Pages

Saturday, October 6, 2012

ပဋိပက္ခဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသော စစ်တွေမြို့မှ သဇင်ဆေး အမည်ပြောင်းဖွင့်လှစ်သွားမည်

 
ပဋိပက္ခဖြစ်စဉ်များကာလကပင်ပိတ်ထားခဲ့ရသော နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ ဆေးပေးခန်း
အားလာမည့်အပတ်စစ်တွေမြို့မိဇံရပ်ကွက်၌ဖွင့်လှစ်ထားရှိမည်ဟုအဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးကဆိုသည်။
ပဋိပက္ခဖြစ်စဉ်များအတွင်းအဆိုပါအဖွဲ့အစည်းမှဝန်ထမ်းအချို့အရေးယူခံခဲ့ရပြီးစစ်တွေမြို့ဓညဝတီရပ်ကွက်
တွင် ဖွင့်လှစ်ထားသည့် သဇင်ဆေးပေးခန်းကိုလည်း ပိတ်ထားခဲ့ရသည်။
 
အရေးအခင်းကာလတွင်ဆေးဝါးထောက်ပံ့မှုများရပ်ဆိုင်းထားခဲ့ရပြီးARTဆေးဝါးသုံးစွဲနေရသူ အချို့လည်း
ဆေးဝါးပြတ်လပ်မှု များနှင့်ကြုံတွေ့ခဲ့ရမှုများလည်းရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
 
''ဆေးခန်းဖွင့်ဖို့အတွက်ပြည်သူတွေရဲ့သဘောထားတွေကိုကောက်ခံထားပါပြီ၊၊ မကြာမီဆေး ပေးခန်းကိုဖွင့်
တော့မှာပါ''ဟု MSFက တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ထို့အပြင် ဆေးခန်းနာမည်ကိုလည် သဇင်နာမည်အစား သီးသန့်နာမည်တစ်ခုဖြင့်ဖွင့်မည်ဟုသိရသည်။
 
 
မြစ်မခသတင်း

0 comments:

Post a Comment