Pages

Saturday, October 6, 2012

ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း များ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ဖျက်ဆီးရာတွင်ပါဝင်သူများကို သယ်ယူ ပို့ဆောင်
ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။

မြန်မာ့ဆက်သွယ်ရေး၏ ဂင်းနစ်စံချိန်တင်နိုင်လောက်သည့် အမှား

ကျွန်တော်ဦးသောင်းညွန့်၁၄/ဖပန(နိုင်)061988 သည်သတင်းထောက် အလုပ်ဖြင့်အသက် မွေးဝမ်းကျောင်း
ပြုသူ တစ်ဦးဖြစ်ပြီး၊ ချမ်းသာ ကြွယ်ဝသူ တစ်ဦး မဟုတ်ပါ သဖြင့် (မိသားစု စားဝတ် နေရေးမှာ လုံလောက်ရုံ
မျှသာ) ယနေ့ထက်တိုင် တယ်လီဖုန်း ၀ယ်သုံးနိုင်သော လူတန်းစားထဲတွင် ပါဝင် နိုင်ခြင်းမရှိသေးသူ တစ်
ဦးဖြစ်ပါသည်။

ဖားကန့် ဂွေခါမော်မှာ တိုက်ပွဲဖြစ်၊ KIA (၃) ယောက်ကျ ဗမာတပ် တစ်ယောက်ဒဏ်ရာရ


KIA တပ်မဟာ (၂) တပ်ရင်း(၆) တပ်တွေနဲ့ ဗမာစစ်တပ်တို့ ဖားကန့် ဒေသ ဂွေခါမော်မှာ မနေ့က (အောက်တိုဘာ(၅)ရက်) မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဗမာတပ်များ တက်လာစဉ်တွင် KIA တပ်တွေနဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး မနက် (၇) နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ နှစ်ဘက်တပ်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက်ကြာသောအခါ KIA ဘက်ကရှောင်ထွက်သွားတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် နှင့် ၀န်ကြီးများ မရိုးသားဟု ထုတ်ဖော်ပြောပြီ

၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင် မှ ၂၀၁၂ ခုနှစ်နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိမိတ္ထီလာ ၊ မလှိုင် ၊ ကျောက်ဆည် ၊ သဲတော့ဝမ်းဝ ၊ သာစည် ၊ ယင်းမပင် ၊ ဘုရားငါးဆူ ၊ ရမည်းသင်း ၊ ပျော်ဖွယ် ၊ အစ
ရှိသော မြို့ကြီးများ တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံသော ဆွေးနွေးပွဲများတွင်၈၈မျိုး
ဆက်ကျောင်းသားကိုမင်းကိုနိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် ၀န်ကြီးများသည် မိမိတို့ မရိုး
သားလို့သာ မိမိတို့၏ ပိုင်ဆိုင်မှုကို ထုတ်မပြတာဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ အ
နေဖြင့်လည်း လျှိ့ဝှက်မဲခွဲ ဆုံးဖြတ်ရာတွင်၎င်း ရှုံးနှိမ့်ခဲ့ရသည့်အတွက်၎င်းတို့သည်လည်း မရိုးသားကြောင်း
ယခုကဲ့သို့ပြောဆိုခဲ့သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကို ဒဂုံမြို့နယ်တရားရုံးက ကျပ် ၁၀ သိန်းတင်ကာ ခံဝန်ကတိပြုလုပ်ခိုင်း

Photo: ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကို ဒဂုံမြို့နယ်တရားရုံးက ကျပ် ၁၀ သိန်းတင်ကာ ခံဝန်ကတိပြုလုပ်ခိုင်း

ရန်ကုန်၊ အောက်တိုဘာ ၅။ 

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကို ဒဂုံမြို့နယ်တရားရုံးက ကျပ် ၁၀ သိန်းတင်ကာ ကိုယ်ပိုင်ခံဝန်ကတိ ပြုလုပ်ခိုင်းကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်ထံမှ သိရသည်။ 

“တရားရုံးက နောက်ဆုံးတော့ ကိုယ်ပိုင်အာမခံချက်လုပ်ခိုင်းတယ်။ ကျွန်တော်တို့က နိုင်ငံတော်ငြိမ်းချမ်းရေး အတွက် ပြည်သူတစ်ယောက်အနေနဲ့ တာဝန်အရဖြစ်စေ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ဖြစ်စေလူဦးရေ သန်း ၆၀ နဲ့ သက်ဆိုင်တဲ့အတွက် ဥပဒေဘောင်အတွင်းကပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့က ဥပဒေကိုလည်း လေး စားတယ်၊ လိုက်နာတဲ့အတွက် တရားရုံးမှာရင်ဆိုင်ဖို့ ရှောင်ထွက်သွားမှာမဟုတ်ပါဘူး၊ ရုံးတင်ဖို့ဘယ်အချိန်ပဲ ခေါ်ခေါ် ကျွန်တော် တို့က အဆင်သင့်ပါ”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှကိုဂျော်ဂွန်းက Venus News Weekly သို့ ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို စက်တင်ဘာ ၂၈ ရက်က ဒဂုံမြို့နယ် တရား ရုံးတွင် ရုံးတင်စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၀ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း၊ ခံဝန်ကတိချိုးဖောက်ပါက တင်ထားသည့် ကျပ်ဆယ်သိန်းဆုံးရှုံးမည်ဖြစ်ကြောင်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်အပြင် အခြားအဖွဲ့အစည်း များလည်း ဆန္ဒထုတ်ဖော်ပွဲ ပါဝင်မှုကြောင့် အရေးယူမှုများပြုလုပ်ထားကြောင်း ကိုဂျော်ဂွန်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုမြအေးက “ငြိမ်းချမ်းရေးနေ့မှာ တန်းစီဆန္ဒပြလို့ အရေးယူတာကို ကျွန် တော်က သဘောမတူဘူး၊ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ တန်းစီလှည့်လည် ဆန္ဒပြဖို့ တားမြစ်တဲ့ လူတွေရယ်၊ ဥပဒေရယ်ကိုပဲ အပြစ်တင်ချင်တယ်။ ဒီကိစ္စမှာနိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် ပြုလုပ် တာပါ။ ပြည်သူတွေမှာ အပြစ်မရှိပါဘူး”ဟု Venus News Weeklyသို့ ဖုန်းဖြင့်ပြောသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင်တန်းစီ ဆန္ဒထုတ်ဖော်ခြင်းသည်အစိုးရကို ဆန့်ကျင်သောအပြုအမူမဟုတ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒထုတ်ဖော်သောကြောင့်အရေးယူခြင်းသည် မပြုလုပ်သင့်ကြောင်း၊ တစ်ဖက်က ကြည့်ပါက အသွင်ကူးပြောင်းရေး ကာလတွင် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ယခု ကိစ္စကို ပျော့ပျော့ ပြောင်းပြောင်းလုပ်ဆောင်စေလိုကြောင်း ကိုမြအေးက သုံးသပ်သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင်ပြည်တွင်းစစ်များရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်တစ်မြို့လုံး အတိုင်းအတာ ဖြင့် ပြုလုပ်ခဲ့သည့်အပြင် နေပြည်တော်၊ မန္တလေး၊ ပျဉ်းမနား၊ တောင်ကြီး၊ မော်လမြိုင်မြို့များတွင် ပြုလုပ်ခဲ့ ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူများအပြင် ရဟန်းသံဃာများပါ ပါဝင်ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဦးမရန်ဂျော်ဂွန်းနှင့် ဒေါ်မေစံပယ်ဖြူတို့နှစ်ဦးအား ဒဂုံမြို့နယ်တရားရုံးက အောက်တိုဘာ ၁၀ရက်နေ့တွင် ရုံးချိန်း သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၃ ရက်နေ့တွင်ရုံးချိန်း သတ်မှတ်လိုက် ကြောင်း သိရသည်။

(Venus)

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကိုဒဂုံမြို့နယ်တရားရုံး က ကျပ် ၁၀ သိန်းတင်ကာ ကိုယ်ပိုင်ခံဝန်ကတိ ပြုလုပ်ခိုင်းကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်ထံမှ သိရ
သည်။ 

ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ

Photo: ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ

5 Oct 2012
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်း KIA အရာရှိ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

နှစ်ဖက်တိုက်ပွဲများရပ်နေချိန် အစိုးရတပ်အင်အားများသည် ဖားကန့်ဖက်သို့ မြစ်ကြီးနား-မိုးကောင်း၊ မိုးကောင်း-ကားမိုင်းလမ်းဖက်မှ တိုးချဲ့လာကာ အောက်တိုဘာလ ၄ ရက် ကြာသပတေးနေ့တွင် နမ့်ယာ (Nam Ya) ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာသည် ဖားကန့်ကျောက်စိမ်းမှော်ဒေသနှင့် (၁၀) မိုင်ကျော် အကွာအဝေးဖြစ်သည်။

ယခုချိန် ဖားကန့်တွင် တိုက်ပွဲများ ခဏရပ်စဲနေသော်လည်း မြန်မာအစိုးရတပ်များမှ စစ်အင်အားများ အင်တိုက်အားတိုက် ဖြည့်နေသောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာတဦးဆိုသည်။

“မြန်မာအစိုးရတပ်က မိုးကောင်း-ကားမိုင်း ကနေတက်လာတယ်။ နောက် သာမခန် ဘက်ကနေတက်လာပြီး ဖားကန့် ကျောက်စိမ်းမှော်ကို သူတို့လုံးဝထိန်းချုပ်နိုင်အောင်၊ သူတို့ကြိုက်သလိုလုပ်စားလို့ရအောင်၊ ကြိုက်သလိုတူးစားလို့ရအောင် ကြိုးပမ်းနေတယ်။”

မြန်မာအစိုးရတပ်သည် ဖားကန့်တပ်ရင်း (၆) ကိုတိုက်ရန် အသင့်ရှိနေပြီး ယခုအချိန် အင်အားတိုးချဲ့ ချထားသော အစိုးရတပ် တပ်ရင်းများ ၁၀ ကျော်သည် လူအင်အား ၆၀၀ ကျော်ဖြင့် မြစ်ကြီးနား-ဖားကန့်လမ်း၊ ဖားကန့်-သာမခန်လမ်းများဖြင့် ဆက်လက်တိုးချဲ့နေသောကြောင့် မကြာမီတိုက်ပွဲကြီးများဖြစ်လာ နိုင်ကြောင်း  တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Nhkum Zau Doi မှ ပြောသည်။

မြန်မာအစိုးရတပ်သည် KIA တပ်ရင်း ၆ ရှိသည့် ကျောက်စိမ်းကောင်းများစွာထွက်ရှိသည့် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) များကို သိမ်းပိုက်ရန်လည်း ကြိုးစားနေကြောင်း ဆက်ဆိုသည်။

မြန်မာအစိုးရတပ်သည် ကျောက်စိမ်းထွက်သော ဖားကန့်-မှော်ဝှမ်း-လောင်ခန်ပတ်ဝန်းကျင်တွင်လည်း အင်အား ၁၀၀ ကျော်ရှိပြီး၊ ဂွေခါဘက်တွင်တပ်လည်း အင်အား ၁၀၀ ကျော်ရှိကြောင်းသိရသည်။ အစိုးရတပ်များသည် ဖားကန့် မျောက်ဖြူတွင်လည်း မြေဇာပုံတွင်တပ်ချ ကျင်းတူးပြီး အသင့်ရှိနေကြောင်း အရာရှိများပြောသည်။

 (KNG)

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်
သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်းKIA
အရာရှိ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ပုံပြင်ထဲက သားရှေ့နေ (ဆရာမောင်ဝံသ ရဲ့-ပြောချင်လွန်းလို့)

မပြီးနိုင်တဲ့ စစ်ပွဲဆိုတာ မရှိ

လောကမှာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲသလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခနဲ့ အခြားအနည်းငယ်သော နိုင်ငံချင်းချင်း ပဋိပက္ခ တွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော် အမြင်ရှိရှိ သဘောထားကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာအကြောင်း မရှိပါ ဘူး။ သဘောထားကြီးရမယ် ဆိုရာမှာလည်း အာဏာကို ကိုင်တွယ်ထားတဲ့ နိုင်ငံတော် အစိုးရဘက်က ထားရှိရမယ့် သဘောထားပါ။

မြန်မာနိုင်ငံ အလယ်ပိုင်း ကုန်သွယ်မြို့တော် မုံရွာ၌ အိမ်မြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ

မြန်မာနိုင်ငံ အလယ်ပိုင်းစီးပွားရေးကုန်သွယ်မြို့တော်ဖြစ်သည့် မုံရွာအိမ်ခြံမြေဈေးကွက်မှာရပ်တန့်ခြင်းမရှိ
ပဲ ကျပ်သိန်းသောင်းချီရောက် ရှိနေကြောင်း အိမ်ခြံမြေအကျိုးတော် ဆောင်များထံက သိရှိရသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်၂ဦး ထုတ်ပယ်ခံရမှု ရှင်းလင်းမှုမရှိသေး

 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး
ကရင်အမျိုးသားအစည်းအရုံးKNUရဲ့လက်နက်ကိုင်တပ်ဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
KNLAရဲ့စစ်ဦးချုပ်ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးနဲ့KNUထိပ်ပိုင်းခေါင်းဆောင်၂ဦးကိုရာထူးက ဖယ်ရှားလိုက်
ကြာင်းဒီရက်ပိုင်းအတွင်းသတင်းတွေထွက်ပေါ်နေပေမဲ့တရားဝင်စာသို့မဟုတ် ကြေးနန်းမရရှိသေးကြောင်း
ဖားအံခရိုင် ဥကဌ ပဒိုစောအောင်မော်အေးက ပြောပါတယ်။

ပဋိပက္ခဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသော စစ်တွေမြို့မှ သဇင်ဆေး အမည်ပြောင်းဖွင့်လှစ်သွားမည်

 
ပဋိပက္ခဖြစ်စဉ်များကာလကပင်ပိတ်ထားခဲ့ရသော နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ ဆေးပေးခန်း
အားလာမည့်အပတ်စစ်တွေမြို့မိဇံရပ်ကွက်၌ဖွင့်လှစ်ထားရှိမည်ဟုအဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးကဆိုသည်။

Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း


ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေများကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။

အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

မွတ်ဆလင်အစွန်းရောက် တရားဟောဆရာ Abu Hamza al-Masri 
အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့ Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံက
နေ အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာ
နေ့မှာ ပယ်ချလိုက်ပြီး Abu Hamza နဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ အမေရိကန်ပြည်
ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး


“လိုလောင်” လို့ ဒေသခံတွေက အမည်ပေးထားတဲ့ ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ခရီးသွား လုပ်ငန်း
ဝင်ငွေတိုးဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့အခြင်းအရာများကိုဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့ငယ်လေးထံကိုယူဆောင်လာခဲ့ပါတယ်

 အခုတော့ အဲဒီ မိကျောင်းကြီးဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။

ရခိုင်မှာ ဒုက္ခသည်တိုးလာမှု ကုလသမဂ္ဂ စိုးရိမ်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်အပြီး၊ ၄လကြာမှာ  နိုင်ငံထဲမှာ နေရာရွှေ့ပြောင်းနေထိုင် ဒုက္ခေ ရာက်ေ နသူ အရေအတွက် ဟာ တိုးပွား လာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး UNHCR က စိုးရိမ်တ ကြီး ထုတ်ပြောလိုက်ပါတယ်။

ဂျပန်တက္ကသိုလ် ၅ ခု၏ ကွန်ပျူတာဆာဗာများ ထိုးဖောက်တိုက်ခိုက်ခံရ

tokyo university

ဂျပန်နိုင်ငံရှိ အထင်ကရတက္ကသိုလ်ကြီး ၅ ခု၏ ကွန်ပျူတာစနစ်များကို နိုင်ငံတကာဟက်ကာအုပ်စုက ပစ်
မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူသွားကြောင်း The Asahi Shimbun သတင်းက ပြောကြားသည်။

မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း


မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 

KBZ Bank ဥက္ကဌ ဦးအောင်ကိုဝင်း နှင့် AGD Bank ဥက္ကဌ ဦးတေဇ တို့ ဖမ်းဆီးခံရသည့် သတင်း မမှန်ကန်

(၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဦးအောင်ကိုဝင်း နှင့် ဦးတေဇ ဖမ်းဆီးခံရသည့် ကောလဟလသတင်းများကြောင့် ၄င်းတို့ပိုင်ဆိုင်သည့် ဘဏ်များမှ ငွေများအား ပြန်လည်ထုတ်ယူနေကြောင်း သိရှိရပါသည်။

ကံထူးရှင် ထီပေါက်ကြောင်း လိမ်လည်ပြောဆိုပြီး လုပ်စားနေသူများ ရှိနေသဖြင့် ပြည်သူများ သတိပြုရန်

 
နေရာဒေသအချို့တွင် ထီပေါက်သဖြင့် ဆုငွေရရှိမည်ဖြစ်၍ ကော်မရှင်ပေးရန်နှင့် ခရီးစရိတ်ပေးရန် ဖုန်းဖြင့် လိမ်လည် ဆက်သွယ်ပြီး လုပ်စားနေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါသည်။
ယခုတဖန် ၅-၁၀-၂၀၁၂ နေ့ နံနက် ၁၀ နာရီခန့်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှစ်ပတ်လည် အထူးကံစမ်းမဲ ရွေးချယ်ပွဲတွင် ထိုတယ်လီဖုန်း နံပါတ်မှာ ကံစမ်းမဲပေါက်သဖြင့် ပြန်လည် ဆက်သွယ် စေလိုကြောင်း၊သတင်းရှိပါသည်။
 

မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ အစည်းအဝေး ဒိုဟာတွင်ကျင်းပ

( Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)
မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ  လူသားခြင်းစာနာမှု အဖွဲ့အစည်းများ၏  ဒုတိယအကြိမ်အစည်းအဝေးကို မနေ့ကဒိုဟာတွင်ကျင်းပသည်။ ပြည်တွင်း ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းအပေါင်း ၃၀ကျော် တက်ရောက်သော ယင်းအစည်းအဝေးကို OICနှင့် Qatar Charityတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး  ပထမအကြိမ် အစည်းအဝေးကို ကွာလာလမ်ပူတွင် သြဂုတ်လက ကျင်းပခဲ့သည်။

အုပ်စုဖွဲ့ အနိုင်ကျင့်တိုက်ခိုက်မှုများအတွက်၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ထိရောက်စွာတားဆီးရန်လိုအပ်

 
စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရာမူးနဲ့ ကော့ဘဇားမြို့တွေမှာ ဆူပူအကြမ်းဖက်သူအများစုက လူနည်းစုဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်တဲ့လုပ်ရပ်တွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ရာပေါင်းများစွာပါတဲ့ လူအုပ်ကြီးဟာ ဘုန်းကြီးကျောင်းတွေ၊ သိမ်တွေနဲ့ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။