Pages

Wednesday, September 25, 2013

၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်သည့် ဥပဒေ လွှတ်တော်သို့ ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော

RangonNewsDaily:: September 25, 2013
အသက် ၁၆ နှစ်အောက်ကလေးများ ကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင်သည့်
ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင်ထပ်မံအဆိုတင်သွင်းသွားမည်ဟုသင်္ဃန်း ကျွန်းမြို့နယ် ပြည်
သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
သတ္တမအကြိမ်မြောက် လွှတ် တော်တွင် အထူးဥပဒေအဖြစ် အ ဆိုပြုခဲ့သော်လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သော
ကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက်လွှတ်တော်တွင် ထပ် မံတင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က
 ပြောသည်။
::
သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''ဒါဟာ အမှန်တ ကယ်ကိုလိုအပ်တဲ့ ဥပဒေဖြစ်ပါ တယ်။လူမဆန်တဲ့လုပ်ရပ်တွေ ကြောင့် ကလေးတွေအနာဂတ် ပျက်စီးမယ့်အရေးကို ထိရောက်
တဲ့ ဥပဒေချုပ်ကိုင်မှုနဲ့ ဟန့်တား ဖို့လိုအပ်နေပြီ။

ဒီလိုပြင်းထန်တဲ့ ဥပဒေကြောင့် ပြစ်မှုကျူးလွန်မယ့်သူတွေကိုတားဆီးရာရောက်သလို ခေတ်အခြေအနေအရ
လဲအကျည်းတန်အရုပ်ဆိုးတဲ့ကိစ္စဖြစ်တာကြောင့် သေဒဏ်ကျင့်သုံး အောင်တိုက်တွန်းရမယ်''ဟု ပြော သည်။
::
မြန်မာနိုင်ငံတွင် သေဒဏ်ကိုကျင့်သုံးခြင်းနည်းပါးသွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖျက်သိမ်းခြင်း မပြု
ရသေးသော ကြောင့် အသက် ၁၆နှစ်အောက်ကလေးများကိုလိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ပါက သေဒဏ်ပေး နိုင်ရန် တိုက်တွန်းရခြင်းဖြစ်သည် ဟု ဦးသိန်းညွန့်က ပြောသည်။
::
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''စာရင်းဇ ယားအရ သက်ငယ်မု
ဒိမ်းမှုတွေက ရာခိုင်နှုန်း ရဝလောက်ရှိနေတယ် ဆိုတော့ စာရင်းမသိဘဲဖြစ်သွား တဲ့ကိစ္စတွေ ဘယ်လောက်
များလဲဆိုတာခန့်မှန်းလို့မရပါဘူး။ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် လက်ရှိဥပဒေက လုံလောက်မှုမရှိ ဘူး
ဆိုတာ ကျိန်းသေပါတယ်။ ဒါ ကြောင့် ဒီထက်ပိုမိုပြင်းထန်တဲ့ ဥပဒေနဲ့ ဟန့်တားဖို့လိုပါတယ်'' ဟု ပြောသည်။
::
ခေတ်သစ်အမျိုးသမီးအစည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီရီ စံက ''လက်ရှိသတ်မှတ်ထားတဲ့ ဥပဒေက ၁၄နှစ်
အောက်ကလေး တွေကိုပြုကျင့်ရင် ထောင်ဒဏ်၁၀ နှစ်လို့သတ်မှတ်ထားတယ်။မလုံ လောက်ပါဘူး။ဒါကြောင့်
သာ မကြားဝံ့မနာ သာတွေဖြစ် နေရ သေးတာပေါ့''ဟု ပြောသည်။
::
ခေတ်သစ် အမျိုးသမီးအ စည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီ ရီစံမှာ ၁၂ နှစ်အောက် အမျိုးသ မီးကလေးသူငယ်
လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့် ခံရပါက ကျူးလွန် သူကို သေဒဏ်ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်
တွင် ဥပ ဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေသူတစ် ဦးလည်းဖြစ်သည်။
::
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ကလေးသူငယ်အဓမ္မပြုကျင့် ခံရမှု တရားဝင်
စာရင်းများအရလှိုင်သာယာမြို့နယ်တွင်ကလေးသူငယ်အဓမ္မပြုကျင့်ခံရမှု ရှစ်မှု၊တိုက်ကြီးတွင်သုံးမှု၊ ထောက်
ကြန့်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် နှစ်မှုစီဖြစ်ပွားခဲ့ သောကြောင့် ကလေးသူငယ်လိင် ပိုင်း
ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှု ကာကွယ်သည့်တပ် ဖွဲ့ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုနှစ်
 မေ ၃ဝရက်က စတင်ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။

YangonMedia::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment