Pages

Wednesday, June 27, 2012

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် ဘင်္ဂလီလုပ်သားရှားပါးမှုနှင့်ရင် ဆိုင်နေရ

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် ဘင်္ဂလီလုပ်သားရှားပါးမှုနှင့်ရင် ဆိုင်နေရ


ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ပြဿနာဖြစ်ပွား၍ အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် အခြေအနေတည်ငြိမ်လာပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် အလုပ်သမားအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံ လယ်သမားများထံမှ သိရှိရသည်။ ယခင်က စိုက်ပျိုးရေး လုပ်ငန်းများတွင် ဘင်္ဂလီများအား ခိုင်းစေ၍လုပ်ကိုင်ခဲ့သောကြောင့်
 လက်ရှိ အချိန်တွင် ဘင်္ဂါလီအလုပ်သမားများ မရှိတော့ခြင်းကြောင့်ဖြစ်ကြောင်း ၊ သိရှိရသည်။



 “အရင်ကဆိုရင် ဘင်္ဂါလီတွေကို ငှားတယ်။ အခုသူတို့ကိုခေါ်ခိုင်းလို့ မရတော့ဘူး။ ကျွန်တော်တို့ ရခိုင်သား တွေနဲ့ပဲ လုပ်ကိုင်နေရတော့ မထွင်ကျယ်ဘူး။ တချို့တွေကျတော့လည်း ကိုယ့်လယ်ပဲ ကိုယ်စိုက်ကျတော့အလုပ်သမားမရှိတော့ဘူး ဖြစ်သွားတာပေါ့။”ဟု စစ်တွေမြို့နယ်အောင်ဒိုင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။ 
စစ်တွေမြို့နယ်ပလေချောင်း၊ အောင်ဒိုင်အစရှိသည့် ကျေးရွာများတွင်လယ်စိုက်ဧက ထောင်ဂဏန်းဝန်းကျင် ရှိကြောင်း အဆိုပါကျေးရွာများသည်ဘင်္ဂလီများနေထိုင်သည့် ရွာများနှင့်နီး၍ လယ်စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။


“ဒီမှာက ဆန်ကိုတော့ အဓိကထားပြီးတော့ စိုက်တယ်။ စိုက်ပျိုးဖို့စရိတ်ကလည်းနောက်ရက် အနည်းငယ်မှ ရမယ် ဆိုတဲ့အတွက်ကြောင့် ခုလောလောဆယ်မစိုက်ဖြစ်သေးဘူး။ စပါးဈေးက ကောင်းတယ်လို့ကို မရှိဘူး။
ဘယ်စပါးပဲဖြစ်ဖြစ် တစ်သိန်းခွဲ နှစ်သိန်းထက်ကို ပိုမရဘူး။”ဟုစစ်တွေမြို့နယ်မှ တောင်သူတစ်ဦး စပါးဈေးနှင့် ပတ်သက်၍ ၄င်း၏အမြင်ကို ပြောပြသည်။

ပလေချောင်း၊ အောင်ဒိုင်အစရှိသည့် ကျေးရွာများနှင့်ဆယ်မိုင်ခန့်ကာဝေးသည့်ဗျိုင်းဖြူရွာတွင်လည်း စပါး သစ်စိုက်ပျိုးရန်အတွက် အခက်အခဲရှိကြောင်းလယ်ဧက(၂၀)ပိုင်ရှင် ဦးအေးသာကဆိုသည်။ “ကျွန်တော်လယ်ဧက(၂၀)ကို အရင်ကတော့ ဘင်္ဂလီ(၄)ယောက်
ကိုခိုင်းတယ်၊ အခုခိုင်းဖို့လူမရှိလို့ စပါး စိုက်ဖို့အခက်အခဲရှိနေတယ်၊ အရင်ကဒီအချိန်ဆိုရင် ပျိုးကျဲပြီးပြီ”ဟု ဗျိုင်းဖြူရွာမှ ဦးအေးသာက ပြောသည်။


လယ်ဧက(၂၀)အား ဘင်္ဂလီလူမျိုး(၄)ဦးနှင့် စပါးစိုက်ပါကရက်ပေါင်း(၄၅)ကျော်အတွက် ဘင်္ဂလီတစ်ဦးလျှင် စားစရိတ်အပြီးကျပ်(၈၀၀၀၀)နှုန်းပေးရကြောင်းနှင့် နေ့စားဆိုပါက တစ်နေ့လျှင်ကျပ်(၅၀၀)နှုန်းနှင့် ဆန်နို့ ဆီဗူး(၆)လုံး ပေးရကြောင်း
 ရခိုင်ပြည်နယ်မှတောင်သူများထံက သိရှိရသည်။

စပါးတစ်တင်းလျင် ကျပ်နှစ်သိန်းအထက် ပိုမရသောကြောင့်စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် မ၀ံ့မရဲနှင့်သာစိုက်
ရမည်ဖြစ်ကြောင်းကိုလည်း တောင်သူများက ဆိုသည်။


 “စပါးတော့ မစိုက်ရသေးဘူး။ ဒါပေမယ့် ပြန်စိုက်ဖို့ လယ်ထွန်တာတွေဘာတွေတော့ လုပ်ဖို့ပြင်နေတာတွေ ရှိပါတယ်။ ဒီနယ်တစ်ခုလုံးမှာ
စိုက်ဧကဘယ်လောက်ရှိသလဲဆိုတာတော့ ကျွန်တော်မသိဘူး။”ဟု စပါးစိုက်တောင်သူတစ်ဦးဖြစ်ပြီးမင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး
တာဝန်ထမ်းဆောင်နေသည့် ဦးအေးစိန်မောင်ကပြောသည်။ လက်ရှိ ရာသီဥတုအနေအထားအရ ရခိုင်ပြည်နယ်တွင် စပါးစိုက်ရန်အချိန်
ကျရောက်နေပြီဖြစ်ကြောင်းနှင့် ဒေသတ၀ိုက်တွင် ဆန်ကို အဓိကထားစိုက်ကာတခြား ငရုတ်၊ ပြောင်းအစရှိသည်များကိုလည်း စိုက်ပျိုးလျက် ရှိကြောင်းသိရှိရသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment

 
world time