Pages

Wednesday, June 27, 2012

တာမွေမြို့နယ် အသောကဈေးအနီး နံနက်ပိုင်း လူစည်ကားချိန်တွင် ရွှေဆွဲကြိုး လိမ်လည်ရယူသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား

 တာမွေမြို့နယ် အသောကဈေးအနီး နံနက်ပိုင်း လူစည်ကားချိန်တွင် ရွှေဆွဲကြိုး လိမ်လည်ရယူသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အသောကဈေးအနီး နံနက်ပိုင်း လူစည်ကားချိန်တွင် ရွှေဆွဲကြိုး လိမ်လည်ရယူသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန် ဒေါ်........(၆၃ နှစ်) မှီခို  သြဘာလမ်း ကျောက်မြောင်းရပ်ကွက် တာမွေမြို့ နယ်နေသူသည် နေအိမ်ခြံဝင်းအတွင်းရှိ အုန်းပင်မှ အုန်းသီးခူးမည့်သူအား သွားရောက်ခေါ်ဆောင်စဉ် မလွှကုန်းဌေးကြွယ် (က)ရပ်ကွက် သတိပဌာန်လမ်း  အသောကဈေးရှေ့ ငါးပုဇွန်ရောင်းသည့် ဈေးတန်းသို့ အရောက်တွင် အမည်မသိအသက်(၃၀ နှစ်) ခန့် အမျိုးသားတစ်ဦးမှ ''ကျွန်တော်ကို မမှတ်မိဘူးလားဟု ပြောဆိုနှုတ်ဆက်ကာ အမေ ဟိုဘက်လမ်းထိပ်မှာ ပစ္စည်းတွေ ပေးနေတယ်။ 

တိုကင်ယူရမယ်၊ အဲဒီပစ္စည်းတွေက လူတိုင်းမရဘူး။ အမေကျွန်တော်နဲ့ အသိဖြစ်တဲ့အတွက် ရအောင်လုပ်ပေးမယ်''ဟု ပြောကာ အသောကလမ်းဘက်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ယင်းလမ်းထိပ်အရောက် နောက်ထပ်အမျိုးသားတစ်ဦး အသက်(၅၀နှစ်) ခန့်နှင့် ထပ်မံတွေ့ဆုံကာ ၎င်းမှလည်း တုံကင် ယူပေးမည်ဖြစ်ပြီး တုံကင်ဝေမယ့်သူတွေ မမြင်အောင် အစ်မဆွဲထားသော ဆွဲကြိုးနှစ်ကုံး၊ 

အလေးချိန် သုံးကျပ်သား တန်ဘိုးသိန်းနှစ်ဆယ်ခန့်အား ဖြုတ်ကာ ၎င်းတို့တွင် ပါလာသော စာအိတ်ထဲထည့်ရန် ပြောဆိုခဲ့ကြောင်း၊ ဒေါ် .........မှလည်း ဆွဲကြိုးအား စာ အိတ်တွင်းသို့ထည့်ပြီး အဆိုပါစာအိတ်အား ပိုက်ဆံအိတ်အတွင်း ထည့်သိမ်းပြီး နောက်တုံကင်သွားယူသည့် ထိုသူနှစ်ဦးအား စောင့်ခဲ့ရာ အချိန်ကြာသွားသဖြင့် အိမ်သို့ပြန်ခဲ့ပြီးနောက် ဆွဲကြိုးထည့်ပေးထားသော စာအိတ်အား ဖွင့်ကြည့်ရာ ခဲလုံးများဖြစ်နေ၍ လိမ်လည် သူတို့အား အရေးယူပေးရန် တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားခံဖမ်းမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group:

0 comments:

Post a Comment