Pages

Tuesday, July 7, 2015

အမျိုးပညာရေး သပိတ်မှောက် ကျောင်းသား ၁၀ ဦး အာမခံဖြင့် ပြန်လွှတ်ပေးမည်


RangonNewsDaily:: July . 7 .2015
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၇၀ ကျော်အနက်မှ ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံပြည်သူ ၁ ဦးကို သာယာဝတီခရိုင် တရားရုံးက ယနေ့ နံနက် အာမခံပေးလိုက်ပြီး ဇူလိုင် ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“အာမခံလျှောက်ထားတဲ့သူ ၁ ဦးချင်းစီကို အာမခံပေးမယ့်သူ ၂ ဦး က သိန်း ၅၀ ကျပ်တန်ဖိုးရှိ ပိုင်ဆိုင်မှုထောက်ခံစာ၊ မှတ်ပုံတင်တွေနဲ့ ဇူလိုင် ၁၄ ရက်နေ့ ရုံးချိန်းရောက်ရင် မြို့နယ်တရားရုံးမှာ ပြပြီး အာမခံပေးမယ်။ မြို့နယ်မှာ အာမခံတင် တုန်းကတော့ အကြောင်းကြောင်းတွေကြောင့်ပယ်ချခံခဲ့ရပေမယ့် ခရိုင်တရားရုံးမှာတော့ အာမခံရပြီ”ဟု အာမခံရသည့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဒဿနိကဗေဒ အဝေးသင်ကျောင်းသား ရဲဝင့်အောင်(ခ)ရွှေကြယ်မိုး၏ ဖခင် ဦးစံထွန်းက ဧရာဝတီသို့ပြောသည်။
::
သာယာဝတီခရိုင်တရားရုံးတွင် အာမခံလျှောက်ထားခဲ့သူ ကျောင်းသားနှင့်ဝန်းရံပြည်သူ ၁၆ ဦး မှ အဝေးသင် ကျောင်းသားများဖြစ်သည့် ရဲဝင့်အောင်(ခ) ရွှေကြယ်မိုး၊ ရဲဝင့်အောင်( ပြည်တက္ကသိုလ်)၊ သက်ပိုင်ထွန်း၊ တင်ကိုဦး၊ သန်းဆွေနှင့် ဝန်းရံပြည်သူ ဒေါ်သန်းအေး အပါအဝင် စုစုပေါင်း ၁၁ ဦးကို သာယာဝတီခရိုင်တရားရုံး မှ အာမခံ ပေးလိုက်ခြင်း ဖြစ်သည်။
အာမခံမရသူ ကျောင်းသား ၄ ဦးမှာ တရားရုံးသို့ တင်ပြလာသည့် အထောက်အထားများ မခိုင်လုံသည့် အတွက်ဖြစ် ကြောင်း၊ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရသည့် ဝန်းရံပြည်သူ ကိုတင်ဝင်းအတွက် အာမခံ လျှောက်ထားခဲ့သော်လည်း တရားလိုကို စစ်ဆေးမှုမပြီးဆုံးသေးသည့်အတွက်ဟုဆိုကာ အာမခံပယ်ချခံရကြောင်း သိရှိရသည်။
::
“အထောက်အထားမခိုင်လုံလို့ ပယ်ချခံရတဲ့ အဝေးသင်ကျောင်းသား တွေကိုတော့ မြို့နယ်တရားရုံးကတဆင့် အထောက် အထားအပြည့်အစုံနဲ့ ပြန်တင်ပြခွင့် ပြုလိုက်တယ်”ဟု ဦးစံထွန်းက ရှင်းပြသည်။
ဇွန် ၂ ရက်နေ့က သာယာဝတီမြို့နယ်တရားရုံးတွင် ဖမ်းဆီးခံထားရသူ ၁၆ ဦး က အာမခံလျှောက်ထားခဲ့သော်လည်း အထောက်အထား ခိုင်လုံမှုမရှိခြင်း၊ တရားလိုကို စစ်ဆေးမှု မပြီးစီးသေးခြင်းနှင့် အမှုမှန်မပေါ်ပေါက်သေးခြင်း ဟူသော အကြောင်းပြချက်များဖြင့် အာမခံပယ်ချခံခဲ့ရကြောင်း၊ ထို့ကြာင့် ကျောင်းသားမိဘများက ခရိုင်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ အာမခံရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
::
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် သာယာတီ ထောင်အတွင်း ဖမ်းဆီးခံထားရသည့် ဆန္ဒပြ ကျောင်းသားနှင့် ၀န်းရံပြည်သူ စုစုပေါင်း ၇၀ ကျော်ကို အစိုးရ က လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေး ပြီး နောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင် စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားသည်။
-
လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ၀န်းရံသူများ မတ်လ ၂၅ ရက် ရုံးထုတ် သည့် လက်ပံတန်း တရားရုံးမြင်ကွင်း။ 

(ဓာတ်ပုံ – ဂျေပိုင် /ဧရာဝတီ)::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment