Pages

Wednesday, September 25, 2013

GSM/ WCDMA များ Message ပို့ အင်တာနက်လျှောက်နည်း


RangonNewsDaily:: September 25, 2013
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid
GSM / WCDMAကြိုတင်ငွေဖြည့်ကဒ်ဖြင့်တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်
တိုင်လာရောက် လျှောက်ထားရန်မလိုဘဲမိမိမိုဘိုင်းဖုန်းဖြင့်(၁.၈.၂၀၁၃)ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ်
သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ပါကစ္စတန်ငလျှင်ကြောင့် လူ (၂၅၀)ကျော်သေဆုံးပြီး ကျွန်းသစ်တစ်ကျွန်းပေါ်လာ

ပါကစ္စတန်ငလျှင် လူ (၂၅၀)ကျောင်သေဆုံးပြီး ကျွန်းသစ်တစ်ကျွန်းပေါ်လာ

ပါကစ္စတန် အနောက်တောင်ပိုင်းမှာ အင်္ဂါနေ့က ပြင်းအားကြီးတဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ သေဆုံးသူ အရေအတွက်ဟာ ၂၅၀ ကျော် သွားပြီး လူအများအပြားလည်း ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

ဘလူချစ်စတန် ပြည်နယ်တွင်း ဆင်းရဲပြီး ဝေးလံခေါင်သီတဲ့ အဝါရန် ခရိုင်အတွင်းမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ရွှံ့အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေဟာ ပြားပြားဝပ် ပြိုကျကုန်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ ဟင်းလင်းပြင်မှာပဲ အိပ်နေကြရတယ်လို့ ဆိုပါတယ်။

ဆေးဝါးတွေ၊ အမိုးအကာတွေနဲ့ အကူအညီတွေ ကူညီဖို့ သွားနေကြပေမယ့် သွားလာဖို့ ခက်ခဲတာကြောင့် ဘယ်တော့ ရောက်မယ်ဆိုတာ မသိနိုင်သေးဘူးလို့ သိရပါတယ်။

ငလျင် လှုပ်ခတ်မှုအပြီးမှာ ဒေသတွင်းက ဂွါဒါ (Gwadar) ဆိပ်ကမ်းအနီး ပင်လယ်ပြင်မှာ အလျား မီတာ ၁၀၀ ရှိတဲ့ ကျွန်းငယ်တစ်ကျွန်း အသစ်ပေါ်ထွက်လာတယ်လို့ သတင်းရရှိပါတယ်။

BBC Burmese

RangonNewsDaily:: September 25, 2013 ပါကစ္စတန်အနောက်တောင်ပိုင်းမှာအင်္ဂါနေ့က ပြင်းအားကြီးတဲ့ငလျင်လှုပ်ခတ်ခဲ့လို့ သေဆုံးသူအရေအတွက်
ဟာ ၂၅၀ ကျော် သွားပြီး လူအများအပြားလည်း ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

မ၀သေးလို့ (ဟာသ)

RangonNewsDaily:: September 25, 2013

လက်ထပ်ပြီးလို့ညာခါစ ဇနီမောင်နှံပေါ့ဗျာ...
::
လင်းမယားနှစ်ယောက်အိပ်ယာထဲ ဇာတ်လမ်းမစခင်အချိန်လေးမှာ ကောင်မလေးက အီးပေါက်လိုက်တယ်ပေါ့ ကောင်လေးကလဲအနံ့မခံနိုင်လို့ ခေါင်းကို ခြင်ထောင် အပြင်ထွက်ပြီးနေလိုက်တဲ့အခါ...

နှလုံးရောဂါအတွက် တစ်လုံးတည်း သောက်ရမည့်ဆေး ပေါ်လာတော့ မည်လား

Photo: နှလုံးရောဂါအတွက် တစ်လုံးတည်း သောက်ရမည့်ဆေး ပေါ်လာတော့ မည်လား
Wednesday, September 25, 2013

နှလုံးသွေးကြောရောဂါရှင်(car-diovascular diseases) တွေ အတွက် တစ်လုံးတည်းသောက်စရာ လိုတဲ့ ဆေးတစ်မျိုးကို တီထွင်နိုင်ပြီလို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ ဒီတီထွင်မှုမှာ အိန္ဒိယနိုင်ငံနဲ့ ဥရောပနိုင်ငံသုံးခုမှာ ၂၀၁၀ဂျူလိုင် လကတည်းက လေ့လာမှုတွေ ပြုလုပ် ခဲ့တာကြောင့် အခုလို ဆေးဝါးမျိုးပေါ် ထွက်လာတာ ဖြစ်ပါတယ်။ ဆေးအမည် ကတော့  polypill  ပဲဖြစ်ပါတယ်။

လေ့လာမှုမှာ နှလုံးရောဂါရှင် ၈၆.၃%ကတော့ polypil ဆေးဝါး တစ်မျိုးကိုပဲ ဆက်လက်သောက်သုံး မယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ၁၃.၇%က တော့ ယခင်သောက်သုံးနေကြဆေး ၀ါးအ များစုကိုပဲ ဆက်လက်သောက် သုံးမယ်ဆိုတာကို ရလဒ်ထုတ်ပြန်ခဲ့ ပါတယ်။ ဒီလေ့လာမှုကို European Commission က ရန်ပုံငွေချပေးခဲ့ပြီး London’s Imperial College က သုတေသနပြုခဲ့တာဖြစ်ပါတယ်။

ဒီဆေးဝါး Polypil ဟာ အက်စပရင်၊ အဆီကျစေတဲ့ simvastatin  နဲ့ သွေးဖိအားကျဆင်းစေတဲ့ agents တွေကို ပေါင်းစပ်ထားပါ တယ်။ ဒါဟာ ဆေးအများကြီးသောက် သုံးနေကြရတဲ့ နှလုံးသွေးကြောဝေဒနာ သည်တွေအတွက် သက်သာစရာ မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ ဒီဆေးဝါးနဲ့ ရလာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဆက်လက်လေ့လာ နေပါတယ်။

ဒီလေ့လာမှုကို  Journal of American Medical Association မှာ ဖော်ပြထားပါတယ်။


သက်နှင်း
Ref: IANS

Health Updates Journal

RangonNewsDaily:: September 25, 2013

နှလုံးသွေးကြောရောဂါရှင်(car-diovascular diseases) တွေ အတွက် တစ်လုံးတည်းသောက်စရာ လိုတဲ့ ဆေးတစ်မျိုးကို တီထွင်နိုင်ပြီလို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။

ငါတစ်ယောက်တည်းလား ?????

RangonNewsDaily:: September 25, 2013

အောင်မြင်ခြင်းမှာသာ လူတွေစည်ကား ပြီး

ရှုံးနိမ့်မှုတွေ သင့်ဆီရောက်လာတဲ့ အခါ သင်တစ်ယောက်တည်းဖြစ်နေတတ်တယ် ...........

မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်နှင့်တွေ့ဆုံခြင်း

Photo: မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်နှင့်တွေ့ဆုံခြင်း
Wednesday, September 25, 2013

မည်သည့် တောင်တက်အဖွဲ့မှ တက်ရောက်နိုင်ခြင်းမရှိသေးသည့် ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်တည်ရှိသော ဂမ်လမ်ရာဇီတောင်ထိပ်သို့ မြန်မာ-အမေရိကန် တောင်တက်အဖွဲ့တို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ ခရီးစဉ် အတွက် ထူးဖောင်ဒေးရှင်းမှ အပြည့်အဝပံ့ပိုးကူညီခဲ့ပြီး အမေရိကန်နိုင်ငံသားတောင်တက်အဖွဲ့ဝင်ငါးဦးနှင့် မြန်မာနိုင်ငံမှတောင်တက် အဖွဲ့ဝင်နှစ်ဦးတို့က ယခုနှစ် ဩဂုတ် ၁၃ရက်က စတင် တက်ရောက် ခဲ့ကြခြင်း ဖြစ်ကာ ယခုလ ၇ ရက် မွန်းလွဲ ၂နာရီတွင် တောင်ထိပ်သို့ အောင်မြင်စွာခြေချနိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ တောင် ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးပြည့်ဖြိုးအောင် နှင့် ယခုလို တွေ့ ဆုံမေးမြန်း ဖြစ်ခဲ့ပါ သည်။

မေး- ဂမ်လမ်ရာဇီတောင်ကိုရောက်ခဲ့ပြီး တိုင်း တာမှုတွေလုပ်ခဲ့ပြီးပြီဆိုတော့ ခါကာဘိုရာဇီတောင် နဲ့ ဂမ်လမ်ရာဇီတောင်တို့ရဲ့ အမြင့်အခြေအနေကို သိချင်ပါတယ်။

ဖြေ- လက်ရှိ ဒီတောင်ကိုသတ်မှတ်လိုက်တာ ကတော့ မီတာနဲ့ပြောမယ်ဆိုရင်တော့ ၅၈၇၀ ပေါ့။ ခရီးစဉ်မသွားခင်ကတည်းက ဒီတောင်က အမြင့်ဆုံးလို့ အမေရိကန်တွေက သိထားတာ။ ကျွန်တော်သိတာက ခါကာဘိုရာဇီတောင်က မြန်မာ ပြည် မှာ အမြင့်ဆုံးလို့သိထားတာပါ။ မြေ ပုံအညွှန်းအရကတော့ ၅၈၈၁မီတာပေါ့။ သူတို့ နဲ့ Survey ပြန်လုပ်ကြည့်တော့ ခါကာဘိုရာဇီက ၅၈၈၁မီတာမရှိဘူး။ ၁၉၉၆ခုနှစ်မှာ ဂျပန်တွေ တက်သွားတယ်။ GPS နဲ့တိုင်းတယ်၊ ဘယ်လို Proof လုပ်လဲမ သိဘူး။ ကျွန်တော်တို့ပြန်တိုင်းတဲ့ မြေပုံတွေအရ Elevation မှာတော့ မြင့်တယ်။ခါကာဘိုရာဇီက Elevation  မြင့်တယ်။ ဂလမ်ကElevation   နိမ့်တယ်။  High Speed မှာတော့ ဂလမ်ကပိုမြင့်တယ်။ ကျွန်တော်က ကိုယ် သွား ခဲ့တဲ့နေရာ ဆိုတော့ ပိုရှင်းစေချင်တယ်။ ဖြစ်နိုင် ရင် ခါကာဘိုရာဇီကိုတောင် ပြန်တက်ချင်တယ်။

မေး- သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက် ဘယ်လို တိုင်းရင်းသားတွေနဲ့ တွေ့ခဲ့ရသလဲ။

ဖြေ- တိုင်းရင်းသားတွေကတော့ ရဝမ်၊ လီဆူး၊ အပေါ်ပိုင်းကျတော့ တိဗက်လူမျိုး။ မြန်မာနိုင်ငံ သားတွေပါ။ တိဗက်ရွာကတော့ သုံးရွာလောက် ပဲရှိတယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ တိုင်းရင်း သား ၁၃၅မျိုးထဲမှာပါတဲ့ ထရုံလူမျိုး တွေတွေ့ ရ တယ်။ ထရုံလူပုဆိုတာ ကျွန်တော် မတက်ခင်က ကြားပဲကြားဖူးတာ အရမ်းတွေ့ချင်တာ။ ဒီခရီး မှာ သူတို့ရွာဘက်ရောက်လို့ သူတို့နဲ့တွေ့ရတာ။ သူတို့မှာ မောင်နှမသုံးယောက်ပဲကျန်တော့တယ်။ ခရောင်းရွာကြီးတစ်ရွာလုံးမှာ သူတို့သုံး ယောက် ပဲ ကျန်တော့တယ်။ ကျန်တာ တိဗက်လူမျိုးတွေ နဲ့ ရဝမ်လူမျိုးတွေပဲ ရှိတော့တယ်။

မေး- တောင်ပေါ်ကို ဘယ်အချိန်စတက်ပြီး ဘယ်အချိန်မှာ ပြန်ရောက်ခဲ့လဲ။

ဖြေ- ကျွန်တော်တို့စထွက်တာ နံနက် ၄နာရီမှာ စထွက်တယ်။ ဒီတစ်ခေါက်မှာ အမေရိကန်အဖွဲ့ က ပါဝါ တအားသာတယ်။ သူတို့က Camp သုံး ပေါ့။Base Camp ပေတစ်သောင်းခွဲရှိတယ်။ တစ်ရက်ထဲမှာကို ပေလေးထောင်လောက်တက် ပစ်လိုက် တာ။ ကျွန်တော် တောင်တက်တဲ့ရှစ်နှစ် သက်တမ်းအတွင်းမှာ ပေ ၁၅ဝဝဝကနေ ၁၇၀၀၀ အမြင့် ရေခဲထဲမှာသွားအိပ်လို့ရတယ်။ အိပ်ပြီးမှ ပေ ၂ဝဝဝလောက်ကို သာသာယာယာဆက် တက်ပြီး ပြန်ဆင်းလို့ရတယ်။ ဒီလိုဆိုရင် ခုနစ်ဦး လုံး အောင်အောင်မြင်မြင်ရောက်နိုင်တယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး။ သူတို့ပါဝါနဲ့သူတို့ တွက်ပြီး ပေ ၄ဝဝဝလောက်ကို တစ်ရက်တည်း နဲ့ တက်ပစ်လိုက်တယ်။ ကျွန်တော်တောင် အဲ့ဒီ လောက် မတက်ဖူးဘူး။ ၁၅နာရီခွဲကြာတယ်။ မနက်လေး နာရီထွက်တယ်။ ညခုနစ်နာရီခွဲပြန် ရောက်တယ်။ လမ်းမှာ ထမင်းစားချိန်သီးသန့် မရှိဘူး။ လမ်းမှားလို့ မြေပုံထုတ်ကြည့်ချိန်ခဏ လေးနားလို့ရတဲ့အချိန်လေးမှာ မုန့်တွေစားပြီး တက်ရတယ်။

မေး- တောင်ပေါ်မှာ ဘာအမှတ်တရတွေထားခဲ့ သေးလဲ။

ဖြေ- ကျွန်တော်တို့ တောင်ပေါ်မှာ ဘာမှမထား ခဲ့ဘူး။ သဘာပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ထိခိုက် မယ့်အရာ ဘာမှမထားခဲ့ဘူး။ စားလို့ပိုတဲ့အမှိုက် တွေမီးရှို့တယ်။ မီးရှို့ပြီးတဲ့ပြာတွေကိုတောင် ပြန်သယ်ခဲ့တယ်။ ကျွန်တော်တို့ ခြေရာပဲကျန်ခဲ့ ရမယ် ။ တောင်ထိပ်ကို ကိုယ်ရောက်ခဲ့တယ်ဆို တာ ကိုယ့်စိတ်ကိုလည်းရှင်းတယ်။ သွားကြည့် မယ်ဆိုရင် ဒီနေရာကိုလူရောက်ခဲ့တယ်ဆိုတာ သိရမှာမဟုတ်ဘူး။ ဘာအမှတ်အသားမှမရှိဘူး။

မေး- တခြားတောင်တွေတက်ခဲ့ဖူးတာနဲ့ ဒီတောင် တက်ခဲ့တာနဲ့ ဘာကွာခြားမှုရှိလဲ။

ဖြေ- ကွာတယ်ခင်ဗျ။ လူတက်ပြီးသားတောင် တွေဆိုရင် လမ်းကြောင်းတွေကပေါက်နေတော့ ဃောစ စတိုင်းမှာ ဘယ်နေရာမှာ ရေရှိတယ်။ မရှိဘူးဆိုတာအစ သိတယ်။ ဂမ်လမ်ကတော့ အပျိုစင်တောင်ဖြစ်တယ်။ လူရောက်ပြီးသား တောင် တွေ ကျတော့ ခင်ဗျားတို့ကျွန်တော်တို့ လမ်းလျှောက်တက်လို့ရတယ်။ ဒီတောင်ကျတော့ နည်းပညာ သေချာပေါက်သုံးပြီးတက်မှရတဲ့ တောင်ဖြစ်တယ်။ 

မေး- နည်းပညာသုံးပြီး တက်ရတယ်ဆိုတော့ ဘယ်လို လေ့လာပြင်ဆင်မှုတွေကိုလုပ်ခဲ့လဲ။

ဖြေ- ကျွန်တော်တို့ ဒီခရီးစဉ်မသွားခင် ဧပြီမှာ တရုတ်ပြည်က အမြင့်ပေ ၁ရဝဝဝကျော်ရှိတဲ့ တောင်၊ ဂလမ်နဲ့ဆို ပေ၂ဝဝဝလောက်ပဲကွာတဲ့ တောင်ကို အဲ့ဒီမှာ ကျွန်တော်တို့ မြန်မာကိုးယောက် နဲ့ အဖွဲ့ခေါင်းဆောင်နဲ့ သွားလေ့ကျင့်တယ်။ နည်း ပညာ သုံးရမှာဖြစ်လို့ ပြုတ်ကျရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုကယ်ဆယ်မလဲ၊ ရေခဲထဲမှာ ဘယ်လိုလမ်းလျှောက်မလဲဆိုတာတွေကို သေ ချာလေ့ကျင့်ပြီးတော့မှ ဒီတောင်ကိုတက်တာပါ။

အောင်သက်ကို  ၊ ရဲလင်းထက်  တွေ့ဆုံမေးမြန်းသည်။

မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်

The Yangon Times
မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်
RangonNewsDaily:: September 25, 2013
မည်သည့် တောင်တက်အဖွဲ့မှ တက်ရောက်နိုင်ခြင်းမရှိသေးသည့် ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်တည်
ရှိသောဂမ်လမ်ရာဇီတောင်ထိပ်သို့ မြန်မာ-အမေရိကန် တောင်တက်အဖွဲ့တို့ အောင်မြင်စွာတက်ရောက်နိုင်
ခဲ့ပြီဖြစ်သည်။

ရေဆူဆရာတော် ရုပ်ထုတော်အား ချင်းတောင်ပေါ်သို့ပင့်ဆောင်ပူဇော်မည်


RangonNewsDaily:: September 25, 2013
ချင်းပြည်နယ်တွင်ပထမဆုံး သာသနာမျိုးစေ့ချခဲ့သည့် လုံပီးဆရာတော်၊ ရေဆူဆရာတော်၊ တောင်တန်းသာ

သနာပြု ဆရာတော်ဟူ၍ ဘွဲ့တော်မျိုးမျိုးဖြင့် ခေါ်တွင်ကြည်ညိုကြရသည့် ဆရာတော်ဦးဥတ္တမသာရ၏ ရုပ်တု
တော်ကို လာမည့် တပို့တွဲလပြည့်ကျော် (၁၂)ရက်နေ့တွင် ချင်းတောင်ပေါ်သို့ ပင့်ဆောင်ပူဇော်မည်ဖြစ် ဟား
ခါးမြို့မ သာသနာပြု ဆရာတော်ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဆိုက် လွှင့်တင်မည်

Photo: စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဆိုက် လွှင့်တင်မည်
Wednesday, September 25, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအ၀င် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ၀န်ကြီးဌာန က အချိန်နှင့်တပြေးညီသတင်းများ ပြန်ကြားထုတ်လွှင့်နိုင်မည့် ၀က်ဆိုက်တခု ရေးဆွဲ လျက် ရှိပြီး ယင်းဝက်ဆိုက်တွင် တပ်မတော်နှင့်ပတ်သက်သော သတင်းများ၊ စစ်ရေးအခြေအနေသတင်းများအပြင် သတင်း မီဒီယာက သိရှိမေးမြန်းလိုသော အကြောင်းအရာများကို ချက်ချင်း ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

“မကြာခင်မှာ ကာကွယ်ရေး ၀က်က်ဆိုက် လွှင့်တင်တော့မယ်။ တပ်မတော်နဲ့ပတ်သက်တဲ့သတင်း၊ စစ်ရေးသတင်းတွေ ပါမယ်။ သိချင်တာတွေရှိရင် အဲဒီကနေ မေးလို့ရမယ်´´ဟု ဦးကျော်သူက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသက်လွင်ထူးက ကာကွယ်ရေးဝက်ဆိုက်တခု ထပ်မံ ပေါ်ထွန်း လာသည့် အတွက် စစ်ရေး သတင်းများ ရယူသိရှိနိုင်သည့် သတင်းရင်းမြစ်တခုထပ်မံ တိုးပွားခြင်းဖြစ်ပြီး ယခင်က တပ်မတော် နှင့်ပတ်သက်သော သတင်းများရယူရန် မြ၀တီ သတင်းစာနှင့် မြ၀တီ သတင်းဝက်ဆိုက်ကိုသာ အဓိက အားကိုး ရကြောင်း ဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစောက လတ်တလော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို သတင်းမီဒီယာများက ဖော်ပြရေးသားကြရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ အလွယ်တကူ ဆက်သွယ် မေးမြန်းနိုင်သော်လည်း အစိုးရ စစ်တပ်ဘက်မှ အသံရရှိရန် အမြဲခက်ခဲသောကြောင့် တဖက်သံ အသံများနှင့်သာ သတင်းရေးသားဖော်ပြကြောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် ၀က်ဘ်ဆိုက်လွှင့်တင်မှုကို ကြိုဆိုပြီး သတင်း မျှတစွာ ဖော်ပြနိုင်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ကြောင်း၊ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက အွန်လိုင်းတွင် ၀က်ဆိုက် ၊ လူမှုကွန်ရက် စာမျက်နှာများ ဖွင့်လှစ်ထားသဖြင့် သတင်းစီးဆင်းမှုမှာ စစ်တပ်သတင်းထုန်ပြန်မှုထက် ပိုမို မြန်ဆန်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေဘက်က သတင်းကမြန်တယ်။ စစ်တပ်ဘက်က ဆက်သွယ်ရတာ မလွယ်ဘူး။ အခုလို ၀က်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်တာမျိုး၊ အဲဒီမှာ လှမ်းမေးလို့ရတဲ့ အီးမေးလ်အကောင့်တွေ ထားပေးထားမယ်ဆိုရင် ကျနော်တို့ သတင်းသမားတွေအတွက် ပိုအဆင်ပြေလာမယ်´´ ဟု ဦးသီဟစောက ဆိုသည်။

ကာကွယ်ရေး ၀န်ကြီးဌာနသည် မြ၀တီ ရုပ်မြင်သံကြား၊ သဇင် FM ၊မြ၀တီ သတင်းစာ၊ မြ၀တီ သတင်းဝက်ဆိုက်၊ ငွေတာရီ မဂ္ဂဇင်း အပါအ၀င် ရုပ်သံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာနှင့် သတင်းမီဒီယာလုပ်ငန်းများကို တည်ထောင် လုပ်ကိုင်လျက်ရှိသည်။

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: September 25, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအ၀င် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကင်ညာဈေးဝယ်စင်တာကို စစ်သွေးကြွများ ဆက်လက်သိမ်းပိုက်၊ အနောက်တိုင်း အကြမ်းဖက်သမားများ ပါဝင်

Photo: ကင်ညာဈေးဝယ်စင်တာကို စစ်သွေးကြွများ ဆက်လက်သိမ်းပိုက်၊ အနောက်တိုင်း အကြမ်းဖက်သမားများ ပါဝင်
Wednesday, September 25, 2013

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွများက ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေး သမားအချို့မှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နိုင်ရိုဘီမြို့တော်ရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို စနေနေ့က နေ့လယ်စာ စားချိန်တွင် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အယ်ရှာဘတ် တိုက်ခိုက်ရေးသမား များက ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်မှုဖြစ်ပွားပြီး စတုတ္ထမြောက်နေ့ နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများ ပြန်လည်ထွက်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်နေမှုများ နာရီပေါင်းအတန်ကြာ ပြိုကွဲသွားခဲ့သည်။

"အဆောက်အအုံတွေထဲမှာ လက်နက်ကိုင်တွေ ရှိနေတုန်းပဲ" ဟု ကင်ညာ ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်သမားများက ဓားစာခံများ ဆက်လက် ဖမ်းဆီးထားခြင်းရှိ မရှိ ထောက်လှမ်းရေး အရာရှိကို မေးမြန်းရာတွင် မိမိတို့ ရှင်းလင်းစွာ မသိရသေးကြောင်း ကင်ညာအရာရှိက ပြန်လည်ဖြေကြားသည်။

သို့သော်လည်း ဝက်ထ်ဂိတ်ဈေးဝယ် စင်တာကို ဆက်လက်သိမ်းပိုက်ထားပြီး ဓားစာခံများ ကိုလည်း အသက်ရှင်လျက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း အယ်ရှာဘတ် အဖွဲ့က ပြောကြားသည်။

"စင်တာထဲမှာ မရေအတွက်နိုင်တဲ့ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ မူဂျာဟစ်ဒင် (တိုက်ခိုက်ရေးသမားများ) တွေ ဆက်လက်ခုခံနေဆဲပါ" ဟု အယ်ရှာဘတ်အဖွဲ့က Twitter တွင် ရေးသား ဖော်ပြထားသည်။

အကြမ်းဖက်သမား များတွင် အမေရိကန် နိုင်ငံသားနှစ်ဦးနှင့် ၂၀၀၅ ခုနှစ်လန်ဒန် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမား၏ အမျိုးသမီး ဗြိတိန်နိုင်ငံသူ တစ်ဦးတို့ ပါဝင်နိုင်သည်ဟု အနောက်တိုင်း နိုင်ငံများက ပြောကြားသည်။

စစ်သွေးကြွများတွင် အာရပ်နွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် ဗြိတိန်သူ တစ်ဦး ပါဝင်ကြောင်း ကင်ညာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားသော်လည်း ယင်းကဲ့သို့ ပြောကြားချက်များမှာ ဈေးဝယ်စင်တာ အတွင်း မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို မသိရှိသူများ၏ ပြောကြားချက်သာ ဖြစ်ကြောင်း အယ်ရှာဘတ်အဖွဲ့က တုံ့ပြန်ပြောကြားသည်။

ဆိုမာလီယာနိုင်ငံရှိ ကင်ညာတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုလိုခြင်း ကြောင့် ဈေးဝယ်စင်တာ တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း အယ်ရှာဘတ် အုပ်စုက ထုတ်ပြန်ထား သော်လည်း ကင်ညာသမ္မတက မိမိတို့နိုင်ငံ၏ ဦးတည်ချက် ပြောင်းမည်မဟုတ်ဟု ကတိပြုပြောကြား လိုက်သည်။

ကင်ညာတပ်ဖွဲ့ဝင်များ ပါဝင်သော အာဖရိကသမဂ္ဂ တပ်ဖွဲ့ဝင်များ ဆိုမာလီယာ နိုင်ငံတွင်း ဝင်ရောက်ပြီး အယ်ရှာဘတ် လက်နက်ကိုင်များကို နှိမ်နင်းလျက်ရှိကာ ခိုင်မာသော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ကူညီလုပ်ဆောင်ပေးလျက် ရှိသည်ကို အယ်ရှာဘတ်အုပ်စုက ခြိမ်းခြောက် လက်စား ချေလိုခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကင်ညာနိုင်ငံသားများ ဖြစ်ကာ သေဆုံးသူများတွင် ဗြိတိန်နိုင်ငံသား ခြောက်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ အိန္ဒိယ နိုင်ငံသားနှစ်ဦး၊ ကနေဒါနိုင်ငံသား နှစ်ဦး တို့ပါဝင်ကြောင်း ကင်ညာအစိုးရ အရာရှိ များက ပြောကြားသည်။

ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၀ ဦးမှ ၁၅ ဦးထိ ပါဝင်မည်ဟု ကင်ညာအစိုးရက ခန့်မှန်းထားပြီး စစ်သွေးကြွသုံးဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ကင်ညာပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဈေးဝယ်စင်တာကို အစိုးရ တပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်လိုက်ပြီး ဓားစာခံများကို ကယ်ထုတ်ကာ စစ်သွေးကြွများကို သုတ်သင်နိုင်ခဲ့သည်ဟု ပြောကြားနေသော်လည်း ပျောက်ဆုံးနေသူများ၏ ကံကြမ္မာကို ရှင်းလင်းစွာ မသိရသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၁၉၉၈ ခုနှစ် အတွင်းကလည်း နိုင်ရိုဘီမြို့တော်ရှိ အမေရိကန်သံရုံးကို အယ်လ်ကေဒါ စစ်သွေးကြွအုပ်စုက ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ယခု ဝက်စ်ဂိတ်ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုသည် ယင်းဗုံးခွဲမှု နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 25, 2013

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွများက ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေး သမားအချို့မှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။