Pages

Sunday, July 7, 2013

ဒုံးကျည် ကာကွယ်ရေး စနစ် စမ်းသပ်မှု အောင်မြင်မှု မရရှိကြောင်း အမေရိကန် ပြောကြား

Photo: ဒုံးကျည် ကာကွယ်ရေး စနစ် စမ်းသပ်မှု အောင်မြင်မှု မရရှိကြောင်း အမေရိကန် ပြောကြား
Sunday, 07 July 2013

ပစိဖိတ် သမုဒ္ဒရာအား ဖြတ်ကျော် ပစ်ခတ်လိုက်သည့် တိုက်ချင်းပစ် ဒုံးကျည်ကို ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးရန် အတွက် မြေပြင် အခြေစိုက် ကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည်စနစ် တစ်ခုဖြစ်သည့် ဒုံးခွင်းဒုံးစနစ်ကို
နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရရှိ ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာနက ဇူလိုင် ၅ ရက်က ထုတ်ပြန်ကြေ
ညာခဲ့သည်။

မာရှယ်လ် ကျွန်းပေါ်ရှိ ရေဂင်လက်နက် စမ်းသပ် ပစ်ခတ်ရေး စခန်းမှ ပစ်လွှတ်လိုက်သော တာဝေးပစ် ဒုံးကျည်ကို ကြားဖြတ် တိုက်ခိုက်ရန် ကနဦးက ရည်ရွယ်ပြုလုပ် ခဲ့သော်လည်း ကြားဖြတ် တိုက်ခိုက်မှုသည်
အောင်မြင်မှု မရရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက အစီရင်ခံစာတွင် ပြောကြားထားသည်။

အမေရိကန် အစိုးရသည် ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်ကို ကာလီဖိုးနီး
ယားရှိ ဗန်ဒါဘာ့ဂ်လေတပ် အခြေစိုက် စခန်းမှ ပစ်လွှတ်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ အာဏာပိုင်များသည် ကြားဖြတ် တိုက်ခိုက်
မှု အောင်မြင်မှု မရရှိခြင်းနှင့် စပ်လျဉ်း၍ အဖြေရှာရန် အတွက် ပြန်လည် စစ်ဆေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာတွင်
ပြောကြားထားသည်။
အမေ့အိမ်

Sunday, 07 July 2013

ပစိဖိတ် သမုဒ္ဒရာအား ဖြတ်ကျော် ပစ်ခတ်လိုက်သည့် တိုက်ချင်းပစ် ဒုံးကျည်ကို ကြားဖြတ် တိုက်ခိုက် ဖျက်
ဆီးရန် အတွက် မြေပြင် အခြေစိုက် ကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည်စနစ် တစ်ခုဖြစ်သည့် ဒုံးခွင်းဒုံးစနစ်ကို
နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရရှိ ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာနက ဇူလိုင် ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
မာရှယ်လ်ကျွန်းပေါ်ရှိ ရေဂင်လက်နက်စမ်းသပ်ပစ်ခတ်ရေးစခန်းမှပစ်လွှတ်လိုက်သော တာဝေးပစ် ဒုံးကျည်
ကို ကြားဖြတ် တိုက်ခိုက်ရန် ကနဦးက ရည်ရွယ်ပြုလုပ် ခဲ့သော်လည်း ကြားဖြတ် တိုက်ခိုက်မှုသည်အောင်
မြင်မှု မရရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက အစီရင်ခံစာတွင် ပြောကြားထားသည်။

အမေရိကန်အစိုးရသည် ကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည်ကိုကာလီဖိုးနီးယားရှိ ဗန်ဒါဘာ့ဂ်လေတပ် အခြေ
စိုက်စခန်းမှ ပစ်လွှတ်ခဲ့ကြောင်းပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။အာဏာပိုင်များသည် ကြားဖြတ်
တိုက်ခိုက်မှု အောင်မြင်မှု မရရှိခြင်းနှင့် စပ်လျဉ်း၍ အဖြေရှာရန် အတွက် ပြန်လည် စစ်ဆေးမှုများကို လုပ်
ဆောင်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာတွင်ပြောကြားထားသည်။

အမေ့အိမ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၇.၇.၂၀၁၃

0 comments:

Post a Comment