Pages

Tuesday, July 7, 2015

"ကော့ကရိတ် စာသင်ကျောင်းနဲ့ ကျောင်းနောက်ဖက်တို့မှာ လက်နက်ကြီး ကျ"


RangonNewsDaily:: July . 7 .2015
ယနေ့ နံနက် ၇နာရီ ၂၀မိနစ်ခန့်က ကော့ကရိတ်မြို့ ချောင်းသောင်ရပ်ကွက်ရှိ အထက(ချောင်းသောင်) စာသင်ကျောင်းဆောင်ပေါ်သို့ လက်နက်ကြီးတစ်လုံး၊ ထိုကျောင်းဆောင်နောက်ရှိ အိမ်ရှေ့သို့ လက်နက်ကြီးတစ်လုံး ကျခဲ့ကြောင်း သတင်းရရှိသည်။
ကျောင်းဝင်းအတွင်းရှိ မူလတန်းဆောင်ပေါ် ကျခြင်းဖြစ်ပြီး အမိုး တစ်ပေပတ်လည်ခန့် ပွင့်ထွက်သွားကာ မျက်နှာကျက်လည်း ပျက်စီးသွားခဲ့သည်။ တိုက်ပွဲကြောင့် ဇူလိုင် ၆ ရက် ကပင် 
နေ့တစ်ဝက်သာ စာသင်ပြီး ကျောင်းပိတ်ထားလိုက်သောကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။
::
နောက်တစ်လုံးကျခဲ့သည့် နေရာအနီးမှ အိမ်တွင် မိသားစုဝင်လေးဦး နေထိုင်ပြီး ထိခိုက်မှု မရှိခဲ့ပေ။ နှစ်လုံးစလုံး ၄၀ ဗုံးသီးလောင်ချာ အမျိုးအစားဖြစ်ပြီး မည်သည့်ဘက်က ပစ်ခတ်သည်ကို မသိရသေးကြောင်း ဒေသခံများကပြောသည်။
ဓာတ်ပုံ - မော
င်ကျော် (ကော့ကရိတ်)
7Day ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment