ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်မည်ဖြစ်သောကြောင့် ကျေးရွာအချို့အား ပြောင်းရွှေ့မှုများ ပြုလုပ်ရန်စီစဉ်နေ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မည်ဖြစ်သောကြောင့် လောင်းလုံမြို့နယ် ရင်းဘုတ်ကျေးရွာအား ပြောင်းရွှေ့မှုများ ပြုလုပ်ရန်စီစဉ်နေကြောင်း လောင်းလုံမြို့နယ်အတွင်းရှိ ဒေသခံများထံမှ သိရှိရသည်။