Pages

Saturday, October 6, 2012

ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကို ဒဂုံမြို့နယ်တရားရုံးက ကျပ် ၁၀ သိန်းတင်ကာ ခံဝန်ကတိပြုလုပ်ခိုင်း

Photo: ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကို ဒဂုံမြို့နယ်တရားရုံးက ကျပ် ၁၀ သိန်းတင်ကာ ခံဝန်ကတိပြုလုပ်ခိုင်း

ရန်ကုန်၊ အောက်တိုဘာ ၅။ 

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကို ဒဂုံမြို့နယ်တရားရုံးက ကျပ် ၁၀ သိန်းတင်ကာ ကိုယ်ပိုင်ခံဝန်ကတိ ပြုလုပ်ခိုင်းကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်ထံမှ သိရသည်။ 

“တရားရုံးက နောက်ဆုံးတော့ ကိုယ်ပိုင်အာမခံချက်လုပ်ခိုင်းတယ်။ ကျွန်တော်တို့က နိုင်ငံတော်ငြိမ်းချမ်းရေး အတွက် ပြည်သူတစ်ယောက်အနေနဲ့ တာဝန်အရဖြစ်စေ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ဖြစ်စေလူဦးရေ သန်း ၆၀ နဲ့ သက်ဆိုင်တဲ့အတွက် ဥပဒေဘောင်အတွင်းကပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့က ဥပဒေကိုလည်း လေး စားတယ်၊ လိုက်နာတဲ့အတွက် တရားရုံးမှာရင်ဆိုင်ဖို့ ရှောင်ထွက်သွားမှာမဟုတ်ပါဘူး၊ ရုံးတင်ဖို့ဘယ်အချိန်ပဲ ခေါ်ခေါ် ကျွန်တော် တို့က အဆင်သင့်ပါ”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှကိုဂျော်ဂွန်းက Venus News Weekly သို့ ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို စက်တင်ဘာ ၂၈ ရက်က ဒဂုံမြို့နယ် တရား ရုံးတွင် ရုံးတင်စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၀ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း၊ ခံဝန်ကတိချိုးဖောက်ပါက တင်ထားသည့် ကျပ်ဆယ်သိန်းဆုံးရှုံးမည်ဖြစ်ကြောင်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်အပြင် အခြားအဖွဲ့အစည်း များလည်း ဆန္ဒထုတ်ဖော်ပွဲ ပါဝင်မှုကြောင့် အရေးယူမှုများပြုလုပ်ထားကြောင်း ကိုဂျော်ဂွန်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုမြအေးက “ငြိမ်းချမ်းရေးနေ့မှာ တန်းစီဆန္ဒပြလို့ အရေးယူတာကို ကျွန် တော်က သဘောမတူဘူး၊ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ တန်းစီလှည့်လည် ဆန္ဒပြဖို့ တားမြစ်တဲ့ လူတွေရယ်၊ ဥပဒေရယ်ကိုပဲ အပြစ်တင်ချင်တယ်။ ဒီကိစ္စမှာနိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် ပြုလုပ် တာပါ။ ပြည်သူတွေမှာ အပြစ်မရှိပါဘူး”ဟု Venus News Weeklyသို့ ဖုန်းဖြင့်ပြောသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင်တန်းစီ ဆန္ဒထုတ်ဖော်ခြင်းသည်အစိုးရကို ဆန့်ကျင်သောအပြုအမူမဟုတ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒထုတ်ဖော်သောကြောင့်အရေးယူခြင်းသည် မပြုလုပ်သင့်ကြောင်း၊ တစ်ဖက်က ကြည့်ပါက အသွင်ကူးပြောင်းရေး ကာလတွင် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ယခု ကိစ္စကို ပျော့ပျော့ ပြောင်းပြောင်းလုပ်ဆောင်စေလိုကြောင်း ကိုမြအေးက သုံးသပ်သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင်ပြည်တွင်းစစ်များရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်တစ်မြို့လုံး အတိုင်းအတာ ဖြင့် ပြုလုပ်ခဲ့သည့်အပြင် နေပြည်တော်၊ မန္တလေး၊ ပျဉ်းမနား၊ တောင်ကြီး၊ မော်လမြိုင်မြို့များတွင် ပြုလုပ်ခဲ့ ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူများအပြင် ရဟန်းသံဃာများပါ ပါဝင်ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဦးမရန်ဂျော်ဂွန်းနှင့် ဒေါ်မေစံပယ်ဖြူတို့နှစ်ဦးအား ဒဂုံမြို့နယ်တရားရုံးက အောက်တိုဘာ ၁၀ရက်နေ့တွင် ရုံးချိန်း သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၃ ရက်နေ့တွင်ရုံးချိန်း သတ်မှတ်လိုက် ကြောင်း သိရသည်။

(Venus)

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကိုဒဂုံမြို့နယ်တရားရုံး က ကျပ် ၁၀ သိန်းတင်ကာ ကိုယ်ပိုင်ခံဝန်ကတိ ပြုလုပ်ခိုင်းကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်ထံမှ သိရ
သည်။ 
“တရားရုံးက နောက်ဆုံးတော့ ကိုယ်ပိုင်အာမခံချက်လုပ်ခိုင်းတယ်။ ကျွန်တော်တို့က နိုင်ငံတော်ငြိမ်းချမ်းရေး
အတွက် ပြည်သူတစ်ယောက်အနေနဲ့ တာဝန်အရဖြစ်စေ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ဖြစ်စေလူဦးရေ
သန်း ၆၀ နဲ့ သက်ဆိုင်တဲ့အတွက် ဥပဒေဘောင်အတွင်းကပါဝင်တဲ့သဘောပါ။

ကျွန်တော်တို့က ဥပဒေကိုလည်း လေး စားတယ်၊ လိုက်နာတဲ့အတွက်တရားရုံးမှာရင်ဆိုင်ဖို့ ရှောင်ထွက်သွား
မှာ မဟုတ်ပါဘူး၊ ရုံးတင်ဖို့ဘယ်အချိန်ပဲ ခေါ်ခေါ် ကျွန်တော် တို့က အဆင်သင့်ပါ”ဟုကချင်ငြိမ်းချမ်းရေးကွန်
ရက်မှကိုဂျော်ဂွန်းက Venus News Weekly သို့ ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို စက်တင်ဘာ ၂၈ ရက်က ဒဂုံမြို့နယ် တရား ရုံးတွင် ရုံးတင်စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၀ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း၊ ခံဝန်ကတိချိုး
ဖောက်ပါက တင်ထားသည့် ကျပ်ဆယ်သိန်းဆုံးရှုံးမည်ဖြစ်ကြောင်း၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက် အပြင် အခြားအဖွဲ့အစည်း များလည်း ဆန္ဒထုတ်ဖော်ပွဲ ပါဝင်မှုကြောင့် အရေးယူမှုများပြုလုပ် ထားကြောင်း ကို
ဂျော်ဂွန်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုမြအေးက “ငြိမ်းချမ်းရေးနေ့မှာ တန်းစီဆန္ဒပြလို့ အရေးယူတာကို ကျွန် တော်က သဘောမတူဘူး၊ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ တန်းစီလှည့်လည် ဆန္ဒပြဖို့ တားမြစ်တဲ့ လူတွေရယ်၊ ဥပဒေရယ်ကိုပဲ အပြစ်တင်ချင်တယ်။ ဒီကိစ္စမှာနိုင်ငံတွင်း ငြိမ်းချမ်းရေး အတွက် ပြုလုပ် တာပါ။ ပြည်သူတွေမှာ အပြစ်မရှိပါဘူး”ဟု Venus News Weeklyသို့ ဖုန်းဖြင့်ပြောသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင်တန်းစီ ဆန္ဒထုတ်ဖော်ခြင်းသည်အစိုးရကို ဆန့်ကျင်သောအပြုအမူ မဟုတ်
ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒထုတ်ဖော်သောကြောင့်အရေးယူခြင်းသည် မပြုလုပ် သင့်ကြောင်း၊ တစ်ဖက်က ကြည့်ပါက အသွင်ကူးပြောင်းရေး ကာလတွင် ယခုကဲ့သို့ မဖြစ် သင့်ကြောင်း၊ နိုင်ငံတော်အစိုးရ
အနေဖြင့် ယခု ကိစ္စကို ပျော့ပျော့ ပြောင်းပြောင်းလုပ်ဆောင်စေ လိုကြောင်း ကိုမြအေးက သုံးသပ်သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင်ပြည်တွင်းစစ်များရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်တစ်မြို့လုံး အတိုင်းအ
တာ ဖြင့် ပြုလုပ်ခဲ့သည့်အပြင် နေပြည်တော်၊ မန္တလေး၊ ပျဉ်းမနား၊ တောင်ကြီး၊ မော်လမြိုင်မြို့များတွင် ပြု
လုပ်ခဲ့ ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူများအပြင် ရဟန်းသံဃာများပါ ပါဝင်ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဦးမရန်ဂျော်ဂွန်းနှင့် ဒေါ်မေစံပယ်ဖြူတို့နှစ်ဦးအား ဒဂုံမြို့နယ်တရားရုံးက အောက်တိုဘာ ၁၀ရက်နေ့တွင် ရုံး
ချိန်း သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၃ ရက်နေ့တွင်ရုံးချိန်း သတ်မှတ်
လိုက် ကြောင်း သိရသည်။

Venus News:

0 comments:

Post a Comment