Pages

Wednesday, September 25, 2013

ကင်ညာဈေးဝယ်စင်တာကို စစ်သွေးကြွများ ဆက်လက်သိမ်းပိုက်၊ အနောက်တိုင်း အကြမ်းဖက်သမားများ ပါဝင်

Photo: ကင်ညာဈေးဝယ်စင်တာကို စစ်သွေးကြွများ ဆက်လက်သိမ်းပိုက်၊ အနောက်တိုင်း အကြမ်းဖက်သမားများ ပါဝင်
Wednesday, September 25, 2013

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွများက ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေး သမားအချို့မှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နိုင်ရိုဘီမြို့တော်ရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို စနေနေ့က နေ့လယ်စာ စားချိန်တွင် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အယ်ရှာဘတ် တိုက်ခိုက်ရေးသမား များက ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်မှုဖြစ်ပွားပြီး စတုတ္ထမြောက်နေ့ နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများ ပြန်လည်ထွက်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်နေမှုများ နာရီပေါင်းအတန်ကြာ ပြိုကွဲသွားခဲ့သည်။

"အဆောက်အအုံတွေထဲမှာ လက်နက်ကိုင်တွေ ရှိနေတုန်းပဲ" ဟု ကင်ညာ ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်သမားများက ဓားစာခံများ ဆက်လက် ဖမ်းဆီးထားခြင်းရှိ မရှိ ထောက်လှမ်းရေး အရာရှိကို မေးမြန်းရာတွင် မိမိတို့ ရှင်းလင်းစွာ မသိရသေးကြောင်း ကင်ညာအရာရှိက ပြန်လည်ဖြေကြားသည်။

သို့သော်လည်း ဝက်ထ်ဂိတ်ဈေးဝယ် စင်တာကို ဆက်လက်သိမ်းပိုက်ထားပြီး ဓားစာခံများ ကိုလည်း အသက်ရှင်လျက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း အယ်ရှာဘတ် အဖွဲ့က ပြောကြားသည်။

"စင်တာထဲမှာ မရေအတွက်နိုင်တဲ့ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ မူဂျာဟစ်ဒင် (တိုက်ခိုက်ရေးသမားများ) တွေ ဆက်လက်ခုခံနေဆဲပါ" ဟု အယ်ရှာဘတ်အဖွဲ့က Twitter တွင် ရေးသား ဖော်ပြထားသည်။

အကြမ်းဖက်သမား များတွင် အမေရိကန် နိုင်ငံသားနှစ်ဦးနှင့် ၂၀၀၅ ခုနှစ်လန်ဒန် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမား၏ အမျိုးသမီး ဗြိတိန်နိုင်ငံသူ တစ်ဦးတို့ ပါဝင်နိုင်သည်ဟု အနောက်တိုင်း နိုင်ငံများက ပြောကြားသည်။

စစ်သွေးကြွများတွင် အာရပ်နွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် ဗြိတိန်သူ တစ်ဦး ပါဝင်ကြောင်း ကင်ညာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားသော်လည်း ယင်းကဲ့သို့ ပြောကြားချက်များမှာ ဈေးဝယ်စင်တာ အတွင်း မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို မသိရှိသူများ၏ ပြောကြားချက်သာ ဖြစ်ကြောင်း အယ်ရှာဘတ်အဖွဲ့က တုံ့ပြန်ပြောကြားသည်။

ဆိုမာလီယာနိုင်ငံရှိ ကင်ညာတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုလိုခြင်း ကြောင့် ဈေးဝယ်စင်တာ တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း အယ်ရှာဘတ် အုပ်စုက ထုတ်ပြန်ထား သော်လည်း ကင်ညာသမ္မတက မိမိတို့နိုင်ငံ၏ ဦးတည်ချက် ပြောင်းမည်မဟုတ်ဟု ကတိပြုပြောကြား လိုက်သည်။

ကင်ညာတပ်ဖွဲ့ဝင်များ ပါဝင်သော အာဖရိကသမဂ္ဂ တပ်ဖွဲ့ဝင်များ ဆိုမာလီယာ နိုင်ငံတွင်း ဝင်ရောက်ပြီး အယ်ရှာဘတ် လက်နက်ကိုင်များကို နှိမ်နင်းလျက်ရှိကာ ခိုင်မာသော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ကူညီလုပ်ဆောင်ပေးလျက် ရှိသည်ကို အယ်ရှာဘတ်အုပ်စုက ခြိမ်းခြောက် လက်စား ချေလိုခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကင်ညာနိုင်ငံသားများ ဖြစ်ကာ သေဆုံးသူများတွင် ဗြိတိန်နိုင်ငံသား ခြောက်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ အိန္ဒိယ နိုင်ငံသားနှစ်ဦး၊ ကနေဒါနိုင်ငံသား နှစ်ဦး တို့ပါဝင်ကြောင်း ကင်ညာအစိုးရ အရာရှိ များက ပြောကြားသည်။

ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၀ ဦးမှ ၁၅ ဦးထိ ပါဝင်မည်ဟု ကင်ညာအစိုးရက ခန့်မှန်းထားပြီး စစ်သွေးကြွသုံးဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ကင်ညာပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဈေးဝယ်စင်တာကို အစိုးရ တပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်လိုက်ပြီး ဓားစာခံများကို ကယ်ထုတ်ကာ စစ်သွေးကြွများကို သုတ်သင်နိုင်ခဲ့သည်ဟု ပြောကြားနေသော်လည်း ပျောက်ဆုံးနေသူများ၏ ကံကြမ္မာကို ရှင်းလင်းစွာ မသိရသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၁၉၉၈ ခုနှစ် အတွင်းကလည်း နိုင်ရိုဘီမြို့တော်ရှိ အမေရိကန်သံရုံးကို အယ်လ်ကေဒါ စစ်သွေးကြွအုပ်စုက ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ယခု ဝက်စ်ဂိတ်ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုသည် ယင်းဗုံးခွဲမှု နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 25, 2013

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွများက ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေး သမားအချို့မှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ နိုင်ရိုဘီမြို့တော်ရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို စနေနေ့က နေ့လယ်စာ စားချိန်တွင် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အယ်ရှာဘတ် တိုက်ခိုက်ရေးသမား များက ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်မှုဖြစ်ပွားပြီး စတုတ္ထမြောက်နေ့ နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများ ပြန်လည်ထွက်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်နေမှုများ နာရီပေါင်းအတန်ကြာ ပြိုကွဲသွားခဲ့သည်။

"အဆောက်အအုံတွေထဲမှာ လက်နက်ကိုင်တွေ ရှိနေတုန်းပဲ" ဟု ကင်ညာ ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်သမားများက ဓားစာခံများ ဆက်လက် ဖမ်းဆီးထားခြင်းရှိ မရှိ ထောက်လှမ်းရေး အရာရှိကို မေးမြန်းရာတွင် မိမိတို့ ရှင်းလင်းစွာ မသိရသေးကြောင်း ကင်ညာအရာရှိက ပြန်လည်ဖြေကြားသည်။

သို့သော်လည်း ဝက်ထ်ဂိတ်ဈေးဝယ် စင်တာကို ဆက်လက်သိမ်းပိုက်ထားပြီး ဓားစာခံများ ကိုလည်း အသက်ရှင်လျက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း အယ်ရှာဘတ် အဖွဲ့က ပြောကြားသည်။

"စင်တာထဲမှာ မရေအတွက်နိုင်တဲ့ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ မူဂျာဟစ်ဒင် (တိုက်ခိုက်ရေးသမားများ) တွေ ဆက်လက်ခုခံနေဆဲပါ" ဟု အယ်ရှာဘတ်အဖွဲ့က Twitter တွင် ရေးသား ဖော်ပြထားသည်။

အကြမ်းဖက်သမား များတွင် အမေရိကန် နိုင်ငံသားနှစ်ဦးနှင့် ၂၀၀၅ ခုနှစ်လန်ဒန် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမား၏ အမျိုးသမီး ဗြိတိန်နိုင်ငံသူ တစ်ဦးတို့ ပါဝင်နိုင်သည်ဟု အနောက်တိုင်း နိုင်ငံများက ပြောကြားသည်။

စစ်သွေးကြွများတွင် အာရပ်နွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် ဗြိတိန်သူ တစ်ဦး ပါဝင်ကြောင်း ကင်ညာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားသော်လည်း ယင်းကဲ့သို့ ပြောကြားချက်များမှာ ဈေးဝယ်စင်တာ အတွင်း မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို မသိရှိသူများ၏ ပြောကြားချက်သာ ဖြစ်ကြောင်း အယ်ရှာဘတ်အဖွဲ့က တုံ့ပြန်ပြောကြားသည်။

ဆိုမာလီယာနိုင်ငံရှိ ကင်ညာတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုလိုခြင်း ကြောင့် ဈေးဝယ်စင်တာ တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း အယ်ရှာဘတ် အုပ်စုက ထုတ်ပြန်ထား သော်လည်း ကင်ညာသမ္မတက မိမိတို့နိုင်ငံ၏ ဦးတည်ချက် ပြောင်းမည်မဟုတ်ဟု ကတိပြုပြောကြား လိုက်သည်။

ကင်ညာတပ်ဖွဲ့ဝင်များ ပါဝင်သော အာဖရိကသမဂ္ဂ တပ်ဖွဲ့ဝင်များ ဆိုမာလီယာ နိုင်ငံတွင်း ဝင်ရောက်ပြီး အယ်ရှာဘတ် လက်နက်ကိုင်များကို နှိမ်နင်းလျက်ရှိကာ ခိုင်မာသော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ကူညီလုပ်ဆောင်ပေးလျက် ရှိသည်ကို အယ်ရှာဘတ်အုပ်စုက ခြိမ်းခြောက် လက်စား ချေလိုခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကင်ညာနိုင်ငံသားများ ဖြစ်ကာ သေဆုံးသူများတွင် ဗြိတိန်နိုင်ငံသား ခြောက်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ အိန္ဒိယ နိုင်ငံသားနှစ်ဦး၊ ကနေဒါနိုင်ငံသား နှစ်ဦး တို့ပါဝင်ကြောင်း ကင်ညာအစိုးရ အရာရှိ များက ပြောကြားသည်။

ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၀ ဦးမှ ၁၅ ဦးထိ ပါဝင်မည်ဟု ကင်ညာအစိုးရက ခန့်မှန်းထားပြီး စစ်သွေးကြွသုံးဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ကင်ညာပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဈေးဝယ်စင်တာကို အစိုးရ တပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်လိုက်ပြီး ဓားစာခံများကို ကယ်ထုတ်ကာ စစ်သွေးကြွများကို သုတ်သင်နိုင်ခဲ့သည်ဟု ပြောကြားနေသော်လည်း ပျောက်ဆုံးနေသူများ၏ ကံကြမ္မာကို ရှင်းလင်းစွာ မသိရသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၁၉၉၈ ခုနှစ် အတွင်းကလည်း နိုင်ရိုဘီမြို့တော်ရှိ အမေရိကန်သံရုံးကို အယ်လ်ကေဒါ စစ်သွေးကြွအုပ်စုက ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ယခု ဝက်စ်ဂိတ်ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုသည် ယင်းဗုံးခွဲမှု နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment