များ၏ ဓာတ်ပုံများအပေါ် သူမ၏ အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ Voice : ရွှေ FM လေးနှစ်ပြည့်ပွဲမှာ ဝါဆိုမိုးဦး၊ မာရီနာတို့နဲ့ ပေါင်းပြီး သီချင်းတစ်ပုဒ်ကို အကတွေနဲ့တွဲပြီး
 ဖျော်ဖြေသွားတာ ပရိသတ်တွေ ကြိုက်ကြတယ်လေ။ ဒီသီချင်းလေးကို ဆန်းသစ်လတို့ သုံးယောက်ပေါင်းပြီး ဘယ်လို ဖန်တီး ဖြစ်သွားတယ်ဆိုတာ ပြောပြပေးပါဦး။

STL : အဲဒီသီချင်းလေးကိုဆိုဖို့ Bo Bo Music Productionက ကိုဘိုဆန်းက ညီမတို့ သုံးယောက်ကို စပြီးကမ်း
လှမ်းတာပါ။ ဘယ်လိုပုံစံမျိုးနဲ့ တင်ဆက်မလဲဆိုတာကိုလည်းသူပဲIdea ထုတ်ပေးခဲ့တာပါ။ အကကိုတော့ ညီမ
တို့ သုံးယောက်လုံးကိုယူရေနီယမ်အဖွဲ့ကကိုဇေယျာနဲ့မခိုင်လေးကသင်ပေးတာပါ။ပရိသတ်တွေ တော်တော်
များများက ဒီသီချင်းလေးကိုရော ညီမတို့ သုံးယောက်ရဲ့ ဖျော်ဖြေ တင်ဆက်မှုကိုပါ ကြိုက်ကြတယ်လို့ ပြန်
ကြားရတဲ့အတွက် ကြိုးစားရကျိုး နပ်တာပေါ့နော်။

Voice : မိခင်ဖြစ်တဲ့ မေရွက်ဝါက ဂီတလောကမှာ နာမည်ကျော်ကြားခဲ့တဲ့ တေးသံရှင်တစ်ယောက် ဖြစ်ပေ
မယ့် ဆန်းသစ်လကိုတော့ ဂီတဘက်မှာ လှုပ်ရှားတာ သိပ်မတွေ့ရဘူးနော်။ နောက်ပိုင်းမှာ တော့ ဂီတဘက်
မှာ လှုပ်ရှားဖို့ စီစဉ်ထားတာ ရှိလား။

STL :ဂီတနဲ့ပတ်သက်ပြီးညီမစီးရီးထုတ်ဖို့ စီစဉ်ထားတာရှိပါတယ်။အနုပညာ လောကထဲ စဝင်လာကတည်း
က သီချင်းဆိုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညီမဝင်ခဲ့တာပါ။ ဒါပေမဲ့ အဆိုဘက်ကို သေချာမလုပ်ဖြစ်ဘဲ Photo Model ဘက်ကို ရောက်သွားတာပေါ့နော်။ ညီမရဲ့ အဓိက ဝါသနာဖြစ်တဲ့ အဆိုဘက်ကိုတော့ ညီမ ပြန်
လုပ်ဖြစ်မှာပါ။

Voice : စီးရီးမှာကျတော့ အမေလို မြန်မာသံတွေပဲ ဆိုမှာလား။ ဒါမှမဟုတ် ဘယ်လို သီချင်းအမျိုးအစားတွေ
ကိုဆိုဖို့ စိတ်ကူးထားလဲ။

STL : ညီမအမေကတော့စတီရီယိုနဲ့မိုနို နှစ်လိုင်း ဆိုခဲ့တာပေါ့။ အမေက မြန်မာသီချင်းတွေလည်း အများကြီး
 ဆိုခဲ့တယ်လေ။ ညီမကျတော့ မြန်မာ သီချင်းလိုင်းဘက်ကို မသွားဘူး။ အခုခေတ်လူငယ်တွေ ဆိုနေကြတဲ့ Pop သီချင်းအချိုလေးတွေပဲဆိုသွားမှာပါ။ တစ်ကိုယ်တော် စီးရီးကိုတော့ ၂၀၁၄ ခုနှစ်ထဲမှာ ထွက်နိုင်အောင်
တော့ ကြိုးစားမှာပါ။ အခုလောလောဆယ်မှာတော့ အတွဲခွေတွေမှာ ပါဝင် သီဆိုဖြစ်နေပါတယ်။

Voice : ဂီတကိုပိုပြီး ဝါသနာပါတယ် ဆိုပေမယ့် မော်ဒယ်လ် လောက ဘက်မှာ ပိုပြီး လှုပ်ရှားဖြစ်သွားတာ ဘာကြောင့်လဲ။

STL : ညီမအစတုန်းကတော့ အနုပညာ လောကကို သီချင်းဆိုဖို့ ဝင်ခဲ့တယ်။ မာစတာ သင်္ကြန်ခွေမှာလည်း သီချင်းတစ်ပုဒ်ဝင်ဆို ခဲ့သေးတယ်။ သီချင်းဆိုတဲ့ဘက်ကို သေချာ မလုပ်ဖြစ်သေးခင်မှာ ညီမ Photo Model
 မော်ဒယ်လ်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုရသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မော်ဒယ်လ်ရှိုးပွဲတွေ လျှောက်၊ မဂ္ဂဇင်း ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်း မော်ဒယ်လ်ဘက်ကို ပိုလှုပ်ရှား ဖြစ်ခဲ့တာပါ။

Voice : ဇာတ်ကားတွေကျတော့ ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။


STL : ညီမက ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားနဲ့ ဗီဒီယို ဇာတ်ကား ငါးကား ရိုက်ထားပါ
တယ်။ ညီမရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ ကိုမိုးအောင်ရင်နဲ့ ရိုက်ထားတဲ့ ကားကတော့ ထွက်နေပြီ ကျန်တဲ့
ကားတွေက မထွက်သေးတော့ ပရိသတ်တွေရဲ့အသံကို သိပ်ပြီးမကြားရ သေးဘူးရှင့်။

Voice : ဆန်းသစ်လက မော်ဒယ်လ်အပြင် အခုဆို သရုပ်ဆောင်ပါ လုပ်နေပြီလေ။ ဒီမတူညီတဲ့ အနုပညာ နယ်ပယ်နှစ်ခုမှာ ဘယ်အလုပ်ကို လုပ်ရတာ ပိုပျော်လဲ။

STL : ညီမက Photo Model အလုပ်ကို ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ သရုပ်ဆောင် အလုပ်ကတော့ ဝါသနာပါပေမယ့်လုပ်ရမှာ ကြောက်တယ်။ ကြောက်ပေမယ့်လည်းဝါသနာအရဇာတ်ကားတွေ ရိုက်ဖြစ်တယ်
။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ညီမအတွက် သင်ယူလေ့လာ စရာတွေ အများကြီး ရှိပါသေးတယ်
။ ညီမက အခုမော်ဒယ်လ်နဲ့ သရုပ်ဆောင် အလုပ်ပါ လုပ်နေပေမယ့် ဒီအလုပ်တွေက အသက်အရွယ် ကာလ
အပိုင်းအခြားနဲ့ လုပ်ရတာလေ။ 
 
သီချင်းဆိုတဲ့ အလုပ်ကတော့ ကိုယ့်မှာ အသံရှိနေသရွေ့ ဆိုလို့ရတယ်လေ။ ပရိသတ်ကလည်း ကိုယ့်သီချင်း
တွေ ကောင်းနေသရွေ့ လက်ခံနေမှာပဲ။ အဲဒီအတွက် သီချင်းဆိုတဲ့ အလုပ်ကိုတော့ ညီမတစ်သက်လုံး လုပ်
သွားမယ်လို့ဆုံးဖြတ်ထားပါတယ်။ သရုပ်ဆောင်နဲ့ မော်ဒယ်လ် အလုပ်ကတော့ ပရိသတ်ရဲ့ အားပေးမှုအပေါ်
 မူတည်ပါတယ်။

Voice : မဂ္ဂဇင်း၊ ဂျာနယ်တွေမှာပါတဲ့ ဆန်းသစ်လရဲ့ ဓာတ်ပုံတွေက ဆွဲဆောင်မှု ရှိတယ်လေ။ ဓာတ်ပုံရိုက်တဲ့
အခါမှာ Mood ဘယ်လို သွင်းဖြစ်လဲ။

STL :ညီမဓာတ်ပုံစရိုက်တုန်းကတော့ဘယ်လို Mood သွင်းရလဲဆိုတာ မသိဘူး။ နောက်ပိုင်းကျတော့ ဓာတ်
ပုံဆရာတွေကမျက်လုံးကိုဘယ်လို ကြည့်ရတယ်ဆိုတာ သင်ပေးတယ်။ ဓာတ်ပုံဆရာ ဦးပီတာဆိုလည်း မျက်
လုံး အနေအထားတွေ၊ ခန္ဓာကိုယ် အနေအထားတွေ ဘယ်လိုထားရမလဲဆိုတာ သင်ပေးတယ်။ 
 
ကိုယ်ရိုက်ရမယ့် ပုံစံကHotတဲ့ပုံစံလား၊ အေးတဲ့ပုံစံလား၊Cute ဖြစ်တဲ့ ပုံစံလားဆိုတာပေါ် မူတည်ပြီး ဝတ်စား
ဆင်ယင်မှုပိုင်းနဲ့ မျက်လုံးအနေအထား ဘယ်လို ထားရမယ်ဆိုတာ ညီမကိုယ်တိုင်လည်း စဉ်းစားပြီး လုပ်ဖြစ်
ပါတယ်။

Voice : မော်ဒယ်လ်ရှိုးတွေ လျှောက်တဲ့အခါ၊ ဓာတ်ပုံတွေ ရိုက်တဲ့အခါ အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်
မဝတ်ချင်တဲ့ ပုံစံမျိုးရောရှိလား။

STL : အဝတ်အစားနဲ့ ပတ်သက်ပြီး အရမ်းကြီး သရုပ်ပျက်တဲ့ ပုံစံမျိုးမဟုတ်ရင်တော့ ညီမဝတ်ပါတယ်။ ညီမ
ကိုယ်တိုင်လည်းအတိုဝတ်တာသဘောကျတော့အတိုတွေလည်းဝတ်ဖြစ်တယ်။ဒါပေမဲ့ ကိုယ်ဝတ်တဲ့အဝတ်
အစားက လုံခြုံမှုရှိဖို့နဲ့၊ကိုယ့်ရဲ့အကျင့်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့ပဲ လိုပါတယ်။ အဝတ်အစားဝတ်တာတစ်ခု
ထဲကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ဆုံးဖြတ်လို့ မရဘူးလေ။ 
 
ညီမတို့က မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့အတွက်ရှိုးပွဲ တွေမှာ၊ ဓာတ်ပုံရိုက်တဲ့အခါမှာ အဝတ်အစားနဲ့ ပတ်
သက်ပြီး ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ပေးလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့က ကိုယ့်တာဝန်
လေ။ပရိသတ်ရဲ့မျက်လုံးထဲမှာရိုင်းသလို ဖြစ်သွားတယ် ဆိုရင်တော့ ဒါကိုအနုပညာ သက်သက်လို့ပဲ တွေး
ပေးပါလို့ ပြောချင်ပါတယ်။

Voice : မော်ဒယ်လ်တစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ပိုင်းကို ဘယ်လို ဂရု
စိုက်ဖြစ်လဲ။

STL : ညီမက ဖက်ရှင်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း ပုံစံလေးတွေ ကြိုက်တယ်။ စကပ်အတို၊ ဘောင်းဘီ အ
တိုလေးတွေ ဝတ်ရတာ သဘောကျတယ်။ အဝတ်အစား ဒီဇိုင်းနဲ့ ပတ်သက်ပြီး ညီမရဲ့ ဒီဇိုင်နာ စိုးစိုးဉာဏ်နဲ့ တိုင်ပင်ပြီး ချုပ်ဖြစ်ပါတယ်။

Voice : တချို့မော်ဒယ်လ်တွေက အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေရိုက်ပြီး တင်ကြတယ်။ တချို့ မြန်မာ့ယဉ်ကျေး
မှုနဲ့ ကိုက်ညီမှု မရှိတဲ့ ပုံတွေကိုရော ဆန်းသစ်လ ဘယ်လိုမြင်လဲ။

STL : ဆိုးဆိုးဝါးဝါး ပုံစံမျိုးတွေနဲ့ ညီမကို ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာရင်တော့ ညီမရိုက်ဖြစ်မှာ မဟုတ်ဘူး။ ညီမ ကိုယ်တိုင်လည်း မြန်မာမိန်းကလေး တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာမျက်စိနဲ့ အမြင်တင့်တယ်တဲ့ ပုံ
မျိုးတွေပဲ ရိုက်ဖြစ်ပါတယ်။ 
 
ညီမပုံတွေတင်တဲ့အခါမှာလည်းကိုယ့်ဘာသာဖုန်းနဲ့ရိုက်ပြီးတင်တာရှိသလို၊ ဓာတ်ပုံ ဆရာတွေက Facebook
မှာ Tag လုပ်ပြီး တင်ပေးကြတာတွေလည်း ရှိတယ်။ သက်သက်ကြီး သွားရိုက်ပြီး အွန်လိုင်းပေါ် တင်တဲ့ပုံမျိုး
တော့ မရှိပါဘူး။

Voice : ဆန်းသစ်လကို အားပေးနေကြတဲ့ ပရိသတ်တွေ အတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။


STL : ညီမကို မသိသေးတဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ သိတဲ့ ပရိသတ်တွေကလည်း Facebook က
နေတစ်ဆင့် သိသွားကြတာ များပါတယ်။ ညီမအနုပညာ အလုပ်တွေ အများကြီး လုပ်ထားပါတယ်။ 
 
ညီမရိုက်ထားတဲ့ကားတွေထွက်လာရင်လည်းအားပေးကြပါ။ ဝေဖန်ပေးကြပါ။ညီမဘက်ကလည်း အကောင်း
ဆုံး ဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment