Pages

Wednesday, July 11, 2012

ယနေ့နေ့လည်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် သံအမတ် ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန် ထံပေးအပ်


Photo: မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရန်ကုန်ရောက်ပြီ
2012-07-11

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သံအမတ်ကြီး မစ္စတာ Mitchell ဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ဖို့အတွက် နေပြည်တော်ကို ခရီးရောက်မဆိုက် သွားရောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရသူဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ သံအမတ် ခန့်အပ်လွှာ ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ အကြား သံတမန် ဆက်ဆံရေး တဆင့်နှိမ့်ချခဲ့ပြီး မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ထားတာ မရှိခဲ့ပဲ ယာယီ သံရုံးတာဝန်ခံ အဆင့်ပဲ ထားရှိခဲ့တာပါ။

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန်အစိုးရက ခုလို သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိတာ ဖြစ်ပါတယ်။

ခုလို မစ္စတာ  ဒဲရက် မစ်ချယ်ကို ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ သူဟာ မြန်မာပြည်အကြောင်း တော်တော် သိထားတဲ့အတွက် လက်ခံနိုင်လောက်ပါတယ် လို့ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲက ပြည်သူ့လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Derek Mitchell ဟာ သံအမတ်အဖြစ် တာဝန်ပေးအပ်ခြင်း မခံရခင်က အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၂၀၁၁ ခုနှစ်ကနေ စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ အာရှပစ္စဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ပါတယ်။ သူဟာ ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေးဌာန CSIS ရဲ့ ညွှန်ကြားရေးမှူးအဖြစ်လည်း ၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။


(Photo:Myanmar President Office website- 
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ Derek Mitchell က ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နေစဉ်။)
(Photo:Myanmar President Office website- 
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ Derek Mitchell က ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နေစဉ်။)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူပြီး ACE ကုမ္ပဏီကို မနေ့က လွှဲပေး


Photo: ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူလိုက်ပြီး အဲဒီနေရာမှာ (၈) ထပ် ကွန်ဒိုတိုက် တည်ဆောက်ဖို့ ACE ကုမ္ပဏီကို မနေ့က လွှဲပြောင်း ပေးလိုက်ပါတယ်။

ခရိုင်အဆင့် ကျန်းမာရေးဆေးခန်း ဖြစ်တဲ့ အဲဒီဆေးခန်းမှာ တီဘီ၊ HIV- AIDS ဝေဒနာရှင် တရာကျော်နဲ့ ပြင်ပလူနာ ၂ ရာလောက်ကို နေ့စဉ် ဆေးဝါး
ကုသ ပေးနေတာပါ။

လက်ရှိ ဆေးခန်း မြေနေရာ ဟာ ဧက တမတ် ကျယ်ဝန်းပြီး ဝန်ထမ်း ၄၅ ဦးအတွက် ဝန်ထမ်း အိမ်ယာတွေလည်း ရှိနေပါတယ်။

ကွန်ဒို ဆောက်လုပ်ပြီးရင် ဆေးခန်းအတွက် တိုက်ခန်း (၁) ခန်းသာ
ပြန်ပေးမှာ ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူ တွေက ခေါ်ယူ ပြောခဲ့တဲ့
အတွက် ကျန်းမာရေးဌာန ဝန်ထမ်းတွေက ကွန်ဒိုဆောက်လုပ်မှုကို ကန့်ကွက်ခဲ့ ပါတယ်။

ကျန်းမာရေးဌာနရဲ့ ကန့်ကွက်ချက်ကို ရန်ကုန် စည်ပင်သာယာရေး
ကော်မတီက လက်မခံဘဲ ပယ်ချခဲ့သလို ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတွေ
ရဲ့ စားဝတ်နေရေးနဲ့ ဆေးခန်းပုံမှန် လည်ပတ်ရေးတွေ အတွက် ဘာမှ အာမ,ခံချက် မပေးခဲ့ဘူးလို့လည်း ကြည့်မြင်တိုင် ဒေသန္တရ ဆေးခန်း ဝန်ထမ်းတွေက ပြောပါတယ်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ ဒေသန္တရ ကျန်းမာရေး ဆေးခန်းကို စည်ပင်သာယာ က သိမ်းယူလိုက်ပြီး အဲဒီနေရာမှာ (၈) 

ထပ် ကွန်ဒိုတိုက် တည်ဆောက်ဖို့ ACE ကုမ္ပဏီကို မနေ့က လွှဲပြောင်း ပေးလိုက်ပါတယ်။

မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန် ခေါ်သွားပြီ


မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန်  ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ သိရသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အကို လီဆန်ဒတ်ခ်အား ယနေ့ နံနက်အစောပိုင်းက သက်ဆိုင်ရာက ဖမ်းဆီး

Photo: Breaking News:
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အကိုဖြစ်သူ လီဆန်ဒတ်ခ်အား ယနေ့ နံနက်အစောပိုင်းက သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ လီဆန်ဒတ်ခ်မှာ အကျင့်ပျက်ခြစားမှု စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
၎င်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Solomon Savings နှင့် Mirae Savings ဘဏ်နှစ်ခု၏ ဥက္ကဋ္ဌများထံမှ ဝမ်ငွေ သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၅၂၅,၀၀၀) ကို တရားမဝင်ရယူခဲ့ကြောင်း သိရသည်။
အဆိုပါဘဏ်နှစ်ခုမှာ ၎င်းတို့၏ ဥပဒေချိုးဖောက်မှုများကို သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးခြင်းနှင့် ပြစ်ဒဏ်ချမှတ်မှုကို ရှောင်လွှဲနိုင်ရန် လီဆန်ဒတ်ခ်က ကူညီပေးခဲ့သဖြင့် ဝမ်ငွေ သန်း ၆၀၀ ပေးခဲ့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။
 
Breaking News:

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အကိုဖြစ်သူ လီဆန်ဒတ်ခ်အား ယနေ့ နံနက်အစောပိုင်းက သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ လီဆန်ဒတ်ခ်မှာ အကျင့်ပျက်ခြစားမှု စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာတင်ဒါ ခေါ်ယူရာတွင် လိုအပ်ချက်များထုတ်ပြန်

Photo: မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာတင်ဒါ ခေါ်ယူရာတွင် လိုအပ်သည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ အတွေ့အကြုံနှင့် အကြံဥာဏ်များ ရယူဆောင်ရွက်ရန်အတွက် Telecommunications Tender Consultant အဖြစ် ဆောင်ရွက်ပေးနိုင်မည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအား အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အသိပေးကြေညာချက် အပြည့်အစုံကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။

 
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာတင်ဒါ ခေါ်ယူရာတွင် လိုအပ်သည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ အတွေ့အကြုံနှင့် အကြံဥာဏ်များ ရယူဆောင်ရွက်ရန်
အတွက် Telecommunications Tender Consultant အဖြစ် ဆောင်ရွက်ပေးနိုင်မည့် ကုမ္ပဏီ၊ အဖွဲ့အစည်း
များအား အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ရောက်ရှိ ကြောင်း အမေရိကန် သံရုံး မြန်မာနိုင်ငံမှ ကြေညာချက်ထုတ်ပြန်

Photo: မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ရောက်ရှိ ကြောင်း အမေရိကန် သံရုံး မြန်မာနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ရောက်ရှိ ကြောင်း အမေရိကန် သံရုံး မြန်မာနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
 
Ref: Yangon Media Group:

ဇူလိုင် ၁၆ ရက်နေ့မှ စတင်၍ လွှတ်တော်တွင်း သတင်းရယူသည့် သတင်းမီဒီယာများ ယခင် ကဒ်စနစ်အစား လက်ဗွေနှိပ် (Finger Print) စနစ်ကျင့်သုံးမည်

ယခုကျင်းပပြုလုပ်လျက်ရှိသည့် ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ သတင်းရယူနေသည့် သတင်းသမားများသည် လာမည့် ဇူလိုင် ၁၆ ရက်နေ့မှ စတင်၍ လွှတ်တော်တွင်း အ၀င်အထွက်အား လက်ဗွေနှိပ် စနစ်(Finger Print) ဖြင့် စစ်ဆေးသွား မည်ဖြစ် ကြောင်းသိရသည်။

ဒေါ်လာဈေးအမြင့်ဘက်ရောက်ချိန် အောက်ကားဈေးကွက်ပြန်လည်လှုပ်ခတ်

နိုင်ငံခြားငွေလဲလှယ်နူန်းမြင့်တက်လာခြင်းနှင့်အတူ (၅)လတာ အရောင်းအ၀ယ်ငြိမ်သက်ခဲ့သည့် ကားဈေးကွက်မှာ ပြန်လည် လှုပ်ခတ် လာကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူများထံက သိရှိရသည်။

မောင်တောအထိ အရောက်သွားမည့် (၈၈)မျိုးဆက်ကူညီထောက်ပံ့ရေးခရီးစဉ်

(၈၈)မျိုးဆက်ကျောင်းသားစုစည်းမှုဖြင့် ရခိုင်ပြည်နယ်မှဒုက္ခသည်ပြည်သူများအား ဒုတိယအကြိမ်မြောက် သွားရောက် ကူညီထောက်ပံ့ရန် ဇူလိုင်လ(၁၀)ရက်နေ့တွင် (၈၈)မျိုးဆက်ကျောင်းသားအချို့ရန်ကုန်မြို့မှ ထွက်ခွာသွားပြီဖြစ်သည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) မှ High commissioner MR Antonio Guterres ၊ Director Mr Kasidis Rochanakom တို့ နှင့်တွေ့ဆုံ

Photo: ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) မှ  High commissioner  MR Antonio Guterres ၊ 
Director  Mr Kasidis Rochanakom  တို့ နှင့်တွေ့ဆုံခဲ့ပြီး 
ဒုက္ခသည် အရေးကိစ္စများအပေါ်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) မှ High commissioner MR Antonio Guterres ၊
Director Mr Kasidis Rochanakom တို့ နှင့်တွေ့ဆုံခဲ့ပြီး ဒုက္ခသည် အရေးကိစ္စများအပေါ်တွင် ဆွေးနွေး
ခဲ့ကြကြောင်း သိရသည်။

ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ခန်းမ၌ ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဌမနေ့ကို ကျင်းပ

ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ခန်းမ၌ ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဌမနေ့ကို ကျင်းပရာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၀၉) ဦးတို့ တက်ရောက်ကြသည်။

ဒုသမ္မတ နေရာ ဦးမြင့်ဆွေကို ဘာကြောင့် ရွေးတာလဲ


ဦးတင်အောင် မြင့်ဦး ကျန်းမာရေး အကြောင်းပြပြီး ဒုသမ္မတ ရာထူးက နေ အနားယူ
လောလောဆယ် လစ်လပ် နေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ ဒုတိယ သမ္မတ ရာထူး နေရာမှာ တစ်ပြေး နေသူ အတော် များများ ထဲက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က လျာထား တယ်လို့ သိရပါတယ်။

အာဇာနည် ဗိမာန်အား ပြန်လည် မွမ်းမံလို

အာဇာနည် ဗိမာန် ဒီဇိုင်း ဘေးတိုက်နှင့် နောက်ကျော ဘက် မြင်ကွင်း ပုံစံကို တွေ့ရစဉ်

အာဇာနည် ဗိမာန်တည်ဆောက် ခဲ့သောဗိသုကာအဖွဲ့မှဝမ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန်ဗိမာန် အား ပြန်လည်  မွမ်းမံလိုကြောင်း သိရသည်။သို့ဖြစ်၍ အာဇာနည်ဗိမာန်နှင့် ပက်သက်၍  တည်ဆောက်ခဲ့သူ  ဗိသုကာဦး ဆန်းဦး  နှင့်အဖွဲ့မှ ရှင်းလင်း
 ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်များ အဆင်မြှင့်၍ ပြန်ဖွင့်မည်



ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များကို အဆင့်မြှင့်၍ အင်ဂျင်နီယာဘွဲ့(B.E) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနှင့် ၈၈မျိုးဆက်ကျောင်းသားများ စစ်တွေသို့ရောက်ရှိ


Photo: မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့ ၈၈ အဖွဲ့တို့ စစ်တွေမြို့ရောက်ရှိ
2012-07-10

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့အတွက် တပည့် သံဃာတော် (၃) ပါးနဲ့အတူ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

ဆရာတော်ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကို အားပေးစကားပြောဖို့နဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သွားရောက် လှူဒါန်းသွားဖို့ရှိပြီး ပဋိပက္ခအတွင်း သေဆုံးသွားခဲ့ကြတဲ့ သူတွေကို ရည်စူးပြီးတော့ ရေစက်ချ အမျှဝေကာ အလှူအတန်းတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ RFA ကို မိန့်ကြားပါတယ်။

ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးလျှက် ရှိနေပြီး ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ် ကြာမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဦးကိုကိုကြီး (စမ်းချောင်း)၊ ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမြို့ကို မနေ့က နေ့လည်ပိုင်းမှာ ရောက်ရှိသွားပြီး ဒီနေ့ မနက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စစ်တွေမြို့ကို ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်မှာ ဖြစ်တဲ့အတွက် အစီအစဉ်တွေ ကြိုတင်ရေးဆွဲဖို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့က စစ်တွေမြို့ကို ဦးစွာရောက်ရှိနေတာ ဖြစ်ပါတယ်။

(Photo: RFA - ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနှင့် သံဃာတော်များ မန္တလေး မဟာမြတ်မုနိဘုရား၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်။)
(Photo: RFA - ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနှင့် သံဃာတော်များ မန္တလေး မဟာမြတ်မုနိဘုရား၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်။)
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့အတွက် တပည့် သံဃာတော် (၃) ပါးနဲ့အတူ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

အာဇာနည်ဗိမာန် ဒီဇိုင်းရေးဆွဲသူ၏ အိုင်ဒီယာနှင့် လက်တွေ့ တည်ဆောက်ခဲ့သည့် ဒီဇိုင်း ကွာခြားမှုရှိဟုဆို


အာဇာနည် ဗိမာန်ဒီဇိုင်း ရှေ့မျက်နှာစာ ပုံစံကို တွေ့ရစဉ်


အာဇာနည်ဗိမာန် တည်ဆောက်ရန်နိုင်ရန် ဒီဇိုင်းရေးဆွဲပေးခဲ့ မှုနှင့် လက်တွေ့တည်ဆောက်ခဲ့မှုတွင် အနည်း ငယ်မျှကွာခြား မှုများ ရှိခဲ့သဖြင့်  ပြန်လည်မွမ်းမံခွင့်ရခဲ့လျှင်လိုအပ်သည် များကိုထပ်မံဖြည့်စွက် လိုကြောင်း ယင်း ဗိမာန်အား ဒီဇိုင်းရေးပေးဆွဲခဲ့သည့် ဒီဇိုင်းနှင့်ဗိသုကာအဖွဲ့ခေါင်းဆောင် ဦးဆန်းဦး မှပြောကြား ခဲ့သည်။

လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား


Photo: ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012-07-10

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

လွှတ်တော်တွင်း ဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးဖို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ဖိတ်ခေါ်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုတာဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"သူရ ဦးအောင်ကိုက အဲဒီမှာ သူက အစ်မကြီးရဲ့ ပြည်ပခရီးစဉ်က အရမ်းကို အောင်မြင်ပါတယ်တဲ့။ ပြည်သူလူထုကလည်း အရမ်းကို ကြိုက်ကြပါတယ်တဲ့။ ဒါကို ဗီဒီယိုကို ကြည့်ပြီးတော့၊ အဲဒီလိုပြောတယ်ခင်ဗျ။ နောက်ပြီးတော့ လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ဘာနဲ့ ပတ်သက်လို့ ဥပဒေတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ရှိရင်လည်း ပြင်ချင်တာ၊ ဆင်ချင်တာတို့ ဥပဒေ ကိစ္စတွေ၊ ဘာတွေ ကျွန်တော်တို့ကို ပြောလို့ရပါတယ်တဲ့။ ပြောပါတဲ့။ ဥက္ကဋ္ဌက ပြန်ပြီး ဆွေးနွေးတာကတော့ ကျွန်မတို့က လူပုဂ္ဂိုလ်က အဓိက မကျပါဘူးတဲ့။ ဘယ်ပါတီ၊ ညာပါတီဆိုတာ အဓိက မကျပါဘူးတဲ့။ တိုင်းပြည်ကောင်းဖို့ ဝိုင်းလုပ်ကြဖို့ပဲ၊ မှန်တာကို မှန်တဲ့အတိုင်း၊ အကုန်လုံးက မှန်တဲ့ အပေါ်မှာ တူညီစွာ ရပ်တည်ပြီးတော့ တူတာကို တွဲပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် ဒါ အကုန်လုံး ရှေ့တိုးတက် သွားကြမှာပါတဲ့ အဲဒီလိုပြောသွားပါတယ်"

တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနဲ့ အဖွဲ့ဝင်တွေက လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

(Photo: RFA- ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က လွှတ်တော်၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။)
(Photo: RFA- ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က လွှတ်တော်၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ 

တိုင်းပြည်ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကေ

ပြာကြားလိုက်ပါတယ်။

အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ အာဏာပိုင်တွေကခွင့်မပြု


Photo: ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု
2012-07-10

အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့က မိမိတို့ တင်ပြခဲ့တာကို ဒီကနေ့ မနက်(၁၀) နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ အတူ မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေ အရာရှိတို့က NLD အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းမင်း၊ ဦးဗလ၊ ဦးမင်းသိမ်းနဲ့ မိမိ အပါအဝင် (၄) ဦးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ပဲခူး NLD လုံခြုံရေးတာဝန်ခံ ကိုအေးမင်းဦး(ခေါ်) ကိုဂျမားက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ကိုတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာတဲ့ လုပ်ဖို့အတွက် ခွင့်မပြုဘူးလို့ ကျွန်တော်တို့ကို ပြောတယ်ဗျ။ ဘာကြောင့် ခွင့်မပြုဘူးဆိုတာ ဗိုလ်ချုပ်ကြေးရုပ်ကတဲ့ အမှတ်တရ ဖြစ်တယ်တဲ့၊ လွမ်းသူ့ပန်းခွေ ချခွင့်နေရာ မဟုတ်ဘူးပေါ့နော်။ ပဲခူးမြို့မှာ အာဇာနည်နေ့အတွက် အထိမ်းအမှတ် လုပ်ထားတဲ့ ကြေးရုပ်လည်းမဟုတ်ဘူးပေါ့နော်။ မြို့လည်က ကြေးရုပ်ကို ထုထားတာပဲ ရှိတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာမဟုတ်ဘူး။ အဲဒီအတွက် သူတို့အနေနဲ့ လွမ်းသူ့ပန်းခွေ ချခွင့်မပေးနိုင်ဘူး။ အလေးပြုခွင့် မပေးနိုင်ဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ်မှာမှ ကျွန်တော်တို့က လွမ်းသူ့ပန်းခွေမချ အလေးမပြုရရင် ကျွန်တော်တို့က ဘယ်နေရာ သွားလုပ်ရမှာတုန်း။ ဒါဆိုခင်ဗျားတို့ အာဏာပိုင်က သတ်မှတ်ပေး။ ဘယ်နေရာမှာ လုပ်ပါဆို ကျွန်တော်တို့ လာလုပ်မယ်ဆိုတော့လည်း ဒါကတော့ ကိုယ့်ဘာသာ စဉ်းစားပါတဲ့”

သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ပဲခူး အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပါတီ ရုံးမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ 

အဖွဲ့ဝင်တွေက ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။

ပြည်သူ့ခေတ် ဂျာနယ် ၂ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ယုဇနဟော်တယ်မှာ ကျင်းပ