Pages

Sunday, July 7, 2013

သံဝေဇနိယ လေးဌာနတွင်ပါဝင် သည့် ဗုဒ္ဓဂယာ ဗုံး ခွဲ တိုက်ခိုက်မှုနောက်ဆုံးရသတင်း နှင့်ဓာတ်ပုံများ

bodhgaya_explosion4


တနင်္ဂနွေ နံနက် မိုးသောက် ချိန် နံနက် ၅း၃၀ နဲ့  ၆း၀၀ ကြား မှာ အန္ဒိယ နိုင်ငံ ဘီဟာ ပြည်နယ် ဂယာ မြို့ 
မှာ ရှိ တဲ့ ဂေါတ မ ဗုဒ္ဓ ပွင့် တော် မူ ရာ ဗုဒ္ဓဂယာ မှာ ဗုံး ကိုး လုံး ဆက် တိုက် ပေါက် ကွဲခဲ့ မှု ကြောင့် သံဃာ
 နှစ်ပါး ပြင်းထန်း စွာ ထိခိုက် ဒဏ်ရာ ရရှိ သည် ဟု  FNG မှ သတင်း ရရှိ သည်။

မုံရွာမြို့အတွင်း မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော လောင်စာဆီ များကို သယ်ယူ၍ မြို့တွင်း နေရာများ၌ လိုက်လံ ရောင်းချနေသူ အများအပြား ရှိနေ

Photo: လောင်စာဆီ များကို သယ်ယူ၍ မြို့တွင်း နေရာများ၌ လိုက်လံ ရောင်းချနေသူ အများအပြား ရှိနေ 
Sunday, July 07, 2013

မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော စက်သုံး လောင်စာဆီ များကို မြို့တွင်း လမ်းမကြီးများ ပေါ်၌ လိုက်လံ၍ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက တားမြစ် ကန့်သတ် ထားသော်လည်း စက်သုံးဆီ ရောင်းသူ တချို့သည် နည်းလမ်း မျိုးစုံဖြင့် မြို့တွင်း နေရာများ၌ လောင်စာဆီ များကို လိုက်လံဖြန့်ဖြူး ရောင်းချလျက် ရှိနေကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

““ အနည်းဆုံး ငါးဂါလန် ၀ယ်ယူလိုရင် ဖုန်းဆက် လိုက်ပါက အိမ်တိုင်ရာရောက် ချက်ချင်း ပို့ပေးတယ်။ ဆီလာပို့တဲ့ ယာဉ်တွေကလည်း အရေးပေါ် မီးငြှိမ်း သတ်နိုင်တဲ့ မီးသတ် ဆေးဘူးတောင် အသင့်ချိတ်ဆွဲ ထားတာမျိုး မရှိတော့ ရပ်ကွက်ထဲက လူတွေနဲ့ ဈေးကြီးထဲက ဆိုင်ရှင် တချို့ဟာ မီးဘေး အန္တရာယ်ကို အလွန်စိုးရိမ် နေကြပါတယ်”” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ စက်သုံးဆီကို တိုက်ရိုက်လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မလုပ်ရန် အတွက် မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၏ ၂၁-၃-၂၀၁၃ ရက်စွဲပါ စာအမှတ် ၅၄/၄၃-၇၉/ ဦး ၆(၁၀၆၀) အမိန့်စာများ အရ မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှလည်း ၂၂-၃-၂၀၁၃ ရက်စွဲပါ စာအမှတ် ၅/၄၃-၂၇၇/ဦး ၆(၀၆၃၀) အမိန့်စာများ အရ စက်သုံးဆီ များကို သယ်ယူ၍ လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် ထပ်ဆင့်၍ ညွှန်ကြား ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းအမိန့်စာ များပေါ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဈေးများ၊ ယာဉ်ရပ်နားရာ စခန်းများနှင့် စက်မှုဇုန်များ ရှိရာသို့ လိုက်ထရပ် ကားများပေါ်တွင် စက်သုံးဆီ သိုလှောင်ကန်များ တင်ဆောင်၍ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချ နေခြင်းမှာ သတ်မှတ် ဥပဒေ များနှင့် ကိုက်ညီမှု မရှိသဖြင့် တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် စွမ်းအင် ၀န်ကြီးဌာန ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက ညှိနှိုင်းလာမှု အပေါ် စက်သုံးဆီ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မရှိစေရေး တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

““ အရင် တုန်းကလို လိုက်ထရပ်ကားနဲ့ လိုက်လံဖြန့်ဖြူး ရောင်းချ နေတာမျိုး မဟုတ်တော့ ပါဘူး။ သုံးဘီး ဆိုင်ကယ်နဲ့ လိုက်လံဖြန့်ဖြူး ရောင်းချ နေတာမျိုးတော့ ရှိနေပါသေး တယ်၊ အချို့လည်း ရိုးရိုး ဆိုင်ကယ်နဲ့ လိုက်ပို့နေတာ ရှိပါတယ်။ မီးဘေး အန္တရာယ် ဆိုတာ လိုက်ထရပ် ကားသော၊ သုံးဘီး ဆိုင်ကယ်သော မရွေးပါဘူး။ လောင်နိုင်ပါတယ်။ အားလုံးကို ထိရောက်စွာ တားမြစ် သင့်ပါတယ်”” ဟု သလ္လာအမှတ် (၂) ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
http://www.myawady.com.mm

Sunday, July 07, 2013

မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော စက်သုံး လောင်စာဆီ များကို မြို့တွင်း လမ်းမကြီးများ
 ပေါ်၌ လိုက်လံ၍ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက တားမြစ် ကန့်သတ် ထားသော်လည်း စက်သုံးဆီ ရောင်းသူ တချို့သည်နည်းလမ်းမျိုးစုံဖြင့် မြို့တွင်း နေရာများ၌ လောင်စာဆီများကို လိုက်လံဖြန်
့ဖြူး ရောင်းချလျက် ရှိနေကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

မုံရွာနှင့် မန္တလေး 7 July အခမ်းအနားများ ကျင်းပ

Sunday, July 7, 2013

အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ကျောင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြကြသည့်
ကျောင်းသားများအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းနှင့် လွတ်လပ်ရေး တိုက်ပွဲဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦ မိုးခွဲဖြိုဖျက်ခံရခြင်း နှစ်ပတ်လည် 7 July အခမ်းအနားကို အထက်မြန်မာပြည် မုံရွာနှင့် မန္တလေးမြို့တွင် ကျင်းပခဲ့ကြသည်။

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ

Photo: ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ
Sunday, 07 July 2013

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ်များကို ယခုလ
အတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေးသွားနိုင်ဖွယ်ရှိကြောင်း
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထား
တာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်းတွေက အများကြီး ကျန် နေသေးတဲ့အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လ
လောက်ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်း
လိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင် အရေအတွက် သုံးသိန်းခွဲဖြင့်
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

မြ၀တီ

Sunday, 07 July 2013

တန်ဖိုးနည်း ငွေကျပ်၁၅ဝဝတန်GSM ဖုန်းလိုင်းကတ်များကို ယခုလ အတွင်း WCDMA လိုင်းကတ်များနှင့် 
တွဲ၍ ချပေးသွားနိုင်ဖွယ်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအလုပ်ရုံအဆင့် ဆွေးနွေး ပွဲများ စတင်

Photo: တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအလုပ်ရုံအဆင့် ဆွေးနွေး
ပွဲများ စတင်
Sunday, 07 July 2013

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ၎င်းတို့ နှစ်နိုင်ငံကြား အလုပ်ရုံ အဆင့် ဆွေးနွေးပွဲများကို နယ်စပ်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌ ဇူလိုင်
၆ ရက်တွင် စတင် ဆွေးနွေးခဲ့ကြသည်ဟု ယွန်ဟပ် သတင်း အေဂျင်စီ၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

အစီအစဉ်များ အရ နှစ်နိုင်ငံ အစိုးရ အဖွဲ့မှ အဖွဲ့ဝင် သုံးဦးပါသော ကိုယ်စားလှယ် များသည် ၎င်းတို့၏ ဆွေးနွေးပွဲ များကို ဇူလိုင် ၆ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၀န်းကျင်တွင် စတင်ခဲ့ ကြသည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင် သုံးလကြာခန့် ရပ်ဆိုင်းထားသော ကေဆုန် စက်မှု
ဇုန်အား ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေရန် မည်ကဲ့သို့ လုပ်ဆောင် ကြမည်ဟူသော အကြောင်းအရာ များကို ဆွေးနွေးသွားမည်
ဖြစ်ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တောင်ကိုရီးယား ကိုယ်စားလှယ် အုပ်စု၏ ခေါင်းဆောင်
အဖြစ် ပေါင်းစည်းရေး ၀န်ကြီး ဌာန၏ အပြန်အလှန် လဲလှယ်ခြင်းနှင့် ပူးတွဲ လုပ်ဆောင်မှုအဖွဲ့မှ အကြီး အကဲ ဖြစ်သူ ဆပ်ဟို တက်ရောက်ခဲ့ပြီး မြောက်
ကိုရီးယား ကိုယ်စားလှယ် အဖွဲ့၏ ခေါင်းဆောင်အဖြစ် အထူးဇုန် ဖွံ့ဖြိုးရေး လမ်းညွှန်မှု အဖွဲ့ချုပ်၏ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူ ပါ့ခ်ချိုဆူးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

မြ၀တီ

Sunday, 07 July 2013

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ၎င်းတို့ နှစ်နိုင်ငံကြား အလုပ်ရုံ အဆင့် ဆွေးနွေးပွဲများ
နယ်စပ်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌ ဇူလိုင်၆ ရက်တွင် စတင် ဆွေးနွေးခဲ့ကြသည်ဟု ယွန်ဟပ် သတင်း အေဂျင်စီ
၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

ဒုံးကျည် ကာကွယ်ရေး စနစ် စမ်းသပ်မှု အောင်မြင်မှု မရရှိကြောင်း အမေရိကန် ပြောကြား

Photo: ဒုံးကျည် ကာကွယ်ရေး စနစ် စမ်းသပ်မှု အောင်မြင်မှု မရရှိကြောင်း အမေရိကန် ပြောကြား
Sunday, 07 July 2013

ပစိဖိတ် သမုဒ္ဒရာအား ဖြတ်ကျော် ပစ်ခတ်လိုက်သည့် တိုက်ချင်းပစ် ဒုံးကျည်ကို ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးရန် အတွက် မြေပြင် အခြေစိုက် ကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည်စနစ် တစ်ခုဖြစ်သည့် ဒုံးခွင်းဒုံးစနစ်ကို
နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရရှိ ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာနက ဇူလိုင် ၅ ရက်က ထုတ်ပြန်ကြေ
ညာခဲ့သည်။

မာရှယ်လ် ကျွန်းပေါ်ရှိ ရေဂင်လက်နက် စမ်းသပ် ပစ်ခတ်ရေး စခန်းမှ ပစ်လွှတ်လိုက်သော တာဝေးပစ် ဒုံးကျည်ကို ကြားဖြတ် တိုက်ခိုက်ရန် ကနဦးက ရည်ရွယ်ပြုလုပ် ခဲ့သော်လည်း ကြားဖြတ် တိုက်ခိုက်မှုသည်
အောင်မြင်မှု မရရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက အစီရင်ခံစာတွင် ပြောကြားထားသည်။

အမေရိကန် အစိုးရသည် ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်ကို ကာလီဖိုးနီး
ယားရှိ ဗန်ဒါဘာ့ဂ်လေတပ် အခြေစိုက် စခန်းမှ ပစ်လွှတ်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ အာဏာပိုင်များသည် ကြားဖြတ် တိုက်ခိုက်
မှု အောင်မြင်မှု မရရှိခြင်းနှင့် စပ်လျဉ်း၍ အဖြေရှာရန် အတွက် ပြန်လည် စစ်ဆေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာတွင်
ပြောကြားထားသည်။
အမေ့အိမ်

Sunday, 07 July 2013

ပစိဖိတ် သမုဒ္ဒရာအား ဖြတ်ကျော် ပစ်ခတ်လိုက်သည့် တိုက်ချင်းပစ် ဒုံးကျည်ကို ကြားဖြတ် တိုက်ခိုက် ဖျက်
ဆီးရန် အတွက် မြေပြင် အခြေစိုက် ကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည်စနစ် တစ်ခုဖြစ်သည့် ဒုံးခွင်းဒုံးစနစ်ကို
နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရရှိ ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာနက ဇူလိုင် ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အိမ်ရာစီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများ ဇူလိုင် ၁၈ နောက်ဆုံး ရွှေ့ရမည်

Photo: အိမ်ရာစီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများ ဇူလိုင် ၁၈ နောက်ဆုံး
ရွှေ့ရမည်
Sunday, 07 July 2013

တိုက်ခန်းများကို အရစ်ကျရောင်းချရန် စီစဉ်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာစီမံကိန်း နယ်မြေတွင် ကျူးကျော် နေထိုင်သူများကို ယာယီနေထိုင်ရန် သတ်မှတ်ပေး ထားသည့် နေရာသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် နောက်ဆုံးထား ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

စီမံကိန်းနယ်မြေတွင် ကျူးကျော် နေထိုင်သူ အိမ်ထောင်စုပေါင်း ၄၅၀၊ လူဦးရေ ၁၀၀၀ ကျော်ကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နှင့် (၁၃၈) ရပ်ကွက်ရှိ မြေကွက်များကို မဲနှိုက်ကာ ယာယီနေရာ ချထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့နှင့် ညှိနှိုင်းကာ ရွှေ့ပြောင်းပေးခြင်း ဖြစ်ကြောင်း
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

စီမံကိန်း ဧရိယာအတွင်း နေထိုင်သူများအတွက် ယာယီပြောင်းရွှေ
့ပေးခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ကျောင်းနေအရွယ် ကလေးများအတွက်
ကျောင်းပြောင်းရွှေ့ရန် အခက်အခဲကို အိုးအိမ်က ကူညီပေးမည်ဟု ကတိပြုခြင်း၊ ယာယီပြောင်းရွှေ့မည့် နေရာ၏ သွားလာမှု အခက်အခဲ
အတွက် လမ်းများ ပြုပြင်ပေးခြင်း၊ သောက်သုံးရေ အခက်အခဲအတွက်
ရေတွင်း တူးပေးခြင်းတို့ကြောင့် လက်ရှိနေထိုင် သူများက သဘောတူကာ
ရွှေ့ပြောင်းပေးခြင်း ဖြစ်ကြောင်း ကျူးကျော်နေထိုင်သူ ဦးဝင်းလှိုင်က ရှင်းပြသည်။

နောက်ဆုံး သတ်မှတ်ရက်တွင် အပြီးသတ် ပြောင်းရွှေ့ခြင်း မရှိပါက ဝန်ကြီးဌာနထံသို့ တင်ပြကာ ညွှန်ကြားချက်အတိုင်း ဆောင်ရွက် မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း (၆၁) နှင့် (၆၇) ရပ်ကွက်တို့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ဝင်ငွေနည်းသူများ အရစ်ကျ ဝယ်ယူနိုင်ရန် မြေဧက ၂၂၀ ကျော်၌ ၁၈ ထပ် အဆောက်အအုံ ၄၈ လုံး၊ အခန်းပေါင်း ၃၄,၂၇၂ ခန်းကို ကုမ္ပဏီပေါင်း၂၀ ကျော်ဖြင့် ဆောက်လုပ် မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly

Sunday, 07 July 2013

တိုက်ခန်းများကို အရစ်ကျရောင်းချရန် စီစဉ်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာစီမံကိန်း နယ်
မြေတွင် ကျူးကျော် နေထိုင်သူများကို ယာယီနေထိုင်ရန် သတ်မှတ်ပေး ထားသည့် နေရာသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် နောက်ဆုံးထား ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထား

Photo: iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထား
Sunday, 07 July 2013

ipadipadiFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း
ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။

ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ်ကုန် နှစ်မျိုး
ဖြစ်ပြီး Apple မှ ကန်ထရိုက်နဲ့ မှာယူနေတာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကလည်း ရှိနေသေးတဲ့အတွက် မှာယူနေရပါသေးတယ်။ ကုန်ကြမ်းလည်း ရှားတဲ့အတွက် ဖြစ်ပါတယ်။ LG နဲ့ Sharp တို့ဆီကလည်း Display မှာယူပေ
မယ့် Samsung ဆီက ယူရတာလည်း ရှိနေသေးလို့ ဖြစ်ပါတယ်။

လက်ရှိ တရားရုံးမှာလည်း ပြိုင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး Samsung ကုန်ပစ္စည်း သုံးစွဲနေရမှုအပေါ် Apple ကလည်း မရပ်တည် ချင်တော့သလို Samsung ကလည်း လက်တွဲဖြုတ်ချင်နေပြီ ဆိုတာ လူတိုင်း သိနေပါတယ်။ သို့ပေမယ့် Apple ရဲ့  အကောင်းဆုံး ကုန်ပစ္စည်းများမှာ Samsung ရဲ့  ပစ္စည်းများ အသုံးပြုနေရတာတော့ ငြင်းမရတဲ့ အခြေအနေ အခြေအနေတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
----
Ref: pocketlint.
YoYarLay

Sunday, 07 July 2013

ipadipadiFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ
 ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။

Huawei Y210 ကို Root လုပ်ရအောင်


Huawei Y210 ဖုန်းပိုင်ရှင်များအတွက် Root လုပ်နည်း လေးတင်ပေးလိုက်ပါတယ်။မေးလ်ထဲမှာတောင်းဆို
ထားတဲ့ကိုစောအဲ နဲ့ ကိုလွင်လွင် နဲ့ Android ပိရိသတ်များအဆင်ပြေပါစေ....။

Player ပေါင်း ၅၀ ပါဝင်တဲ့ 50 Collections of Various Media Player For Android

Android ချစ်သူများအတွက် Android Device မှာသုံးတဲ့ Player အမျိုးအစားပေါင်း 50 ပါဝင်တဲ့ Player Collection လေးကို မျှဝေပေးလိုက်ပါတယ်။ Media Player တွေအစုံပါပဲဗျာ ဘာတွေလဲကြည့်ရအောင်။

Breaking News ဗုဒ္ဓဂယာတွင် ယနေ့နံနက်ပိုင်း၌ ဗုံးပေါက်ကွဲမှု (နောက်ဆုံးရသတင်း)



ယနေ့ နံနက် အိန္ဒိ္ဒယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိညောင်ပင်စေတီတော်ကြီးမှာဗုံးပေါက်ကွဲ
မှုဖြစ်ပွါးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အရှင်ဝိလာသဂ္ဂ(မြင်းခြံ)ဒဏ်ရာ
ပြင်းထန်စွာရရှိခဲ့ပြီး၊ပျက်စီးဆုံးရှုံးမှုစာရင်းကိုအတိအကျမသိရသေးကြောင်း၊

မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်ကြောင်းကို အိန္ဒိယရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းနေကြောင်း
သတင်းရရှိပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသော အရှင်ဝိလာသဂ္ဂ(မြင်းခြံ)အားသူနာပြုယာဉ်
ပေါ်တွင်တွေ့မြင်ရစဉ်

ဇူလိုင်လ ၇ ရက်၊ ၂၀၁၃

ဗုဒ္ဓဂယာတွင် ယနေ့နံနက်တွင် ပေါက်ကွဲမှု ၉ ကြိမ် (အများဆုံး ခန့်မှန်း ချက်) ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာမူ ပြင်းထန်ကြောင်း zee news သတင်း က ဖော်ပြသည်။ အစဉ်လိုက်ပေါက်ကွဲမှုများမှာ မဟာဗောဓိ ဘုရားအ၀န်း အ၀ိုင်းအတွင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။

လုယက်မှုကျူးလွန်သူတရားခံအား (၂) နာရီအတွင်းဖမ်းဆီးရမိ

လုယက်မှုကျူးလွန်သူတရားခံအား (၂) နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၇

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်းအရှေ့ရပ်ကွက်၊အောင်မင်္ဂလာလမ်းနေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည်သူငယ်ချင်းများထံသွားရောက်လည်ပတ်စဉ် ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးမှာလည်း အပြင်သို့ထမင်းကြော်
သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ 
ကျန်ခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏ 
အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှ ၀င်ရောက်လာပြီး ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သောအရာဖြင့်ထောက်ပြီး
နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း 
သိရ၍ ဦးမိုးဦးမှ တာမွေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ 
တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူတရားခံအား အမြန်ဆုံးစုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေ
စုံစမ်းခဲ့ရာ ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်း
နှင့် ကျောက်မြောင်းကြီးလမ်းဆုံတွင် သက်သေခံငွေ 
ကျပ်၃၉၀၀၀၀ ၊ စတား ၀က်အူလှည့် ၁ ချောင်းနှင့်အတူ
ပြစ်မှုကျူးလွန်သူ လှခိုင်၊ (ဘ)ဦးတင်အုန်း၊ ချောင်းပတ်လမ်း၊
စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၇
၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊ကျောက်မြောင်းအရှေ့ရပ်ကွက်၊အောင်မင်္ဂလာလမ်း
နေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည်သူငယ်ချင်းများထံသွားရောက်လည်ပတ်စဉ် ဇနီးဖြစ်သူနှင့်ကလေးနှစ်ဦးမှာ
လည်း အပြင်သို့ထမင်းကြော်သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်
အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ ကျန်ခဲ့စဉ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

Photo: ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ
Sunday, July 07, 2013

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားခဲ့သည်။

"ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက် ထို့ကော်ကိုးမှာ လုပ်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့ မလုပ်ဖြစ်သေးဘူး။ နောက်သုံးလလောက် နေရင်တော့ အစီအစဉ်တွေ ဆွဲသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးဒေသတွင် ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၊ KNU၊ KNU/KNLA၊ DKBA၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ သံတောင်အဖွဲ့၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းအချို့မှာ ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Sunday, July 07, 2013

ငြိမ်းချမ်းရေး ရယူထားသည့်ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်
ကိုင်ဆောင်ရွက်သွားရန်စီစဉ်နေကြောင်းနယ်ခြားစောင့်တပ်(ကရင်ပြည်