Pages

Sunday, July 7, 2013

မုံရွာမြို့အတွင်း မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော လောင်စာဆီ များကို သယ်ယူ၍ မြို့တွင်း နေရာများ၌ လိုက်လံ ရောင်းချနေသူ အများအပြား ရှိနေ

Photo: လောင်စာဆီ များကို သယ်ယူ၍ မြို့တွင်း နေရာများ၌ လိုက်လံ ရောင်းချနေသူ အများအပြား ရှိနေ 
Sunday, July 07, 2013

မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော စက်သုံး လောင်စာဆီ များကို မြို့တွင်း လမ်းမကြီးများ ပေါ်၌ လိုက်လံ၍ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက တားမြစ် ကန့်သတ် ထားသော်လည်း စက်သုံးဆီ ရောင်းသူ တချို့သည် နည်းလမ်း မျိုးစုံဖြင့် မြို့တွင်း နေရာများ၌ လောင်စာဆီ များကို လိုက်လံဖြန့်ဖြူး ရောင်းချလျက် ရှိနေကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

““ အနည်းဆုံး ငါးဂါလန် ၀ယ်ယူလိုရင် ဖုန်းဆက် လိုက်ပါက အိမ်တိုင်ရာရောက် ချက်ချင်း ပို့ပေးတယ်။ ဆီလာပို့တဲ့ ယာဉ်တွေကလည်း အရေးပေါ် မီးငြှိမ်း သတ်နိုင်တဲ့ မီးသတ် ဆေးဘူးတောင် အသင့်ချိတ်ဆွဲ ထားတာမျိုး မရှိတော့ ရပ်ကွက်ထဲက လူတွေနဲ့ ဈေးကြီးထဲက ဆိုင်ရှင် တချို့ဟာ မီးဘေး အန္တရာယ်ကို အလွန်စိုးရိမ် နေကြပါတယ်”” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ စက်သုံးဆီကို တိုက်ရိုက်လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မလုပ်ရန် အတွက် မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၏ ၂၁-၃-၂၀၁၃ ရက်စွဲပါ စာအမှတ် ၅၄/၄၃-၇၉/ ဦး ၆(၁၀၆၀) အမိန့်စာများ အရ မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှလည်း ၂၂-၃-၂၀၁၃ ရက်စွဲပါ စာအမှတ် ၅/၄၃-၂၇၇/ဦး ၆(၀၆၃၀) အမိန့်စာများ အရ စက်သုံးဆီ များကို သယ်ယူ၍ လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် ထပ်ဆင့်၍ ညွှန်ကြား ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းအမိန့်စာ များပေါ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဈေးများ၊ ယာဉ်ရပ်နားရာ စခန်းများနှင့် စက်မှုဇုန်များ ရှိရာသို့ လိုက်ထရပ် ကားများပေါ်တွင် စက်သုံးဆီ သိုလှောင်ကန်များ တင်ဆောင်၍ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချ နေခြင်းမှာ သတ်မှတ် ဥပဒေ များနှင့် ကိုက်ညီမှု မရှိသဖြင့် တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် စွမ်းအင် ၀န်ကြီးဌာန ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက ညှိနှိုင်းလာမှု အပေါ် စက်သုံးဆီ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မရှိစေရေး တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

““ အရင် တုန်းကလို လိုက်ထရပ်ကားနဲ့ လိုက်လံဖြန့်ဖြူး ရောင်းချ နေတာမျိုး မဟုတ်တော့ ပါဘူး။ သုံးဘီး ဆိုင်ကယ်နဲ့ လိုက်လံဖြန့်ဖြူး ရောင်းချ နေတာမျိုးတော့ ရှိနေပါသေး တယ်၊ အချို့လည်း ရိုးရိုး ဆိုင်ကယ်နဲ့ လိုက်ပို့နေတာ ရှိပါတယ်။ မီးဘေး အန္တရာယ် ဆိုတာ လိုက်ထရပ် ကားသော၊ သုံးဘီး ဆိုင်ကယ်သော မရွေးပါဘူး။ လောင်နိုင်ပါတယ်။ အားလုံးကို ထိရောက်စွာ တားမြစ် သင့်ပါတယ်”” ဟု သလ္လာအမှတ် (၂) ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
http://www.myawady.com.mm

Sunday, July 07, 2013

မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော စက်သုံး လောင်စာဆီ များကို မြို့တွင်း လမ်းမကြီးများ
 ပေါ်၌ လိုက်လံ၍ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက တားမြစ် ကန့်သတ် ထားသော်လည်း စက်သုံးဆီ ရောင်းသူ တချို့သည်နည်းလမ်းမျိုးစုံဖြင့် မြို့တွင်း နေရာများ၌ လောင်စာဆီများကို လိုက်လံဖြန်
့ဖြူး ရောင်းချလျက် ရှိနေကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။ ““ အနည်းဆုံငါးဂါလန်ဝယ်ယူလိုရင် ဖုန်းဆက် လိုက်ပါက အိမ်တိုင်ရာရောက် ချက်ချင်း ပို့ပေးတယ်။ ဆီလာ
ပို့တဲ့ ယာဉ်တွေကလည်း အရေးပေါ် မီးငြှိမ်း သတ်နိုင်တဲ့ မီးသတ် ဆေးဘူးတောင် အသင့်ချိတ်ဆွဲ ထားတာ
မျိုး မရှိတော့ ရပ်ကွက်ထဲက လူတွေနဲ့ ဈေးကြီးထဲက ဆိုင်ရှင် တချို့ဟာ မီးဘေး အန္တရာယ်ကို အလွန်စိုးရိမ်
 နေကြပါတယ်”” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါစက်သုံးဆီကိုတိုက်ရိုက်လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မလုပ်ရန် အတွက် မုံရွာခရိုင် အထွေထွေ အုပ်
ချုပ်ရေး ဦးစီး ဌာန၏ ၂၁-၃-၂၀၁၃ ရက်စွဲပါ စာအမှတ် ၅၄/၄၃-၇၉/ ဦး ၆(၁၀၆၀) အမိန့်စာများ အရ မုံရွာမြို့
နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှလည်း ၂၂-၃-၂၀၁၃ ရက်စွဲပါ စာအမှတ် ၅/၄၃-၂၇၇/ဦး ၆(၀၆၃၀) အမိန့်စာများ အရ စက်သုံးဆီ များကို သယ်ယူ၍ လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် ထပ်ဆင့်၍ ညွှန်
ကြား ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းအမိန့်စာ များပေါ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဈေးများ၊ ယာဉ်ရပ်နားရာ စခန်းများနှင့် စက်မှုဇု
န်များ ရှိရာသို့ လိုက်ထရပ် ကားများပေါ်တွင် စက်သုံးဆီ သိုလှောင်ကန်များ တင်ဆောင်၍ တိုက်ရိုက် လိုက်
လံဖြန့်ဖြူး ရောင်းချ နေခြင်းမှာ သတ်မှတ် ဥပဒေ များနှင့် ကိုက်ညီမှု မရှိသဖြင့် တားဆီးရပ်ဆိုင်း အရေးယူ
 ပေးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် ရောင်းချခြင်း လုပ်ငန်းများ ထိန်း
သိမ်း ကြီးကြပ်ရေး ကော်မတီကညှိနှိုင်းလာမှု အပေါ် စက်သုံးဆီ တိုက်ရိုက် လိုက်လံဖြန့်ဖြူး ရောင်းချခြင်း မရှိ
စေရေး တားဆီးရပ်ဆိုင်း အရေးယူ ပေးနိုင်ရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

““ အရင်တုန်းကလိုလိုက်ထရပ်ကားနဲ့လိုက်လံဖြန့်ဖြူး ရောင်းချ နေတာမျိုး မဟုတ်တော့ ပါဘူး။ သုံးဘီး ဆိုင်
ကယ်နဲ့ လိုက်လံဖြန့်ဖြူး ရောင်းချ နေတာမျိုးတော့ ရှိနေပါသေး တယ်၊ အချို့လည်း ရိုးရိုး ဆိုင်ကယ်နဲ့ လိုက်
ပို့နေတာ ရှိပါတယ်။ မီးဘေး အန္တရာယ် ဆိုတာ လိုက်ထရပ် ကားသော၊ သုံးဘီး ဆိုင်ကယ်သော မရွေးပါဘူး။
 လောင်နိုင်ပါတယ်။အားလုံးကိုထိရောက်စွာတားမြစ် သင့်ပါတယ်”” ဟု သလ္လာအမှတ် (၂) ရပ်ကွက်နေ ပြည်
သူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီသတင်း , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၇.၇.၂၀၁၃


0 comments:

Post a Comment