Tuesday, July 7, 2015
7 July အထိမ်းအမှတ် သမဂ္ဂမြက်ခင်းပြင်ရှေ့တွင်ပြုလုပ်
၅၃ နှစ်မြောက် 7July နေ့ အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ လွမ်းသူပန်းခွေချခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလေးပြုခြင်းများကို ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ သမဂ္ဂမြက်ခင်းပြင်အရှေ့ဘက်တွင် ဇူလိုင်လ ၇ ရက် နံနက် ၈ နာရီက ကျောင်းသား ၂၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးပညာရေး သပိတ်မှောက် ကျောင်းသား ၁၀ ဦး အာမခံဖြင့် ပြန်လွှတ်ပေးမည်
RangonNewsDaily:: July . 7 .2015
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၇၀ ကျော်အနက်မှ ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံပြည်သူ ၁ ဦးကို သာယာဝတီခရိုင် တရားရုံးက ယနေ့ နံနက် အာမခံပေးလိုက်ပြီး ဇူလိုင် ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကုမ္ပဏီရုံးခန်းရှိ မီးခံသေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာငွေများ ခိုးယူသူ ၀န်ထမ်း(၂)ဦးအား ဖမ်းဆီးအရေးယူ
RangonNewsDaily:: July . 7 .2015
၂၉.၆.၂၀၁၅ ရက်နေ့ ၀၇၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်နေ ဦးကျော်မြင့် သည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏ပြည်တွင်းပြည်ပ၀န်ဆောင်မှုကုမ္ပဏီမှ ၀န်ထမ်းဖြစ်သူ ရဲနိုင်နှင့် ငြိမ်းချမ်းအောင်တို့(၂)ဦး ရောက်ရှိလာပြီး (၅၄)လမ်းတွင်ဖွင့်လှစ်ထားသော ရုံးခန်းအား သန့်ရှင်းရေးပြုလုပ်မည် ဟုပြောဆိုကာ သော့တောင်းသဖြင့်ပေးအပ်လိုက်ကြောင်း၊
Subscribe to:
Posts (Atom)