Pages

Wednesday, September 25, 2013

ပဲခူးတိုင်း ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် ပရိသတ်နှင့် လုံခြုံရေးရဲတို့ အချင်းများ ပရိသတ်တစ်ဦး ဆေးရုံတင်ထားရ

RangonNewsDaily:: September 25, 2013
ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ၌ လုံခြုံရေးရယူထားသော ရဲများနှင့် ပရိသတ်တို့ အချင်းများရာမှ ပရိသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ရွှေတောင်မြို့ ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၂၃ ရက်ညက ပို့ဆောင်လိုက်ရသည်ဟု ဇွဲမာန်သစ်ဘောလုံး အသင်းသားများက ပြောသည်။ စက်တင်ဘာလ၂၂ရက် မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးပြိုင်ပွဲတွင် မယားမာန်ကျေးရွာအုပ်စု ကိုယ်စားပြု ဇွဲမာန်သစ်အသင်းနှင့် ကြို့ကုန်းကျေးရွာအသင်းတို့ ဘောလုံးကန်ကြစဉ် ဇွဲမာန်အသင်း၏ ပရိသတ်နှစ်ဦးက ပြွဲပီး ရန် ၁၅မိနစ်အလိုတွင် ပရိသတ် အချင်းချင်း ရွှံ့ဖြင့် ပေါက်ရာ ရဲခြောက်ဦးက ဝင်ရောက်ဟန့်တားရာမှ ရဲနှင့် ပရိသတ်တို့အချင်းများ ကြခြင်း ဖြစ်သည်။
::
အချင်းများရာမှ ကိုကျော်လွင်ဆိုသူသည် ကျောအောင့်၊ ရင်ဘတ်အောင့်၊ ငယ်ပါအောင့်သော ဝေဒနာကြောင့် စက်တင်ဘာ၂၃ရက် ည၁၂နာရီခန့်တွင် ဆေးရုံတင်လိုက်ရခြင်း ဖြစ်သည်။
::
ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေတောင်မြို့နယ်ရဲစခန်းကို မေးမြန်းရာ ထိုးကြိတ်သည့်ကိစ္စအား ငြင်းဆိုခဲ့သည်။
::
ရွှေေ တာင် ရဲစခန်းမှ တာဝန်ကျရဲအုပ်ကျော်ခိုင်က “ဒီမှာဒါမျိုးဖြစ်တာမရှိဘူး။ ရုတ်ရုတ်သဲသဲ ဖြစ်တာပဲရှိတယ်။ ဟိုဘက် ရွာ ဒီဘက်ရွာ ရန်ဖြစ်တာရှိတယ်” ဟုပြောသည်။
::
ရွှံ့ဖြင့်ပေါက်ကာ ရန်ဖြစ်ချိန်တွင် ကြို့ကုန်းကျေးရွာအသင်းက ၂-၁ဖြင့် အနိုင်ရရှိနေသည်။ ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများ ကိုယ်စားပြုသော
ဘောလုံးအသင်းများက ယှဉ်ပြိုင်လျက်ရှိသည်။
::
ထိုကိစ္စအား မယားမာန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအားအကြောင်း ကြားထားပြီး သက်ဆိုင်ရာဌာနများ
ကိုလည်း အသိပေးတိုင်ကြားမည်ဟု မယားမာန် ကျေးရွာမှ ရွာသားများက ပြောသည်။

ရေခဲ(ပြည်)
Mizzima - News , RangonNewsDaily
kolatt (Pabedan)


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment