Pages

Wednesday, September 25, 2013

အသက်မပြည့်သေးသူကို အဓမ္မပြုကျင့်မှုဖြင့် လူငယ်သုံးဦးကို အမှုဖွင့်

RangonNewsDaily:: September 25, 2013

၁၃ နှစ်အရွယ်သမီးဖြစ်သူအားသားမယားပြုကျင့်သည်ဟုစွပ်စွဲချက်ဖြင့် ပြုကျင့်ခဲ့သူနှင့် အားပေးအားမြှောက်

ပြုလုပ်ခဲ့သူများကိုပါအရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
အမှုတွင်စက်တင်ဘာလ၁၆ ရက် ည ၉နာရီခွဲအချိန်က အသက်(၁၃)နှစ်သာ ရှိသေးသည့် ကလေးငယ် သည်
ခြေရင်းအိမ်သို့ သွားမည်ဖြစ်ကြောင်း ပြောဆိုထွက်သွားပြီး ည ၁၁ နာရီအချိန်မှသာ နေအိမ်သို့ ပြန်လည်
ရောက်ရှိလာခဲ့သည်ဟု မိခင်ဖြစ်သူ မ----(၃၈)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူက ထွက်ဆိုထားသည်။

ထို့နောက်စက်တင်ဘာလ၁၉ ရက်တွင်လည်းသမီးဖြစ်သူအမူအယာပျက်ယွင်းနေ၍ မေးမြန်းရာစက်တင်ဘာ

၁၆ ရက်ညက မဌေးရီဆိုသူမှ လာခေါ်သဖြင့် လိုက်သွားခဲ့ရာ ၎င်း၏ နေအိမ်တွင် မောင် ---(၁၇)နှစ် ရွှေပြည်
သာမြို့နယ်နေသူက သားမယားအဖြစ် တစ်ကြိမ် ဆက်ဆံခဲ့သည်ကို ပြောပြခဲ့သည်ဟု မိခင်ဖြစ်သူက ရဲအား တိုင်တန်း ထွက်ဆိုထားသည်။

ထို့အပြင် စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီခွဲအချိန်ကလည်း သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်ဆုံးသွား သဖြင့် လိုက်လံရှာဖွေရာ မျိုးသူ(၂၁)နှစ်၏ နေအိမ်အောက်တွင် သမီးဖြစ်သူအား သားမယားပြုကျင့်သူဟု စွပ်စွဲခံထားရသူ မောင်----(၁၇)နှစ်နှင့်အတူ ခြင်ထောင်ထဲတွင် တွေ့ရှိခဲ့ရသည်ဟု ထွက်ဆိုထားသည်။

ထို့ပြင် ယင်းနေအိမ်ရှိ အိမ်ရှင်ဖြစ်သူ မျိုးသူ၊ သီးဟနိုင်နှင့် ကိုထွေးတို့ သုံးဦးက သမီးဖြစ်သူအား မကြားဝံ့ မနာ

သာ စကားများ ပြောဆိုနေသံကြားရသဖြင့် သမီးဖြစ်သူအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင် ခဲ့ရသည် ဟု
လည်း ရဲအား ပြောပြထားသည်။

ထို့ကြောင့်သမီးအား သားမယားပြုကျင့်သူ မောင်-----(၁၇)နှစ်နှင့် အားပေးကူညီသူ မျိုးသူ၊ သီဟနိုင်နှင့် ကို

ထွေးတို့ သုံးဦးကို အရေးယူပေးရန် စွပ်စွဲ တိုင်တန်းထားခြင်း လည်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းက (ပ)၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်

တန်း ခံထားရသူများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆/၁၁၄
 ဖြင့် တရားစွဲတင်ပို့သွားမည်ဟု တိုင်းရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment